အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
176
လွန်ခဲ့သော ၈ နှစ် က · ပေါင်းတည်

ပဲခူးတိုင်အနောက်ချမ်းတွေမှာလိမ္မော်ဆိုက်လို့ရလားဗျ

မြေဆီလွှာ လိမ္မော်
Post image
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

လိမ္မော်ကို အပူပိုင်းနှင့် သမပိုင်း ရာသီဥတုများရှိသော အမြင့် ၁၅၀၀ မီတာ (ပျှမ်းမျ ပင်လယ် ရေမျက်နှာပြင်အထက်) အထိရှိသည့် နေရာများ၌ စိုက်ပျိုးနိုင်ကြပါတယ်။ သို့သော် မြေဆီလွှာအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ် ရှိသော ခြောက်သွေ့သော ရာသီဥတုသည် အပင်၏ အမြစ်ကြီးထွားမှုအတွက် ကောင်းမွန်မှာပါ။ သီးနှံကြီးထွားမှု အကောင်းဆုံးဖြစ်ရန်ဆိုပါက ခြောက်သွေ့ပြီး ၇၅ စင်တီမီတာ မှ ၂၅၀ စင်တီမီတာ အတွင်းရှိသောမိုးရေချိန် နည်းပါးသည့် နွေရာသီသည် အသင့်တော်ဆုံး အခြေအနေဖြစ်ပါတယ်။ စိုစွတ်သော အခြေအနေများတွင် အလွန်ထိခိုက်လွယ်ပြီး ရောဂါပျံ့နှံ့နိုင်ပါတယ်။ လိမ္မော်စိုက်ပျိုးရေးအတွက် အခြားအခက်အခဲ တစ်ခုမှာ ပူပြင်းသောနွေရာသီတွင် လေပူကြောင့် အရွက်များနှင့် အသီးကင်းများ ကြွေကျနိုင်ပါတယ်။ သီးနှံအထွက်နှုန်း ကောင်းမွန်ရန်အတွက် သီးနှံကြီးထွားစဉ် ကာလတလျှောက်၌ ကောင်းမွန်သော အပူချိန်ကို ထိန်းသိမ်းထားရန်လိုအပ်ပါတယ်။ ပဲခူးဘက်မှာဆိုရင်အပင်ဖြစ်ထွန်းနိုင်ပေမယ့်နောက်ပိုင်းမှာပြဿာနာရှိလာနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။