MDEP and Daw Khaing Thida Aung ဒီမေးမြန်းချက်လေးတွေကိုအသေးစိတ်ဖြေကြားပေးပါခင်ဗျား...လိုအပ်တာများကိုလည်းထောက်ပြ...
MDEP and Daw Khaing Thida Aung ဒီမေးမြန်းချက်လေးတွေကိုအသေးစိတ်ဖြေကြားပေးပါခင်ဗျား...လိုအပ်တာများကိုလည်းထောက်ပြလမ်းညွှန်ပေးပါခင်ဗျား...
MDEP and Daw Khaing Thida Aung ဒီမေးမြန်းချက်လေးတွေကိုအသေးစိတ်ဖြေကြားပေးပါခင်ဗျား...လိုအပ်တာများကိုလည်းထောက်ပြလမ်းညွှန်ပေးပါခင်ဗျား...
စိတ်ဝင်စားမှုရှိတဲ့အတွက် ကျေးဇူးပါ။ မြန်မာ-နယူးဇီလန် ကောင်းမွန်သောနို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MDEP)ရဲ့ fb page ကို စိတ်ဝင်စားရင် လေ့လာနိုင်ပါတယ်။
အဓိကက နွားတွေရဲ့ကြီးထွားမှု အသက်အရွယ်အရ လိုအပ်တဲ့အာဟာရပြည့်မီအောင်ကျွေးရမယ်။ တစ်လတစ်ခါလောက်ပုံမှန် အလေးချိန်တိုင်းပြီး အသားတိုးနှုန်းကိုမှတ်သားမယ်။ တကောင်ချင်းစီးအတွက် မှတ်တမ်းထားရှိရမယ်။ အခုကတည်းက မှတ်တမ်းထားခြင်း စလုပ်ခြင်းဖြင့် ရေရှည်မှာ ကောင်းစွာစီမံနိုင်မှာဖြစ်ပါတယ်။
တခြားသောစားကျက်ပင်များလည်းစိုက်နိုင်ပါတယ်။
အာဟာရတန်ဖိုးနည်းတဲ့ ကောက်ရိုး, ပြောင်းရိုးခြောက် တို့ကိုမကျွေးပါနဲ့။ ဒေသနဲ့ကိုက်ညီပြီး အာဟာရတန်ဖိုးပြည့်မီတဲ့ အစာစိမ်းရအောင်စိုက်ပြီး ကျွေးဖို့လိုပါတယ်။ မြေရှိပြီး စိုက်ပျိုးရေး ဘေးထွက်အဖြစ် အများဆုံး ပြောင်းရတယ်ပြောတယ်။ နှံစားပြောင်းလား ဖူးပြောင်းလား။ ဘာဖြစ်ဖြစ်ပါ စိုက်တဲ့ပြောင်းကို နွားစာအတွက်ဘဲ ရည်ရွယ်ပြီး သီးသန့်စိုက်နိုင်ရင်ပိုကောင်းပါတယ်။ ပြောင်းကို မြေသြဇာကောင်းကောင်းပေးနိုင်ပြီး အပင်ရဲ့အာဟာရတန်ဖိုးမြင့်ချိန်ဖြစ်တဲ့ အဖူးမဖူးသေးခင်, အနှံမထွက်ခင် ရိတ်ပြီးကျွေးရပါမယ်။
သဘာဝအရကို နွားထီးတွေက နွားမတွေထက်ကြီးထွားနှုန်းပိုပါတယ်။ အသားတိုးနှုန်းကောင်းတဲ့ နွားအထီးလေးတွေကို အသားတိုးအဖြစ်မွေးသလို အသားတိုးနှုန်းကောင်းတဲ့ နွားမလေးတွေကိုလည်း မျိုးဖောက်ဖို့မွေးထားသင့်ပါတယ်။ မြန်မာနွားတွေကမှတ်တမ်းအားနည်းလို့ အပြောနဲ့ မျက်မြင်နဲ့ပဲဝယ်ရတယ်ဆိုပေမယ့် တတ်နိုင်သလောက်သေချာရွေးဝယ်မယ်။ အခု အသားတိုးနွားကို တစိုက်မတ်မတ်စလုပ်နေတယ်ဆိုတော့ ကိုယ့်ဆီရောက်လာချိန်ကစပြီး စနစ်တကျလုပ်သွားလို့ရပါတယ်။ အပြင်ကစဝယ်ချိန်မှာ အထီလေးနဲ့အမလေး တဝက် တဝက်နှုန်းဝယ်မယ်။ ဥပမာ ၅ကောင် ၅ကောင်စီပေါ့။ လိုအပ်တဲ့အာဟာရပြည့်မီအောင် အရည်အသွေးကောင်းတဲ့အစာကျွေးမယ်။ နွားကလေးတွေကို ပုံမှန် အလေးချိန်တိုင်းတာမယ်။ တနေ့ကို