အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၈ နှစ် က · ဘားအံ

တနင်းသာရီးတိုင်းမှာနေဗီယာမြစ်စိုက်ခင်းရှိရင်လမ်းညွန်ပေးကြပါခင်ဗျာ

စိုက်ပျိုး ရေ ကျွဲကော

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

နေပီယာမြက်သည် အာဖရိကဒေသတွင် မြစ်ကမ်းဘေးများနှင့် သစ်တောဘေးများတွင် သဘာဝအလျှောက်ပေါက်ရောက်လျှက် ရှိပါသည်။ ယခုအချိန်တွင် အပူပိုင်းနိုင်ငံ များတွင် ရှင်သန် ပြန့်ပွားလျှက်ရှိပါသည်။ စိုက်ပျိုးမြေ၏ ချဉ်ဖန်ဓါတ် (၄.၅-၈.၂) တွင် ဖြစ်ထွန်းနိုင်ပါသည်။ အပူချိန် ၂၅-၄၀ ဒီဂရီစင် တီဂရိတ်တွင် ပိုမိုရှင်သန်နိုင်ပြီး အပူချိန် (၁၀) ဒီဂရီစင်တီဂရိတ်၌ ရှင်သန်ရန်ခက်ခဲပါသည်။ ရေဝပ်သောမြေအမျိုး အစားထက် ကုန်းမြင့်မြေများကို ပိုမိုဖြစ်ထွန်း ပါသည်။ လွှတ်ကျောင်းစားကျက်ထက် ရိတ်သိမ်း သယ်ယူကျွေးခြင်းသည် ပိုမိုသင့်တော်ပါသည်။ နေပီယာမြက်သည် အမြစ်ဖွံ့ ဖြိုးမှု ကောင်းမွန် ခြင်းကြောင့် ခြောက်သွေ့မှုကို ခံနိုင်ပါသည်။ သို့သော် စိုထိုင်းမှုကို နှစ်သက်ခြင်းကြောင့် ခြောက်သွေ့ ရာသီတွင် တစ်လလျှင် (၂) ကြိမ်ခန့် ရေပေးခြင်းဖြင့် ထွက်နှုန်းကောင်းစေပါသည်။ အပင်မြင့်မျိုးဖြစ်ပြီး၊ အုံလိုက်ပေါက်သော နှစ်ရှည်ခံပင်ဖြစ်ပါသည်။ အပင်မြင့်၍ ကြီးထွား နှုန်းမြန်သဖြင့် ဆင်မြက်ဟုလည်းခေါ်ပါသည်။ စိုက်ခင်းတွင် (၅) နှစ်မှ (၆) နှစ်အထိ ကျွေးမွေး နိုင်သော နှစ်ရှည်ခံပင်ဖြစ်သည်။ အရွက်ကြီး၍အရွက်များခြင်း၊ နူးညံ့ခြင်း၊ အမွှေးပါးခြင်းနှင့် အရွက်မရှခြင်း စသည့် အရည်အချင်းများ ရှိပါသည်။ အပင်ရှည်၊ အပင်မြင့်မျိုးဖြစ်၍ အစာစိမ်းအဖြစ် (၃-၅) ပတ် အတွင်း ခုတ်စင်း ကျွေးမွေးနိုင်ပါသည်။ နေပီယာမြက်၌ အသားဓါတ် ပါဝင်မှုမှာ (၇.၆-၁၀) ရာခိုင်နှုန်း ပါဝင်ပါသည်။ နိုက်တြိုဂျင်ဓာတ်မြေဩဇာကို နှစ်သက်၍ တစ်နှစ်လျှင် (၇၅-၁၅၀) ကီလိုဂရမ် လိုအပ်ပါသည်။ မျိုးစေ့ထုတ်လုပ်စိုက်ပျိုးရန် ခက်ခဲခြင်း၊ ပေါက်နှုန်း နည်းခြင်း တို့ကြောင့် အဆစ်မျိုးပွား စိုက်ပျိုးခြင်းသည် အထူးကောင်းမွန်ပါသည်။ - အပင်မှမျိုးပွားခြင်း ( ကိုင်းဖြတ်စိုက်ပျိုးခြင်း ) ကို အသုံးများသည်။ နေပီယာမြက်စိုက်ပျိုးခြင်းအကြောင်းအပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/napier-grass-cultivation

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။