စိုက်ပျိုးသီးနှံများ နှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု ကိုဇေ့ အမေ ဆေးခန်းပြရင်းနဲ့ဆေးရုံမှာတစ်နေ့တစ်နေ့လူနာ...
စိုက်ပျိုးသီးနှံများ နှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု ကိုဇေ့ အမေ ဆေးခန်းပြရင်းနဲ့ဆေးရုံမှာတစ်နေ့တစ်နေ့လူနာတွေများတာကိုတွေ့ရတယ်။ရင်သားကင်ဆာ၊အသည်း၊ကျောက်ကပ်၊ဆီးချို၊သွေးချို စတဲ့ရောဂါအစုံအလင်နဲ့ပေါ့။ငှက်ပျောသီး၊ခရမ်းချဉ်သီး၊လိမ္မော်သီး အရောင်အဆင်းလှပစွာနဲ့ မှည့်ဝင်းစေဖို့ ဆာလဖာဓာတုပစ္စည်းထည့်သွင်းခြင်းတို့ ၊ဖော်မလင် ထည့်သုံးထားလို့ ကြာကြာစား မိနေရင် အသည်းကင်ဆာ၊ အသည်းကြွပ်ဆတ်နာ၊ အာရုံကြောပြဿနာများဖြစ်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။ အဲ့လိုကျွန်တော်တို့စားနေတဲ့ အစားအစာတွေ ဘေးအန္တရာယ် ကင်းရှင်းမှုမရှိလို့အခုလိုတွေဖြစ်နေကြရတာ။ဒါဆိုကျွန်တော်တို့ ဘယ်လို ဖြေရှင်းကြမလဲ။ ကျွန်တော်က စိုက်ပျိုးရေးသမားဆိုတော့ စိုက်ပျိုးရေးဘက်က အမြင်နဲ့ပဲသုံးသပ်ပါတယ်။ စိုက်ပျိုးနေတဲ့သီးနှံတွေမှာ Organic ဆေးတွေသုံးမယ်၊ သီးနှံတွေမခူးဆွတ်ခင် ဓာတ်ကြွင်းအာနိသင်မကျန်အောင်ဂရုပြုရမယ်၊GAP/ Organicနည်းတွေနဲ့စိုက်ပျိုးကြမယ်၊ဓာတုပိုးသတ်ဆေးအစား တမာပိုးသတ်ဆေးသုံးမယ်၊ပိုးမွှားဒဏ်ခံနိုင်တဲ့မျိုးတွေ အသုံးပြု ကြမယ် စသဖြင့်...။ ဒီလိုရေးတော့ တောင်သူတွေဘက်ကလဲပြောစရာရှိလာရောဗျ။"ပွဲစား၊၀ယ်သူဘက်က သီးနှံအမြင်ပိုင်းလှမှ "စသဖြင့်ပေါ့။[တစ်ချို့တောင်သူတွေဆိုစားဖို့နဲ့ရောင်းဖို့တောင်ခွဲစိုက်ကြပါတယ်။ ] အခုစားနေကြတဲ့အသီး၊အရွက်၊မုန့်မျိုးစုံရောပေါ့ စတာတွေ မှာ အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုမရှိဘူးဆိုတာလဲသိပါတယ်သိရက်နဲ့လဲစားနေကြရတယ်။ GAPအသိအမှတ်ပြုစိုက်ခင်းတွေ၊Organic Farmတွေများများပေါ်ပေါက်လာရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။လက်ရှိမြန်မာနိုင်ငံမှာ သီးနှံ(၅၆)မျိုးGAPအသိအမှတ်ပြုလက်မှတ်ရထားပြီးပါပြီ။စျေး၀ယ်စင်တာတွေမှာ GAP၊Organic သီးနှံ တွေကိုပဲရောင်းကြပါတယ်။ကျွန်တော်တို့တောင်သူတွေသာ ဒီလိုGAP၊Organic စိုက်နည်းစနစ်၊အသိအမှတ်ပြုလက်မှတ်တွေ ရထားပါက စျေးကွက်သေချာပြီး ၀င်ငွေလဲတိုးစေမှာဖြစ်ပါတယ်ဗျ။ "အိမ်နောက်ဖေး စျေးဆိုင်တည်" ဆိုသလိုပဲ ကိုယ့်အိမ် မြေကွက်လပ်လေးတွေမှာလည်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတွေဖန်တီးလို့ရပါတယ်။ဆေးအနေနဲ့ကလည်း ထွေထွေထူးထူး သုံးစရာမလိုပဲ စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် သဘာ၀အားဆေး၊ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲလို့ရတဲ့အတွက် အဆင်ပြေစေမှာပါ။ #ကိုဇေ_တောင်သူဦးကြီး #တောင်သူဦးကြီး_taungthuoogyi