အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
241
လွန်ခဲ့သော ၃ နှစ် က · မြင်းမူ

ခရမ်းချဉ်စတင်စိုက်ပျိုးချိန်မှစ၍ ခူးဆွတ်ရသည်အထိဘယ်လိုဆေးမျိုးတွေကိုသုံးသင့်ပါသလဲ?အကြံလေးပေးပါအုန်း

ပိုးမွှားရောဂါ ခရမ်းချဉ်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

စုပ်စားပိုးဆေများ ကို ပုံမှာန်သုံးပါ ဥပမာ အေအိုင်များ အဘာမက်တင်၊ အစီတာမီပရစ်၊ အစီဖိတ်၊ ကာတက် ဟိုက်ဒရိုကလိုရိုက် ကိုက်ဖြတ်စား ပိုးတွေ့လာပါက - ဆိုက်ပါမီသရွန် လန်ပဒါဆိုင်ဟေလိုသရင်၊ အီမာမက်တင် တို့ကို သုံးပေးနိုင်ပါတယ် မှိုဆေးကတော့ မန်ကိုဇက် နှင့် ကလိုသာလိုနေး တစ်ခုခုကို ကိုပုံမှာန်သုံးနိုင်ပါသည်၊ ရောဂါဆိုးဝါးမှု ပိုးဆိုးဝါးမှုများရှိပါက ပုံနဲ့တကွမေးလို့ရပါတယ်ခင်ဗျ ပုံမာန်သုံးရမည့်ဆေးများကို ၁ ပတ် နှင့် ၁၀ ရက်ခြား သုံးနိုင်ပါသည်။ အားဆေး အနေနဲ့ကတော့ အစောပိုင်းအဆင့် ( ၁ လသား မှ ၂ သားခန့်) တွင် အရှေ့ချိုးမြင့် ရွက်ဖျန်းများ နောက်ပိုင်းအဆက့် သီးပွင့်ဝင်ခါစတွင် (အနောက်အချိုးမြင့်များကိုသုံးနိုင်ပါသည်) မြေခံမြေဩဇာများအနေနဲ့ မြေခံတွင် အပင်မှရယူရန်ကြာသော ပိုတက် (အနီဓာတ်ဆား) နှင့် တီစူပါ (သာကူလုံးများ) ကိုပေးနိုင်ပါသည်။ အသေးစိတ်များကိုတော့ အောက်ပါ ခရမ်းချဉ်စိုက်နည်းတွင်လေ့လာနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။