အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
764
လွန်ခဲ့သော ၃ နှစ် က · သာပေါင်း

စပါးအခြောက်ကြဲခြင်းအကြောင်းသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅၀ ရက်
စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

စပါးအ​ခြောက်ကြဲစနစ်ကို ​ဆောင်းပါး​တွေရှာဖတ်သင့်ပါတယ်။ ​မြေကို ထွန်​ရေးညက်​အောင် ထယ်ထိုး၊ထွန်​မွှေထားပါ။ မျိုး​စေ့ကို မျိုးလူး​ဆေးလူးပြီးစိုက်ပါ။ ၁ဧကကို စပါးမျိုး ၂တင်းကြဲပါ။ တိုက်ရိုက်အ​ခြောက်ကြဲခင်းစနစ်က ကုန်ကျစရိတ်သက်သာ​ပေမယ့်.. ​ပေါင်းမြက်​တွေက စပါးနဲ့အတူယှဥ်ထွက်လာလို့..​ပေါင်းမနိုင်ရင် အကျိုးမရှိပါဘူး။ ​ပေါင်းအုပ်​ဆေး အသုံးပြုပါ(​ပေါင်းမျိုး​စေ့ ထွက်မလာ​အောင် ​ဆေးနဲ့အုပ်ထားတာပါ) pendimethalin 33EC(ကြိုရှင်း-​ပေါင်းအုပ်​ဆေး)ကို ကြမ်းရိုက်ပြီး/ မိုးရွာပြီး(မျိုး​ညောင့်မ​ပေါက်မီ)ထွန်​ရေးပြင်​ပေါ်ဖျန်း​ပေးပါ။ ​ရွက်ချွန်း/ရွက်ပြန့် ​ပေါင်းမျိုး​စေ့​တွေကန်းပြီး၊စပါးပင်ဘဲ ၊ထွက်လာပါမယ်။ စပါး၁လသား ၊ပိုးကာကွယ်​ဆေးဖျန်းပါ။ ဒီအဆင့်ထိ​ရောက်ရင်..ကျန်တာ က၊သိပ်မခက်​တော့ပါဘူး။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အခုနွေစပါးကို ငွေတိုးရင်ဆိုတဲ့ စပါးကို ထည့် ချင်တယ် ဗျ အဆငိပြေလား သိချင်ပါတယ် အသက်က ၁၃၀လို့တော့ပြောကြပါတယ်.......

ဖြေကြားချက် 1 ခု

ဆရာတို့ခဗျ ပုံပါ​ဆေးခဲကို နှံစုပ်ပိုးကာကွယ်ဖို့ စပါးပန်းပွင့်ချိန်မှာကြိုကျဲထားလို့ရလားခဗျ။

ဖြေကြားချက် 4 ခု

ဟုတ်ကဲ့ မိုးတွင်းစပါးကို မြေခံထည့်ချင်လို့ ကျောက်မှုန့်နဲထုံး ဘယ်ဟာပိုကောင်းမလဲခဗျာ မြေခံကို ဘယ်ချိန်လောက်ထည့်...

ဖြေကြားချက် 6 ခု

စပါးပင်မှို့ကပ်ချိန်နဲ့ ဖုံးတုံးလုံးတုံးအချိန်ကရက်ပေါင်းမည်မျှကွာပါသလဲ။

ဖြေကြားချက် 2 ခု

ဆရာတို့ခဗျ မိုးစပါးတွက်ပါ မိုးစပါးမှာ အပင်တွေကသန်မာလို့ ပုလဲသိပ်ကျွေးဖို့မလိုပါဘူး။ သိချင်တာက မိုးစပါးတွက် ပု...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။