အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
15,275
လွန်ခဲ့သော ၃ နှစ် က · သံတွဲ

မြေပဲပင်ကို အပင်သက်တမ်းတစ်လျောက် ရေဘယ်လိုပေးရမလဲခင်ဗျ

စိုက်ပျိုး ဗဟုသုတ မြေပဲ မြေပဲရေလိုအပ်ချက်

ဖြေကြားချက် ၁ ခု

14,822 လွန်ခဲ့သော ၃ နှစ် က

မြေပဲအထွက်လျော့ရခြင်းမှာ အစိုဓာတ်ကြောင့် ဖြစ်ပါတယ်။ လေသီး၊ ဘောက်သီး အစေ့အဆန် မပြည့်ခြင်းမှာ အစိုဓာတ်နှင့် အဟာရကြောင့် ဖြစ်ပါတယ်။ ပန်းပွင့်ချိန် အစိုဓာတ်လျော့ပါက ၆၀% အထွက်လျော့ အတောင့်ဖြစ်ချိန် အစိုဓာတ်လျော့ပါက ၄၀% အထွက်လျော့ အဆန်တည်ချိန် အစိုဓာတ်လျော့ပါက ၂၀% အထွက်လျော့ နိူင်ပါတယ်။ သို့ဖြစ်၍ ရေပေးသွင်း၍ စိုက်ပျိုးနိူင်သော အခြေအနေရှိပါက အပင်ပေါက်ရေနှင့် စွယ်ချချိန်၊ အတောင့်အဆန်ဖွံ့ဖြိုးချိန်တို့၌ စနစ်တကျရေပေးသွင်းသင့်ပါသည်။ ပင်ထောင်မျိုးများအား ရေသွင်းစိုက်ရန်အဆင်ပြေသော်လည်း ပင်ပြန့်မျိုးများသည် ရေသွင်းပေးလျင် ပင်ပိုင်းဆိုင်ရာကြီးထွားမှုကောင်းပြီး အပင်ရောဂါကျရောက်မှုများသဖြင့် သတိပြုလုပ်ဆောင်ပါလို့ အကြံပြုအပ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။