အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က · ကလေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရဲ့မုန်တိုင်းအခြေအနေလေသိချင်ပါတယ်

မွေးမြူကန်ပြင်ဆင်ခြင်း

ဖြေကြားချက် ၁ ခု

193,301 လွန်ခဲ့သော ၃ နှစ် က

ကလေးဝနဲ့မင်းကင်းကြားက မုန်တိုင်း စစ်တွေကို ဖြတ်ဝင်ပြီးလို့ ကုန်းတွင်းကို ဖြတ်တဲ့အခါ ဒီဟာတွေ အပေါ်ကနေဖြတ်မှာပေါ့။ ဒါပေမဲ့ ချင်းတောင်တန်းကြီးကြောင့်မို့ သူက မုန်တိုင်းအားပျော့သွားပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းမျိုးတော့ဖြစ်သွားမယ်။ ဒါပေမဲ့ သူ့ဆီမှာက ၁၃ ရက်နေ့ မနက်အစော ကစပြီး ၁၅ ရက်နေ့ညအထိ လေပြင်းတိုက်၊ မိုးများတာတွေဖြစ်နိုင်တယ်။ ၄ လက်မ ၅ လက်မကနေ ၁၀ လက်မလောက်ထိရွာနိုင်တယ်။ လေပြင်းက ၁၄ ရက်နေ့ညမှာ တစ်နာရီကို မိုင် ၂၀၊ ၂၅ ကနေ ၆၀ ကျော်ထိ တိုက်နိုင်တယ်။ ဒီတော့ လေပြင်းမယ်၊ မိုးများမယ်။ အဲ့ဒီနေရာမှာက ချောင်းတွေ၊ မြောင်းတွေ၊ တောင်ကျ ချောင်းလေးတွေရှိတတ်တော့ ရေကြီးနိုင်တဲ့အခြေအနေကို သတိထားရပါမယ်။ (ဆရာဦးဝင်းနိုင် စာရိုက်ရန် အခက်အခဲရှိနေသဖြင့် ဖုန်းဖြင့်ဖြေကြားထားခြင်းဖြစ်သည်။)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။