အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၈ နှစ် က · ကလေး

ဘယ်လိုစိုက်လဲ

စိုက်ပျိုး ရေ ငရုတ်ကောင်း

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ပျိုးပင်ရယူနည်းများ နှစ်ဆစ်ကိုင်းဖြတ်မျိုးပွားနည်း မျိုးကိုင်းကို အဆစ်(၂)ဆစ်ပါအောင်ဖြတ်ယူပါ။ ဖြတ်ယူရာတွင် အရင်းပိုင်းကို အဆစ်အောက်ကပ်၍ စောင်းလျှက်ဖြတ်ပါ။ အဖြားပိုင်းကို အဆစ်အထက် လက်မဝက်ချန်၍ အတည့်ဖြတ်ပါ။ အရင်းပိုင်းကို အမြစ်ထွက်ဟော်မုန်း အရည်စိမ်၍လည်းကောင်း၊ အမြစ်ထွက်ဟော်မုန်း အမှုန်ဖြင့်တို့၍လည်းကောင်း ပြုပြင်စိုက်ပျိုးပါ။ အရင်းပိုင်း အဆစ်မှ အရွက်ကို ရွက်ညှာရင်းမှ ဖြတ်ပေးပြီး ကျန်အဆစ်မှအရွက်ကို အရွက်ကြီးမားပါက ထက်ဝက်ခန့်အရွက်ကန့်လန့်စောင်းဖြတ်ကာ ရေငွေ့ပြန်မှု သက်သာစေရန်ပြုလုပ်ပါ။ မျိုးကိုင်းကို (၄၅ ံ) ဒီဂရီစောင်း၍ တစ်ကိုင်းနှင့် တစ်ကိုင်း (၆”) ခန့်ခြားကာ အဖျားပိုင်းအဆစ်ရွက်ရင်းထိ မြေမြှုပ်ပျိုးထောင်ပါ။ အစေ့မှ ပျိုးထောင်နည်း ငရုပ်ကောင်းအသီးများ အနီရောင်ပြောင်း၍ ရင့်မှည့်ချိန်တွင် ဆွတ်ခူးပါ။ အမှည့်ညီညာစေရန် (၂၄) နာရီခန့် ဂုံနီအိတ်ဖြင့်အုပ်ပါ။ အစေ့များကိုချွေယူပြီး တစ်ရက် ရေစိမ်၍ အပေါ်ယံအခွံများကို ပွတ်ချေချွတ်ပါ။ ထို့နောက်အစေ့များကို သဲဘောင်တွင် တန်းကြား (၃”) တစ်စေ့နှင့် တစ်စေ့ လက်မဝက်ခန့်ခြား၍ချပါ။ မျိုးစေ့ချပြီးသဲ (၁/၄) လက်မဖုံးပေးပါ။ (သို့) စင်းထားသောကောက်ရိုးဖြင့်လည်း ဖုံးအုပ်နိုင်ပါသည်။ ပျိုးဘောင်ကိုရေအစိုဓါတ်မပြတ်အောင် ပြုစုပေးခြင်းဖြင့် (၂၅-၃၀) ရက်ကြာလျှင် အစေ့မှ အညှောင့်ပေါက်လာမည်။ (၄၅) ရက်တွင် အပင်ပေါက်စုံလင်မည်။ ပျိုးသက် (၂)လသားအရွယ် (၂-၃) ရွက်ထွက်ချိန်တွင်(၅-၇) လက်မအရွယ် ပလပ်စတစ်ပျိုးအိတ်သို့ ပြောင်းရွေ့ပျိုးထောင်ပြုစုပါ။ စိုက်စနစ်များ (၁) သီးသန့်စိုက်ခြင်း (တွယ်တိုင်စနစ်) (၆’ x၈’)ပေ (သို့) (၇’ x ၇’) ပေ စနစ်ဖြင့် ပန္နက်ရိုက်၍ စိုက်ကျင်းကို (၁’ x ၁’ x ၁’) ပေ စနစ်ဖြင့်တူးပါ။ ကျင်းတွင်မြေကျက်ဖုတ်ထားပြီး အသင့်စပ်ထားသော မြေသားကို (၁’) ပေ အမြင့်ထိဖို့ပါ။ ကျင်းအလယ်တွင် တွယ်တိုင်ကို မြေပေါ်အမြင့် (၈’) ပေ ထား၍စိုက်ပါ။ တစ်တိုင်လျှင် ပျိုးပင် (၁-၂) ပင် အသုံးပြုနိုင်ပါသည်။တွယ်တိုင်အဖြင့် သစ်မာတိုင်၊ ဂဝံတိုင်၊ အုတ်တိုင်၊ ကျောက်တိုင် နှင့် ဝါးခြင်းမြေပုံများကိုလည်း သုံးစွဲနိုင်သည်။ (၂) သီးညှပ်စိုက်ခြင်း (က) နှစ်ရှည်ပင်ကို တွယ်ပင်အဖြစ် အသုံးပြုခြင်း နှစ်ရှည်ပင်အခြေတွင် ပင်ခြေမှ (၂-၃)ပေခွာ၍ (၁’) အမြင့်ဘောင်ကိုကျောက် (သို့) အုတ်ဖြင့် ဝိုင်းပတ်ပြုလုပ်ပါ။ အဝိုင်းအတွင်း အသင့်စပ်ထားသော မြေကျက်မြေဖြင့်ဖြည့်ပါ။ ပျိုးပင်ကို ပင်ခြေမှ ၁ ပေ၊ ၁ပေခွဲခွာ၍ တစ်ပင်နှင့် တစ်ပင် တစ်ပေခြား၍ ဝိုင်းပတ်စိုက်ပါ။ ကော်ဖီ၊ လက်ဖက်ခင်း နှင့် အခြားနှစ်ရှည်ပင်စိုက်ခင်းများရှိ အရိပ်ရအပင်များတွင်လည်း ဤနည်းဖြင့်စိုက်နိုင်သည်။ (ခ) နှစ်ရှည်ပင်စိုက်တန်းကြား စိုက်ပျိုးခြင်း နှစ်ရှည်ပင် စိုက်ခင်းကြားမြေလွတ်နေရာများတွင်လည်း သီးသန့်စိုက်စနစ် အကွာအဝေးအတိုင်း တွယ်တိုင် နှင့် မြေပုံစိုက်စနစ်များကို ပန္နက်ရိုက်၍စိုက်နိုင်သည်။ စပ်မြေပြုလုပ်နည်း မြေသားအပေါ်ယံလွှာ (သို့) နှုန်းမြေ၊ သဲမြေ၊ နွားချေးဆွေး၊ သစ်ရွက်ဆွေးတို့ကို ဆတူကြိုတင်စပ်၍ မြေကျက်ဖုတ်အအေးခံပြီးမှ သုံးပါ။ မြေကျက်ပြုလုပ်နည်း ပေါင်းမြက်များကို ရှပ်ပေါက်၍ နေလှန်းအခြောက်ခံထားပါ။ အခြားလောင်ကျွမ်းလွယ်သော သစ်ရွက်ခြောက် စသည်တို့ကိုစုပုံကာ ယင်းအပေါ်တွင်မြေကျက်ဖုတ်မည့် စပ်မြေကိုဖြန့်တင်ပါ။ ပေါင်းမြက်ခြောက်များကို တစ်ထပ်အုပ်ပါ။ ကိုင်မြက်ခြောက် တစ်ထပ်၊ စပ်မြေတစ်ထပ်ဖြင့် (၃-၄) ထပ်စုပုံ၍ အပုံအစမှစပြီးလောင်စာအားလုံး မီးလောင်သည်အထိ မီးရှို့၍ မြေကျက်ရအောင် ပြုလုပ်နိုင်သည်။ မြေကျက်သည် ရောဂါနှင့် ပိုးမွှားများလုံးဝကင်းစင်သည်။ - ပြုစုခြင်း မြေချစိုက်ပြီး အပင်များကို ပင်ခြေမြေကျက်မြေဖု့ိခြင်း၊ အစိုဓါတ်ထိန်းပေးခြင်း၊ အလင်းနှင့် အရိပ်ပြုပြင်ပေးခြင်း၊ ခေါင်နှိမ်ခြင်း၊ နွယ်ဖြတ်ပေးခြင်း၊ ပေါင်းရှင်းပေးခြင်း၊ ပိုးမွှားရောဂါ စစ်ဆေးကာကွယ်ပေးခြင်းတို့ကို အချိန်အခါအလျောက်ပြုစုပေးရသည်။ မြေသြဇာကျွေးခြင်း သဘာဝမြေသြဇာ တစ်ပင်/တစ်အုံလျှင် ပုဇွန်ဖွဲ (သို့) လင်းနို့ချေး - ၁၅ ကျပ်သား ထုံး - ၃၀ ကျပ်သား သစ်စိမ်းမြေသြဇာ - ၆ ပိသာ ဓါတ်မြေသြဇာ တစ်ပင်/တစ်အုံလျှင် ယူရီးယား - ၅ ကျပ်သား တီစူပါ - ၂ ၁/၂ ကျပ်သား ပိုတက် - ၂ ၁/၂ ကျပ်သား ပိုးမွှား / ရောဂါ ကျိုင်းရွက်လိပ်ပိုးနှင့် အသီးစုပ်စားသော ကြမ်းပိုးများကျတတ်သည်။ - မိုးများပြီး ရေဝပ်လျှင် ပင်ခြေပုပ်ရောဂါကျ၍ စိုက်ခင်းတစ်ခင်းလုံး ပျက်စီးနိုင်သည်။ - ကြက်တောင်စည်းရောဂါသည် စိုက်ခင်း၏ (၅၀%) ကျတတ်သည်။ သီးထွက်ရရှိမည့် အပင်သက်တမ်း ငရုပ်ကောင်းပင်၏ စီးပွားဖြစ်စတင်သီးပွင့်ချိန်မှာ အပင်သက်တမ်း(၃-၅)နှစ်အတွင်းဖြစ်၍ (၁၅)နှစ်ကြာသည်အထိ အထွက်နှုန်းတိုးတက်ရရှိသည်။ အပင်သက်တမ်း (၁၀)နှစ် ကျော်လျှင် စီးပွားရေးတွက်ခြေကိုက်သည်။ အပင်သက်တမ်း နှစ် (၂၀)ကျော်ပါက သီးထွက်ကျဆင်းသည်။ ဆွတ်ခူးခြင်း ဒီဇင်ဘာလမှ မတ်လ အတွင်းအသီးများအစိမ်းရောင် မှ အနီရောင်သို့ပြောင်းခါစတွင် အသီးခြောက်အတွက် ဆွတ်ခူးသည်။ မျိုးစေ့အတွက် ဆွတ်ခူးပါက သီးခိုင်မှအသီးများ အားလုံးနီးပါး အနီရောင်ပြောင်းမှ ဆွတ်ခူးရသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။