အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,838
လွန်ခဲ့သော ၈ နှစ် က · ကျိုက်လတ်

ကြက်သွန်မြိတ်ပိုးမကြခင်ဘယ်လိုကြိုသိနိုင်ပါသလဲဗျ

ပိုးမွှားရောဂါ စပါး စပါးကြက်သွန်မြိတ်ပိုး
4

ဖြေကြားချက် ၄ ခု

3,838 လွန်ခဲ့သော ၈ နှစ် က

ကျေးစုတင်ပါတယ်ခင်မျ

လွန်ခဲ့သော ၈ နှစ် က

ပိုးလောက်ကောင်များသည် ဖွံဖြိုးဆဲအပင်များအတွင်း၌ စားသောက်ခြင်းကြောင့်ပင်ပွားတွေရဲ့အောက်ခြေမှာ ရောင်ရမ်းပြီးဖုလာပါတယ်။ နောက်ပိုင်းစပါးပင်က ကြက်သွန်မြိတ်လို့ဖြစ်လာတာကိုတွေ့ရမှာပါ

3,838 လွန်ခဲ့သော ၈ နှစ် က

ဟုပ်ကဲပါခင်မျကြက်သွန်မြိတ်ကြကြချင်ကိုအပင်လက်ခနာဘယ်လိုကြိုသိနိုင်ပါသလဲခင်မျ

လွန်ခဲ့သော ၈ နှစ် က

ကျရောက်တတ်တဲ့အခြေအနေကိုဖော်ပြလိုက်ပါတယ်။ မိုးအုံ့၍တိမ်ထူထပ်သော ရာသီဥတုမျိုးတွင် ကျရောက်မှုများနိုင်ပါတယ်။ ယခင်နှစ်ကြက်သွန်မြိတ်ပိုးကျရောက်ခဲ့သော ပျိုးခင်း၊ စိုက်ခင်းများတွင် ယခုနှစ်တွင်ပြန်၍ကျရောက်နိုင်ပါတယ်။ ဒေသမျိုးအောက်အထွက်တိုးမျိုးများသည် ခံနိုင်ရည်နည်းပါးပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးပြီးသောအကွက်တွင် စပါးပြန်စိုက်ပါက အထူးဂရုစိုက်ရပါမယ်။ မိုးဦးနောက်ကျသော နှစ်များတွင် အထူးဂရုစိုက်ပါ။ ပေါင်းမြက်ထူထပ်သော နေရာများတွင် ကြက်သွန်မြိတ်ပိုးကျရောက်မှုများပါတယ်။ မိုးများရေလျှံသောနှစ်များတွင် ပိုးကျရောက်မှုမရှိသလောက်နည်းပါးသော်လည်း ပြန်လည်စိုက်ပျိုးသောအခင်းများတွင် အထူးဂရုစိုက်ရပါမယ်။ ခြောက်သွေ့သော ရာသီတွင်ကျရောက်မှုနည်းတာကိုတွေ့ရပါတယ်။ ပိုးလောက်ကောင်များက ဖွံ့ဖြိုးဆဲအပင်များအတွင်းမှာစားသောက်ဖျက်ဆီးတတ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။