ဖြေကြားချက် ၁ ခု
ထရိုင်ခိုဒါးမားမှိုသည်မြေဆောင် မှိုတစ်မျိုးဖြစ်ပြီး အခြား အဏုဇီဝသက်ရှှိများအပေါ် ဇီဝဆန့်ကျင် စွမ်းအားမြင့်မားသည်။ ဤမှိုသည် မှိုမျှင်များတွင် အရောင်မရှိသော်လည်းမှိုမျိုးမှုံ (Spore, စပိုး) အစုအဝေးမြောက်များစွာ ထုတ်လုပ်သောကြောင့်အစိမ်းရောင်အနေဖြင့်မြင်ရသည်။ ၎င်းမှိုသည် အင်ဇိုင်းများ(Enzymes)ထုတ်၍ အခြားမှိုများကို ကပ်ပါးပြုပြီး တိုက်ခိုက် ဖျက်ဆီးနိုင်ခြင်း၊ ပဋိဇီဝ ပစ္စည်းများ ထရိုင်ခိုဒါးမားမှိုသည်မြေဆောင် မှိုတစ်မျိုးဖြစ်ပြီး အခြား အဏုဇီဝ သက်ရှှိများအပေါ် ဇီဝဆန့်ကျင် စွမ်းအား မြင့်မားသည်။ ဤမှိုသည် မှိုမျှင်များတွင် အရောင်မရှိသော်လည်း မှိုမျိုးမှုန့် (Spore, စပိုး) အစုအဝေးမြောက်များစွာ (Antibiotics) ထုတ်၍ ဇီဝ ဆန့်ကျင်မှု (Antagonism)များ ဖြစ်စေနိုင်ခြင်းတို့ကြောင့် မြေတွင်းရှိ အပင်ရောဂါ ဖြစ်စေသည့် မှိုများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်း (Biological control) ရာတွင် အသုံးပြုနိုင်သည်။ ၎င်းမှိုသည် အပင်၏ ကြီးထွားမှုကိုလည်း အားပေးသည့်အပြင် အပင်၏ ခံနိုင်ရည်ရှိမှုကိုလည်း တိုးတက်စေသဖြင့်ရောဂါ မကျရောက်သော အပင်များကိုလည်း ကျန်းမာ သန်စွမ်းစေပါသည်။ သုတေသနတွေ့ရှိချက်များအရ ထရိုင်ကိုဒါးမားမှိုကို အသုံးပြုသဖြင့် သခွား၊ ခရမ်းချဉ်၊ ဆေးပင်၊ ငရုပ်ပင်၊ မုန်လာထုပ်၊ မုန်လာဥ၊ ဆလတ်၊ မတ်ပဲ၊ နှံစားပြောင်း၊ ပြောင်းချို စသည့် အပင်များတွင် အပင် ကြီးထွားမှု ပိုမိုကောင်းမွန်စေကြောင်း သိရှိရပါသည်။ မြေကြီးထဲရှိ အကျိုးပြု အဏုဇီဝများကို ထိခိုက်စေခြင်း မရှိသည့်အပြင် စိုက်ပျိုး သီးနှံများတွင်လည်း ပါဝင်လာခြင်း မရှိသဖြင့် ၎င်းကို လုံခြုံဘေးကင်းသော ဇီဝ ကာကွယ် နှိမ်နင်းပစ္စည်း (Biocontrol agent) အဖြစ် အသုံးပြုနိုင်ပါသည်။ ထရိုင်ခိုဒါးမားမှိုကို အသုံးပြုပုံ ထရိုင်ကိုဒါးမားမှိုကို အသုံးပြုပုံနှင့် နှုန်းထားများသည် ဖော်စပ် ထုတ်လုပ်ထားသည့် နည်းစနစ်ပေါ်တွင် မူတည်ပါသည်။ ၎င်းကို- မှိုပေါက်ပွားသည့် အာဟာရပြင် (အခဲ/အရည်) ပေါ်တွင်မွေးမြူထားပြီး မှိုစပိုးကို ထုတ်ယူ သုံးစွဲခြင်း ပွားစာများ (နှံစားပြောင်း၊ ပြောင်းဖူး၊ ဂျုံစေ့၊ ဂျုံဖွဲ+သကာရည်၊ ဆန်ကွဲထမင်း) ကို အသုံးပြု၍မွေးမြူခြင်း မှိုစပိုးများကို သင့်တော်သည့် အမှုန့်တစ်မျိုးဖြင့်ရောစပ်၍ ဘူးများတွင် ထည့်၍ရောင်းချခြင်း သစ်ဆွေးမြေ (Peat soil) တွင်မွေးမြူ၍ ခဲအိပ်များတွင် ထည့်၍ရောင်းချခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုး ထုတ်လုပ်ရောင်းချ သုံးစွဲကြပါသည်။ အသုံးပြုပုံနှင့်အသုံးပြုသည့် နှုန်းထားမှာဖော်စပ် ထုတ်လုပ်သည့် နည်းပေါ်တွင် မူတည်ပြီး ဘူးပတ်နှင့် အထုပ်များပေါ်တွင်ဖော်ပြထားသည့် အတိုင်း သုံးစွဲရပါမည်။ ထရိုင်ခိုဒါးမားမှိုကို အများဆုံး အသုံးပြုသည့်နည်းများမှာ 1. မျိုးစေ့နှင့် လူးနယ်ခြင်း 2. စပိုးဖျော်ရည် ထဲတွင် ပျိုးပင် အမြစ်ကို နှစ်စိမ်ခြင်း 3. စိုက်ချိန်တွင် မြေကြီးထဲသို့ထည့်ပေးခြင်း 4. မြေဆွေးလုပ်၍ အသုံးပြု ခြင်း တို့ဖြစ်သည်။ ထရိုင်ခိုဒါးမား မှိုဖြင့်မြေဆွေး ပြုလုပ်ပုံ အဆင့်ဆင့်နှင့် အသုံးပြုပုံ ထရိုင်ကိုဒါးမားမှိုသည် ကောက်ရိုး၊ ပြောင်းရိုး၊ ကြံရွက်၊ ကြံကြိတ်ဖတ်၊ ပဲပင်နွယ်၊ မြက်နှင့်ပေါင်းပင်များကို လျှင်မြန်စွာဆွေးမြေ့စေသည်။ ၎င်းတို့ကို မူလ ရိုးရာနည်းဖြင့်မြေဆွေး ပြုလုပ်လျှင် ၃-လခန့် ကြာသော်လည်း ထရိုင်ကိုဒါးမားမှိုကို သုံးလျှင် ၃-၄ ပတ်ခန့်သာ ကြာသည်။ (က) ထရိုင်ခိုဒါးမားမှိုပျိုးပြင်ကို အသုံးပြုသည့်နည်း ၁။ အရိပ်ရပြီးရေမဝပ်သော ရေ အလွယ်တကူ ရနိုင်မည့်နေရာကို ရွေးရမည်။ ၂။ မြေဆွေးပြုလုပ်မည့် ပစ္စ္စည်း (ကောက်ရိုး၊ ပြောင်းရိုး ၊ ကြံရွက်၊ ကြံကြိတ်ဖတ် ၊ ပဲပင်နွယ်၊ မြက်ပင်) များကို ဖြတ်တောက် ၍ရေ ၆-နာရီမှ၁၂-နာရီကြာ စိမ်ထားရမည်။ ၃။ အာလူး-သကြား-ကျောက်ကျော (၃၅၀ စီစီ)ပါဝင်သည့် ပုလင်းပြားထဲတွင်မွေးမြူထားသော ထရိုင်ခိုဒါးမား မှိုပျိုးပြင်ပေါ်သို့ရေလောင်းထည့်ပြီး စပိုးနှင့် မှိုမျှင်ပျော်ရည်ရအောင် လှုပ်ပေးရမည်။ စည်ပိုင်းထဲရှိ ရေ-၂၀၀ လီတာထဲသို့ မှိုဖျော်ရည်လောင်းထည့်ပြီးမွှေပေးရသည်။ အနံ ၂-မီတာ( ၆.