အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
755
လွန်ခဲ့သော ၈ နှစ် က · သုံးခွ

နိုစားနွားအစားနုကြွေနည်လေရှင်ပြပေးပါကြွေနည်လေသိချင်လို့ပါ

အာဟာရဗေဒ နွား
7

ဖြေကြားချက် ၇ ခု

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

မြန်မာနိုင်ငံက ဒေသအတော်များက အပူပိုင်းဒေသတွေဖြစ်တာမို့ရယ် သင့်လျော်တဲ့မြေအမျိုးစားရွေးချယ်မှုတွေကြောင့် အာဟာရမြင့်မျိုးတွေ ရွေးချယ်ခွင့်နည်းတာလည်းပါလို့ပါ။ မွန်းဘားဆားထက်မြင့်တဲ့ မိုလတိုမြက်နှင့် အခြားမြက်မျိုးတွေ ပဲမျိုးနွယ်တွေရှိပါသေးတယ်။ တချို့နေရာတွေမှာ ဖြစ်ထွန်းနေပါတယ်။ နယူးဇီလန်က အအေးပိုင်းဖြစ်တော့ အအေးပိုင်းစိုက် rye grass ဆိုရှိပါတယ်။ အသားဓာတ်အရမ်းမြင့်ပါတယ် ၂၀ - ၂၅% လောက်ပါပါတယ်

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

mombasa ထက်ပိုကောင်းတဲ့မြက်မျိုးတွေပါ။ နို့စားနွားနဲ့ အစာစိမ်း စားကျက်စိုက်ပျိုးမှုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ မွန်ဘာဆားနဲ့နေဗီယာမြက်ဆိုတာ အာဟာရတန်ဖိုးတွေနဲ့ အဆင့်သတ်မှတ်ရင် ၁ ၂ ၃ ခွဲရင် အနိမ့်အဆင့် ၃ ထဲပါတာပါ

755 လွန်ခဲ့သော ၈ နှစ် က

ကျေဇူပါ

5,744 လွန်ခဲ့သော ၈ နှစ် က

New Zealandနိုင်ငံကmombasaမြက်နဲ့အဟာရတူတဲ့မြက်ကိုကျွေးတာလား...mombasaထက်ပိုတဲ့မြက်ကိုကျွေးတာလားခမျ

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အစာနုကိုမှီခိုနေရလျှင် အကျိုးအမြတ်နည်းမှာပါ။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ မွေးမြူသူတွေဟာ နွားစာသီးသန့် စားကျက်ပင်များ/ အခင်းများစိုက်ဖို့အရေး ကြိုးပမ်းစေချင်ပြီး အစာစိမ်းကိုသာ အားထားစေချင်တာပါ။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

60% နဲ့ 40% ဆိုတာ လက်ရှိမြန်မာနိုင်ငံမှာ ကျွေးနေတဲ့ပုံစံအစနစ်အရပါ။ နွားစာမှာ အစာနုဘယ်လောက်ပမာဏကျွေးရမယ်ဆိုတာ အစာကြမ်းရဲ့အရည်အသွေးပေါ်မူတည်ပါတယ်။ အစာကြမ်းဟာ အရည်အသွေးကောင်းတဲ့ မြက်, နွားစာပြောင်း, နွားစာပြောင်း+ပဲမျိုးနွယ် ရောစိုက်ကျွေးရင် အာဟာရပြည့်မီမှာပါ။ လိုအပ်သည့်ပမာဏကို အစာကြမ်းဘက်ကသာအဓိကဖြည့်နိုင်လျှင် အစာနုက လိုအပ်သလောက်လေး အနည်းငယ်ဖြည့်စွက်ကျွေးရုံပါ။ နယူးဇီလန်နိုင်ငံမှာဆိုရင် အရည်သွေးပြည့်မီတဲ့ အစာကြမ်း/အစာစိမ်းကိုသာအဓိကထားကျွေးပါတယ်။ ရာသီဥတုအရ အစာကြမ်းဘက်က လျော့နည်းပြီး အပြည့်မဖြည့်နိုင်တဲ့ပမာဏအနည်းငယ်လောက်ကိုသာ အစာနုကိုဖြည့်ပါသည်။ ၂ - ၃% လောက်သာဖြည့်ပါသည်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

နွားစားတွင် - အစာကြမ်း( မြက်, ပြောင်း စသည်)60% , အစာနု( ပဲဖတ်, နှမ်းဖတ်, ဖွဲနု စသည်)40% အချိုးနဲ့ကျွေးတာကောင်းပါတယ်။ 50:50 အချိုးဆို နွားအတွက်မကောင်းပါ။ အစာကြမ်းနဲ့အစာနုအချိုးညီသွားရင်(သို့မဟုတ်) အစာနုအချိုးက များသွားရင် နွားရဲ့အစာချေဖျက်မှုစနစ်ကို အနှောင့်အယှက်ပေးပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။