ဖြေကြားချက် ၁ ခု
မျိုးစေ့ဝယ်ပြီး ပျိုးဗန်းလေးနဲ့ ပျိုးထောင်ကြည့်ပါလားရှင့် သိပ်မခက်ပါဘူး စမ်းကြည့်ပါနော် ဒီနည်းလေးအတိုင်းပါ (စနစ်တကျ ပြုပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့် တစ်တန်း ၂ လက်မခြား စိုက်တန်းများဖြောင့်တန်းစွာ ဆွဲ၍ တစ်စေ့နှင့် တစ်စေ့ လက်မဝက်ခြားစီ မျိုးစေ့ တန်းချကာ မြေဆွေးမှုန့်ဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးရန် လိုအပ်သည်။ ပြီးလျှင် ရေဝအောင်လောင်းပေး၍ ကောက်ရိုး၊ မြက်ခြောက်၊ သက်ကယ်(သို့) စပါးခွံဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးထားရန် လိုအပ်သည်။ ခရမ်းချဉ် ပျိုးဘောင် တွင်ရောစပ်ရမည့်မြေ အချိုးနှုန်းမှာ လယ်မြေ နှစ်ဆ၊ မြေဆွေး တစ်ဆနှုန်း ဖြစ်ပါသည်။ ရေလောင်းခြင်းကို နံနက်ပိုင်းတွင် သာဆောင်ရွက်၍ ပိုးမွှားရောဂါ အခြေအနေကို စဉ်ဆက် မပြတ် ကြည့်ရှု စစ်ဆေးပေးရန် လိုသည်။ ရာသီလွန် အခါမဲ့ စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ် မျိုးစေ့များကို (၂.၅ ပေ _ ၁ ပေ _ ၅ လက္မ)အရွယ် ပျိုးသေတ္တာများတွင် အသင့်ရောစပ်ပြီးမြေဆွေးများ ထည့်၍ အထက်ဖော်ပြပါ အကွာအဝေး အတိုင်း အတန်းလိုက် တစ်စေ့ခြင်းစီ ချကာ ပျိုးထောင်ရန် လိုအပ်ပါသည်။ အပင်ပေါက်ပြီး (၁၀-၁၅) ရက်သား ရွက်မှန်(၂) ရွက်ထွက်ချိန်တွင် ၄လက်မ ထိပ်ဝ အချင်းရှိသော ပလတ်စတစ်အိတ်(သို့)ပျိုးခွက်များတွင်ရွှေ့ပြောင်း စိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်း (၂၀-၂၅) ရက် ထားရှိကာ ထာဝရ စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါက ပျိုးဘောင်ပေါ်တွင် ၄_၂ လက်မ အကွာထား၍ ပျိုးထောင်ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင်အစိုဓါတ် လုံလောက်သော စိုက်ခင်း အတွင်းသို့ မွန်းလွဲပိုင်း ညနေခင်းများတွင်ရွှေ့ပြောင်း စိုက်ပျိုးနိုင် ပါသည်။) ခရမ်းချဉ် စိုက်ပျိုးနည်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းချဥ် ပျိုးမြေထည့်ထားတဲ့အိပ်တွေကို ထရိုင်ကိုဒါးမား ဖျန်းပြီး အပင်ငယ်ခါးရီရောဂါကာကွယ်နိင်လားဗျ
ဖြေကြားချက် 2 ခု
ကျွန်တော့်ခြံထဲကမြေက အရမ်းညံ့နေလို့ ဘယ်လိုပြင်ရမလဲ pH 4.6လောက်ပဲရှိမယ် ကူညီပါအုံးဆရာတို့ရေ
ဖြေကြားချက် 4 ခု
ဆားရှိတဲ့မြေ ကိုခရမ်းချဥ်စိုက် လို့ရပါသလား ဆရာတို့ ဘယ်လိုစိုက်ရင်ရနိုင်ပါသလဲခင်မျ
ဖြေကြားချက် 1 ခု
အင်းဆက်ပိုးမွှားလေးတွေရဲ့ ပြည့်စုံသောဘဝစက်ဝန်းနဲ့ မပြည့်စုံသောဘဝစက်ဝန်း အကြောင်းလေးကိုနာလည်အောင်ရှင်းပြပေးပါဆ...
ဖြေကြားချက် 1 ခု
Trichoderma ပြုလုပ်နည်းကို သိချင်ပါတယ်
ဖြေကြားချက် 1 ခု