အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
11,747
လွန်ခဲ့သော ၃ နှစ် က · ပွင့်ဖြူ

သန်ဘက်ခါနှမ်းခင်း ရိတ်သိမ်းပါတော့မယ်။လိုအပ်သောအကြံဥာဏ်ပေးခဲ့ပါသော Greenway မှ ဒို့ဦးလေးအားကျေးဇူးအထူးတင်ပါတယ်...

သန်ဘက်ခါနှမ်းခင်း ရိတ်သိမ်းပါတော့မယ်။လိုအပ်သောအကြံဥာဏ်ပေးခဲ့ပါသော Greenway မှ ဒို့ဦးလေးအားကျေးဇူးအထူးတင်ပါတယ်ခင်မျာ။အကြံဥာဏ်ပေးခဲ့ကြပါသော အသိပညာရှင် ညီကိုမောင်နှမများကိုလည်းကျေးဇူးတင်ပါတယ်ခင်မျာ။ဒို့ဦးလေးရေ မိုးစပါးမှာလည်း ထပ်ပြီးကူညီပေးပါအုံးခင်မျာ။

စိုက်ပျိုး ဗဟုသုတ နှမ်း

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က

ဒီနှစ် နှမ်း​တွေ လှကြတယ်လို့ သတင်းပါတယ်။၁၀တင်းနုန်း ဆိုတာ..မြန်မာ့မိုးနှမ်းစိုက်ဧကအထွက်နုန်း​တွေရဲ့ အမြင့်ဆုံးထဲပါပါတယ်။ တကယ်ဝမ်းသာပါတယ်ဗျာ...

11,747 လွန်ခဲ့သော ၃ နှစ် က

၁၀တင်းဆိုသည်မှာ အရင်ကွက်ရိတ်ပြီးနှမ်းခါထားတာနဲ့ နောက်ရိတ်မည့်ဟာနဲ့ ခန့်မှန်းထားခြင်းဖြစ်ပါသည်။

11,747 လွန်ခဲ့သော ၃ နှစ် က

စိုက်ပျိုးရေးကို ဇောက်ချလုပ်ကိုင်နေတဲ့သူမဟုတ်ပါဘူး ဒို့ဦးလေးရေ။ဒါပေမဲ့ ကိုယ်တာဝန်ယူရပြီဟေ့ဆိုရင်တော့ အထိုက်လျောက်တော့အဆင်ပြေချင်တယ်ဗျာ။အားကိုးစရာက ရွာကလူတွေကလည်း ပုလဲလောက်ပဲသိနေတော့ အားကိုးမရဘူး။အဲတာကြောင့် Greenway Platform လို ထွက်တိုးPlatformလိုဟာမျိုးတွေကို အားကိုးနေရတာ။ထွက်တိုးကတော့ ပညာရှင်တွေတော့ရှိပါရဲ့ active မဖြစ်တာလား onlineပေါ်မရှိတာလားတော့မသိဘူး Respond ကအရမ်းကြာလွန်းတယ်။အလုပ်မဖြစ်ဘူး။ Greenway က ဒို့ဦးလေးတျု့ကတော့ အချိန်နဲ့တပြေးညီ Respondလုပ်ပေးပြီး စိတ်ရှည်ရှည်ပြောပြပေးတော့ ကျုပ်တို့လို ယောက္ခမအိမ်လိုက်နေရတဲ့လူတွေကအဆင်ပြေတာပေါ့ဗျာ။ယောက္ခမတွေက ဒီနှစ်နှမ်းခင်းကလည်းရေနှစ် ကျွန်တော့်ကိုလည်းသိပ်မယုံကြည်။တစ်ဧက နှမ်း၅တင်းရရင်ပဲတော်ပါပြီတဲ့။အခုတစ်ဧက ၁၀တင်းထွက်အောင် ဒို့ဦးလေးဆီက အကြံဥာဏ်တောင်း အကူညီယူလုပ်လိုက်တာ သာသာယာယာဖြစ်နေပြီ ဒို့ဦးလေးရေ😁😁

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က

အတိုင်းမသိ,ပီတိဖြစ်ရပါတယ်ဗျာ၊ အခက်အခဲဖြစ်​နေတဲ့သူကိူ၊ကူညီရတာ ဆာ​လောင်သူကို၊အစာ​ကျွေးရသလိုပါဘဲ။ ဒို့ဦး​လေး လည်း၊​တောင်သူဘဝထဲက၊​တောသား နည်းပညာဝန်ထမ်းတ​ယောက်မို့၊ သီးသန့်အချိန​်ပေးပြီး ကူညီ​နေတာဖြစ်ပါတယ်ခင်ဗျာ။ ယ​နေ့အချိန်အထိ ​တောင်သူ​ကျွေးတဲ့ထမင်းစား​နေရဆဲပါ။ ​ကျေးဇူးဆပ်​နေတယ်လို့သ​ဘောထားပါတယ်။

You

ဆက်စပ်မေးခွန်းများ

စမုံနှမ်းနက် ရက်၉၀ရှိပါပြီ။အပေါ်ဆုံး အသီး၅လုံးလောက်ကအစေ့တွေက ဖြူနေသေးတယ်ဗျ။ဘယ်ရက်လောက်သိမ်းရင် ရမလဲဗျ။

ဖြေကြားချက် 2 ခု

Lamba cyhalothrin 2.5%EC ဆေးအဆိပ်ပါဝင်မူက ပန်းပွင့်ချိန်မာ အသုံးပြုလို့ရလားဗျ ဘယ်လောက်နှုန်းထားတွေထည့်ရမလဲဆရာ...

ဖြေကြားချက် 2 ခု

နှမ်းခင်းထဲမှာ အဲ့လိုပေါင်းပင်တွေ အရမ်းပေါက်နေလို့ ဖော်ကျွန်းဖျန်းရင် သေနိုင်လားဗျ .. ဘယ်လိုဆေးကို ဖျန်းသင့်သ...

ဖြေကြားချက် 8 ခု

မိတ်ဆွေပိုးများကိုပုံးနဲ့တကွဘယ်လိုအကျိုးပြုတယ်ဆိုတာပါပြောပြပေးကြပါ

ဖြေကြားချက် 1 ခု

စမုံနက်နှင့်ဆင်းရတနာ ၃ ကွာခြားချက်သိချင်ပါတယ် အဓိက သက်တမ်း ၊ ထွက်နှုန်း ၊ ​စျေးနှုန်း

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။