အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,538
လွန်ခဲ့သော ၃ နှစ် က · ညောင်ရွှေ

နေစဥ်ကုန်စျေးနှုန်းတွေက အပြင်မာ ဖစ်တဲ့စျေးနင့် အများရီး ကွာနေတယ် (ဥပမာ ဘိုစားပဲ တပိသာကို နေစဥ်စျေးနှုန်းမာက ၅၀...

နေစဥ်ကုန်စျေးနှုန်းတွေက အပြင်မာ ဖစ်တဲ့စျေးနင့် အများရီး ကွာနေတယ် (ဥပမာ ဘိုစားပဲ တပိသာကို နေစဥ်စျေးနှုန်းမာက ၅၀၀၀ထိ ဖစ်နေပေမဲ့ အပြင်မာက ၁၆၀၀လောက်ဘဲဖစ်နေတယ် )အဲတာလေး စျေးနှုန်း မှန်မှန်လေး လုပ်ပေးစေခိင်ပါတယ်

စိုက်ပျိုးစီးပွား ဘိုစားပဲ
Post image

ဖြေကြားချက် ၆ ခု

4,901 လွန်ခဲ့သော ၃ နှစ် က

ကျနော် တို့ ငှက်ပျောစိုက်တောင်သူတွေလဲ အဲလို ပဲဗျ၊‌နေ့စဉ် သီးနှံဈေးမှာ ‌ရွှေငှက်ပျော တဖီး 3500_5000ဆိုပေမယ့် လက်တွေ့မှာက 5ဖီးခိုင်တခိုင်မှ 5000ပဲရတယ်၊နေ့စဉ်ဈေးနှုန်း မမှားရင်တော့...သေချာပီ။

4,992 လွန်ခဲ့သော ၃ နှစ် က

အောင်ပန်းဈေးကွက်ဆိုရင် အပေါ်က အကန့်ခွဲတဲ့နေရာမှာ ရှမ်း ကိုရွေးပြီး ရှာကြည့်ပေးပါခင်ဗျ။

193,301 လွန်ခဲ့သော ၃ နှစ် က

ပြီးတော့ မန္တလေးဈေးကွက်မှာလည်း ဘိုစားပဲဈေးနှုန်းမတင်ထားဘူးရှင့် သီရိမင်္ဂလာဈေးပဲရှိပါတယ်။

193,301 လွန်ခဲ့သော ၃ နှစ် က

အောင်ပန်းဈေးက ၁၇၀၀ ပဲလေ အကို အကိုကြည့်နေတာ မန္တလေးဈေးကွက်ဖြစ်နေလို့ပါ ကျွန်မတို့ဆီမှာလည်း အောင်ပန်းဈေးကွက်ကို တင်ပေးထားပါတယ်ရှင့်

1,538 လွန်ခဲ့သော ၃ နှစ် က

အမတို့ဆီက မန်းတလေး စေိးနှုန်း နင့် အောင်ပန်း လက်ရှိ အဝယ်လိုက်နေတဲ့စျေးနှုန်း ပါ

193,301 လွန်ခဲ့သော ၃ နှစ် က

ဈေးနှုန်းတွေကို လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) ကပေးပို့လာတဲ့အတိုင်း ဒေသအသီးသီးမှာရှိတဲ့ ဒိုင်ဈေးနှုန်းတွေကို ဖော်ပြပေးနေတာဖြစ်ပါတယ်ရှင့် ဈေးနှုန်းက တအားကွာနေတော့လေ ကျွန်မတို့ဆီက ဘယ်ဈေးနှုန်းနဲ့ အကို့ဆီက ဘယ်ဒေသဈေးနှုန်းများလဲရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။