အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က · စလင်း

ဆင်းသုခစပါးအကြောင်းရှင်းပြပေးပါရှင့်

စိုက်ပျိုးနည်း စပါး မျိုးစပါး

ဖြေကြားချက် ၃ ခု

193,301 လွန်ခဲ့သော ၃ နှစ် က

မှို့ကပ်ချိန်က ကြဲခင်းဆို 73-75 ပျိုးခင်းဆို ပျိုးရက်ကိုပါ ထည့်ပေါင်းပါရှင့်

4,843 လွန်ခဲ့သော ၃ နှစ် က

ဒါဆိုရင်ဒီဆင်းသုခက မနောသုခနှင့်အသက်ရက်တူပြီး မနောသုခထက်ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ကိုခံနိုင်ရည်ရှိသွားတာ​ေပေါ့နော် နောက်ပြီး ဆင်းသုခရဲ့မှိုကပ်ချိန်လေးလဲပြောပြပေးပါအူးဗျာ

193,301 လွန်ခဲ့သော ၃ နှစ် က

ဆင်းသုခ မျိုးစပါး၏ အရည်အသွေး လက္ခဏာများ • ထုတ်ဝေသည့် ခုနှစ် - ၂၀၀၉ • မူရင်းမျိုးအမည် - IRYn-1068-7-1 • မူရင်းဒေသ - မြန်မာနိုင်ငံ • စပါးမျိုးအုပ်စု - ဧည့်မထ • အသက်ရက် - ၁၃၈ - ၁၄၀ • အပင်အမြင့် (စင်တီမီတာ) - ၁၀၇ • အနှံပါ ပင်ပွား - ၁၀ မှ ၁၂ • တစ်နှံပါ သီးလုံး - ၁၇၈ မှ ၂၂၀ • အောင်စေ့ရာခိုင်နှုန်း - ၈၀.၀ • အစေ့ (၁၀၀၀) အလေးချိန် (ဂရမ်) - ၂၀.၆ • စပါးစေ့ အတိုင်းအတာ  အလျား (မီလီမီတာ) - ၈.၅၃  အနံ (မီလီမီတာ) - ၂.၁၀  အလျား/အနံ အချိုး - ၄.၀၆ • အမိုင်းလို့စ် ပါဝင်မှု ရာခိုင်နှုန်း - ၂၃.၇ • ဆန်ရည် ဆန်သား - ကြည်လင် • ဆန်ထွက် ရာခိုင်နှုန်း - ၆၀.၀ • ဆန်ရှည်ထွက်မှု အချိုး - ၁.၃ • စားသုံးမှု အဆင့်အတန်း - ကောင်း • တစ်ဧက ပျမ်းမျှအထွက် (တင်း) - ၉၀ မှ ၁၃၅ • သင့်တော်သည့် ဒေသ - ဆည်ရေသောက်၊ မိုးရေသောက် ဒေသအားလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ • ထူးခြားမှု - ဘက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ် ခံနိုင်ရည်ရှိသည်။ မနောသုခနှင့် တစ်ဧကအထွက်၊ ဆန် အရည်အသွေး တူညီပြီး၊ စာသုံးမှု အရသာမှာ မနောသုခထက် ပိုမိုကောင်းမွန် နူးညံ့သော စပါးမျိုး ဖြစ်သည်။ • ရာဇဝင် - စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ရေဆင်းတွင် (၁၉၉၇) ခုနှစ်မှ စတင်၍ မျိုးကူးစပ်ပြီး၊ ဆက်လက်၍ မွေးမြူရွေးချယ်ခြင်း အဆင့်ဆင့် ဆောင်ရွက်ကာ ရရှိလာသော မျိုးဖြစ်သည်။ • မနောသုခ စပါးမျိုးအား ဘက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ် ခံနိုင်သည့် ဗီဇပါဝင်သော IRBB-21 စပါးမျိုးနှင့် မျိုးစပ်ကူးပြီး (၂၀၀၂) ခုနှစ်မှ (၂၀၀၆) ခုနှစ် အထိ နယ်စမ်းသပ်မှုများ အပါအဝင် အဆင့်ဆင့် ဆောင်ရွက်ရရှိလာသော မျိုးဖြစ်သည်။ • နိုင်ငံတော် သီးနှံမျိုးစေ့ကော်မတီ (National Seed Committee – NSC) က အတည်ပြုကာ (၂၀၀၉) ခုနှစ်တွင် ထုတ်ဝေခဲ့သည့်မျိုး ဖြစ်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။