သတ်မှတ်နှုန်းနဲ့တိုးနေသလား။ ဘယ်လောက်တိုးနေသလဲ။ ပုံမှန်တိုင်းတာပြီး မှတ်တမ်းထားတဲ့အတွက် ၁၀ ကောင်ထဲက ဘယ်နွားမျိုး ဘယ်နွားထီး ဘယ်နွားမကတော့ ဘယ်ကောင်ထက်ပိုတိုးတယ်ဆိုတာသိလာမယ်။ နွားမလေးတွေမှာလည်း ပိုထွားလွယ်တဲ့ကောင်တွေကိုရွေးချယ်ပြီး ခြံမှာမျိုးဖေါက်နွားမအနေနဲ့ထားမယ်။ ကျန်နွားမတွေကိုရောင်းချင်ရင် မျိုးနွားမအနေနဲ့မှရောင်းပြီး ဈေးပိုရစေမယ့် မျိုးနွားမဈေးကွက်မျိုးဖန်တီးရမယ်။ ရွေးချယ်ထားတဲ့မျိုးဖောက်နွားမတွေကို ဘရာမန်, အင်တိုဘရာဇီး တို့လို အထွားမျိုး မျိုးချောင်းတွေနဲ့စပ်ပြီးမျိုးမြှင့်မယ်။ ပေါက်လာတဲ့နွားထီးလေးတွေက ကောင်းလာမယ်။ နွားမပေါက်လာလည်း အစောကပြောသလို စီမံမယ်။ ကိုယ့်ခြံမှာစပြီး မှတ်တမ်းမှတ်သားခြင်းဖြင့် မျိုးကောင်းတွေရွေးချယ်လာနိုင်မှာပါ။
မြန်မာဒေသနွားများ၏ ပထမသားစပ်ချိန်သည် အအေးပိုင်းဒေသနွားမျိုးများထက် အနည်းငယ်နောက်ကျနိုင်ပါသည်။ မြန်မာဒေသနွားမျိုး(ပြာစိမ်း) သည် စနစ်တကျကျွေးမွေးပါက နွားဖွံ့ထွားမှုကောင်းပြီး နွားကလေးအတွက်လုံလောက်သောနို့ထုတ်လုပ်နိုင်သည့်နွားမျိုးဖြစ်ပါသည်။ ထို့အတူ ရွှေနီကြီးသည်လည်း ဖွံထွားမှုကောင်းသောနွားမျိုးဖြစ်ပါသည်။ ပြာစိမ်း၊ ရွှေနီ၊ ရွှေနီကြီး နွားမျိုးများသည် မြန်မာတောင်သူများ နှစ်ခြိုက်မွေးမြူ ကြသည့်နွားမျိုးကောင်းများဖြစ်ကြပါသည်။ (နွားတစ်ကောင်၏ဖွံထွားမှုသည် နွားမျိုးအပြင် ကျွေးသည့်အစာအာဟာရအပေါ်တွင်လည်းအထူးတည်မှီသည်ကိုသတိချပ်ရပါမည်) ပထမသားစပ်အရွယ်နောက်ကျနိုသ်သော်လည်း မြန်မာဒေသနွားများသည် ဂရုတစိုက်မွေးပါက တစ်နှစ်တစ်သားကျနိုင်သည့်နွားမျိုးများဖြစ်ပါသည်။(သားခြားကာလသည် နိုင်ငံခြားနွားမျိုးများနှင့်မခြားနားပါ) ကောက်ရိုး၊ ပြောင်းရိုးခြောက်များသည် အာဟာရဓာတ်လွန်စွာနည်းပါးပြီး အစာခြေရန်ခက်ခဲသောကြောင့် နွားစာအဖြစ်မကျွေးသင့်သောအစာများဖြစ်သည်။(ထိုအစာများကျွေးလျှင် ကြီးထွားနှုန်း၊နို့ထုတ်လုပ်မှုနည်းမည်။ သားအောင်နှုန်းနည်းမည်၊ သားခြားကာလရှည်မည်) ထို့အတူ အခြား ကောက်ပဲသီးနှံအပင်အကြွင်းအကျန်များသည်လည်း ရင့်ရော်ပြီးလုံလောက်သောအာဟာရဓာတ်ကိုမပေးစွမ်းနိုင်ပါ။ ဈေးသက်သာပြီး အာဟာရဓာတ်ပြည့်ဝသည့် အစာများကို စိုက်ပျိုးကျွေးမွေးနိုင်ခြင်းသည် နွားများထုတ်လုပ်မှုကောင်းပြီး မွေးမြူသူအတွက်အကျိုးများမည်ဖြစ်ပါသည်။ နေပီယာ၊ မွန်ဘားဆားကဲ့သို့ နှစ်ရှည်ခံမြက်ခင်းများစိုက်ပျိုးကျွေးမွေးခြင်း၊ အသားဓာတ်ပြည့်ဝသည့် ဘောစကိုင်း၊ ဒက်စ်မန်းသပ်ကဲ့သို့နှစ်ရှည်ခံပဲမျိုးနွယ်ပင်များစိုက်ပျိုးကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှုကောင်းအောင်မွေးမြူနိုင်ပါသည်။ ထို့အတူ ရာသီစိုက်နွားစာပင်ဖြစ်သော နှံစားပြောင်းအား ရက် ၇၀-၈၀ တွင်ရိတ်ကျွေးပြီး ပိုလျှံသည်များကိုချဉ်ဖတ်သိပ်၍ ခြောက်သွေ့ရာသီများတွင်ကျွေးမွေးခြင်းသည်လည်း လက်တွေ့အကျိုးရှိသည့် အစာကျွေးနည်းစနစ်ဖြစ်ပါသည်။ ပဲဖတ်၊ နှမ်းဖတ်တို့သည် အာဟာရတန်ဖိုးမြင့်သော်လည်း ဈေးကြီးသည့်အစာများဖြစ်ပါသည်။ (အသားတိုးမျိုးရည်ခဲချောင်းဖြင့်သားစပ်လိုပါက သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်စုံစမ်းနိုင်ပါသည်။ ထို့အတူ မျိုးကောင်းမျိုးသန့်မြန်မာ့ဒေသနွားမျိုး မျိုးရည်ခဲချောင်းများနှင့်လည်း မေထုံမဲ့သားစပ်နိုင်ပါသည်)
ဟုတ်ကဲ့ပါအစ်မ...အစ်မအနားယူလိ့ုသက်တောင့်သက်သာဖြစ်တဲ့အချိန်ဆွေးနွေးမေးမြန်းပါမယ်အစ်မ...အလုပ်မှာပင်ပန်းနိုင်တာမိ့ုကိုယ်ချင်းစာပါတယ်...ကျေးဇူးပါခမျ
0943141401
အခြားသူတွေလည်းဖတ်လို့ရအောင် စာနဲ့လည်းဖြေပေးထားမှာပါ။
ဟုတ်ကဲ့ပါ...အစ်မမခိုင်သီတာအောင်...အနားယူပါအုံးအစ်မ...အရမ်းပင်ပန်းနေမယ်ထင်တယ်...အေးဆေးကျမှဖြေလည်းရပါတယ်ခမျ...ကျေးဇူးပါ
မေးထားတာတွေကို သေချာဖြေပေးပါမယ်။ စာနဲ့ရေးဖြေရမှာမို့ အချိန်ယူရပြီးကြာပါလိမ့်။ ဒါကြောင့် ဖုန်းနံပါတ် ပေးချင်ပါတယ်။ အဆင်ပြေမယ်ဆို ဖုန်းနဲ့ရှင်းပြချင်ပါတယ်။ မေးထားတဲ့မေးခွန်းက ဆွေးနွေးစရာတွေ သေချာသိစရာတွေရှိတာမို့ ဖုန်းနဲ့ဆို အပြန်အလှန်ချက်ချင်းဆွေးနွေးနိုင်ပြီးအဆင်ပြေမှာပါ။
ဟုတ်ကဲ့ ဒီနေ့ ဟောပြောပွဲနဲ့ အလုပ်နည်းနည်းရှိနေလို့ ညကျအချိန်ပေးဖြေကြားပေးပါမယ်
ဆက်စပ်မေးခွန်းများ
နွားများရဲ့စာမြုံပြန်ချိန်အကြောင်းကိုအသေးစိတ်ပြောပြပေးပါခမျ
ဖြေကြားချက် 8 ခု
အခုဒီ...9လသားမြန်မာရိုးရိုးနွားဟာ...ကြီးထွားမှုအမြင့်ကြီးမဟုတ်တောင်...အလယ်အလတ်ထဲမှာပါဝင်ပါသလား..သိ့ု...ကြီး...
ဖြေကြားချက် 1 ခု
ကျွန်တော်နွားတွေကိုမနက်၆နာရီကနေ...၈နာရီခွဲထိတစ်ကြိမ်မြက်စဉ်းကျွေးပါတယ်...နေ့လည်၃နာရီကနေ...၆နာရီထိကျွေးပါတယ်......
ဖြေကြားချက် 4 ခု
To MDEP AND GREEN WAY နွားမတန်းမ...ကိုယ်အလေးချိန်280ခန့်ပါ...အခုပထမဆုံးကိုယ်ဝန်က...မွေးရန်12ပတ်လိုပါသေးတယ်......
ဖြေကြားချက် 16 ခု
ပုံပါအတိုင်း...ဒီနွားရဲ့...အလေးချိန်ကို...တိုင်းတာချိန်တွယ်မည်ဆိုလျှင်...အလေးချိန်=အလျား(ပုခုံးစွန်းလက်ပြင်...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။