အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,744
လွန်ခဲ့သော ၈ နှစ် က · မကွေး

အသားတိုးနွားမွေးဖိ့ုအဓိကပါ မကွေးတိုင်းအတွင်း...မကွေးမြို့မှာကျနော်နေပါတယ်...ဘရာမန်အထွား...အဝနွားမျိုးနဲ့...ကျ...

အသားတိုးနွားမွေးဖိ့ုအဓိကပါ မကွေးတိုင်းအတွင်း...မကွေးမြို့မှာကျနော်နေပါတယ်...ဘရာမန်အထွား...အဝနွားမျိုးနဲ့...ကျနော့်မြန်မာဒေသမျိုးနဲ့စပ်ပြီးမွေးချင်လိ့ုပါ...မျိုးချောင်းနဲ့စပ်ချင်ပါတယ်...အဲဒီမျိုးချောင်းတွေကအရည်အသွေးမှီပါသလား...စပ်လိ့ုရတယ်ဆိုရင်...မွေးမြူရေးဋ္ဌာနကိုအကူအညီတောင်းချင်ပါတယ်...ဘယ်လိုများဆက်သွယ်ရပါသလဲ...လိပ်စာ...ဖုန်းနံပါတ် လေးပေးပါခမျ

မျိုးပွားခြင်း နွား
Post image
4

ဖြေကြားချက် ၄ ခု

232 လွန်ခဲ့သော ၇ နှစ် က

စံပယ်တွေမရဘူးဆရာမ

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မျိုးချောင်းများသည် မျိုးကောင်းမျိုးသန့်များမှ ရွေးချယ်ထုတ်ယူထားတာမို့ အရည်အသွေးကောင်းမွန်ပါသည်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အသားတိုးအတွက်ထုတ်ထားတဲ့ အပြင်မှာအသုံးပြုနေတဲ့ မျိုးချောင်းတွေက အရည်အသွေးမီပါတယ်။ မန္တလေးမြို့နယ်တွင် ပြာစိမ်းနဲ့ ဘရာမန်အထီးစပ်ပြီး ရလာတဲ့ နွားလေးတွေဟာ အဖေအတိုင်း အသားထွားနှုန်းကောင်းပါတယ်။ ရွှေနီမျိုးကလည်း ပြာစိမ်းနဲ့သိပ်မကွာတာမို့ ရွှေနီနဲ့ ဘရာမန် စပ်မယ်ဆိုလည်း အဖေလိုအသားတိုးနှုန်းမျိုးရမှာပါ။ မျိုးကောင်းမျိုးသန့်ဖြစ်လာတာနဲ့အမျှ သူ့အတွက်လိုအပ်တဲ့ အာဟာရလည်းမြင့်လာမှာပါ။ မျိုးဘယ်လောက်ကောင်းတဲ့နွားဖြစ်ပါစေ သူ့ထုတ်လုပ်နိုင်မှုအရ လိုအပ်တာကိုပြည့်မီအောင်မကျွေးနိုင်ရင် အပြည့်အဝထုတ်လုပ်မှုပေးနိုင်မှာ မဟုတ်ဘူးဆိုတာတော့ သတိထားစေချင်ပါတယ်။

6,326 လွန်ခဲ့သော ၈ နှစ် က

မကွေးမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် စုံစမ်းနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

သားစပ်နွားထီးထားဖိ့ုပါ...၂နှစ်သားပြည့်ရင်သားစပ်ဖိ့ုစတင်သုံးနိုင်ပါသလား... အသက်ဘယ်နှလ...နှစ်...မှာစတင်သားစပ်...

ဖြေကြားချက် 2 ခု

မြန်မာနွားရိုးရိုးပါ(နွားမတန်းမ) အသားတိုးနွားအတွက်မွေးနေတာပါ...နို့ထုတ်ဖိ့ုအဓိကမဟုတ်ပါဘူး ကိုယ်ဝန်ဆောင်ပါ......

ဖြေကြားချက် 24 ခု

နွားမပေါက်ကာစလေးကိုဘယ်နှရက်သားထိနို့တိုက်ရျ် ...ဘယ်နှရက်သားတွင်နို့ဖြတ်သင့်ပါသလဲ နို့စိ့ုနေစဉ်ရက်ပိုင်းတွေအ...

ဖြေကြားချက် 5 ခု

ဒီနွားမဆိုလျှင်...ကီလိုဂရမ်နဲ့ဘယ်လောက်ရှိနိုင်မလဲ

ဖြေကြားချက် 2 ခု

နွားမွေးမြုူရေး နဲ့ပတ်သက်တဲ့ပြည့်စုံခတ်မှီတဲ့စာအုပ်တွေဖတ်ချင်ပါတယ်...လမ်းညွှန်ပေးပါ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။