၆ ပေ)၊ အလျား-၆ မီတာ ( ၂၀ ပေ) ရှိသောမြေဆွေးပုံတစ်ပုံအတွက် ၎င်းဖျော်ရည် ပမာဏသည် လုံလောက်သည်။ ၄။ သစ်ဆွေးမြေသြဇာ ပြုလုပ်မည့် ပစ္စည်းကို ၁ပေ အထူဖြင့် ၆-လွှာ ထပ်ပုံရမည်။ အပုံ၏ အမြင့် ၅ ပေ ရှိမည်။ ကောက်ရိုး/ပြောင်းရိုး / ကြံရွက်/ ကြံကြိတ်ဖတ်/ ပဲရိုးပဲမှော် တို့ကို နွားချေး/ ကြက်ချေးတို့နှင့် ရော၍ ပုံရမည်။ ၅။ တစ်လွှာပုံပြီးတိုင်း ထရိုင်ခိုဒါးမား မှိုစပိုးဖျော်ရည် ၄-ဂါလံဝင်ပုံးကြီး ၂-ပုံး (၃၂-လီတာ)ကို ညီညာစွာ ဖြန်းရမည်။ အပုံ၏ အပေါ်ဆုံးတွင် ပလပ်စတစ်စ (သို့မဟုတ်) ငှက်ပျောရွက်ဖြင့်ဖုံးပေးရသည်။ အပူချိန်မြင့် တက်စေရန်နှင့်မိုးရွာလျှင် ရေသိပ်မစိုသွားစေရန် ဖြစ်သည်။ ၆။ ၂-ပတ်ကြာလျှင် အပုံကိုဆွေးမြေ့မှု ညီညာစေရန် အထက်အောက် လှန်ပေးရမည်။ ၄-ပတ်ကြာလျှင်မြေဆွေးပုံသည် အသုံးပြုနိုင်သည့် အနေအထားရောက်ပြီ ဖြစ်သည်။ ၇။ ကောက်ရိုး/ ပြောင်းရိုး (၂၀- ၂၅ အိတ်ခန့်) အသုံးပြုလျှင် သစ်ဆွေးမြေသြဇာ ၄၀၀ ကီလိုဂရမ် (၈-အိတ်) ရနိုင်ပါသည်။ ၈။ အသုံးပြုမည့် ထရိုင်ခိုဒါးမားမှိုသည် အညိုရောင်/အမဲရောင်သို့ပြောင်းသွားလျှင် အသုံးမပြုသင့်တော့ပါ။ (ခ) ထရိုင်ခိုဒါးမားမှိုပွားစာကို အသုံးပြုသည့်နည်း ၁။ အရိပ်ပြီးရေမဝပ်သော ရေအလွယ်တကူ ရနိုင်မည့်နေရာကို ရွေးရမည်။ ၂။ မြေဆွေးပြုလုပ်မည့်ပစ္စ္စည်း (ကောက်ရိုး၊ ပြောင်းရိုး ၊ ကြံရွက်၊ ကြံကြိတ်ဖတ် ၊ ပဲပင်နွယ်၊ မြက်ပင်) များကို ဖြတ်တောက်၍ရေ ၆-နာရီမှ၁၂-နာရီကြာ စိမ်ထားရမည်။ ရေစိမ်ထားသော ပစ္စ္စည်းကို ၄ ပေx ၆ ပေ (သို့) ၅-ပေ x ၁၂-ပေ မြေနေရာတွင် ၆ လက်မ အမြင့်ပုံပါ။ ၃။ ၎င်းအပုံပေါ်တွင် ပွားစာဖြင့်မွေးထားသော ထရိုင်ခိုဒါးမားမှိုကို လက်၂-ဆုပ်ခန့် ဖြန့်ကြဲပေးပါ။ ၄။ မြေဆွေးလုပ်သည့်ပစ္စ္စည်းနှင့်ထရိုင်ခိုဒါးမားမှိုကို ၄-၅ ပေခန့်မြင့်သည် အထိတစ်လှည့် စီပုံသွားပါ။ ၅။ နွားချေး/ ကြက်ချေး (သို့မဟုတ်) နိုက်ထရိုဂျင်ကြွယ်ဝသော ပဲမျိုးရင်းဝင် အပင်များကို အပုံ၏ အပေါ်ဆုံးတွင် တင်ပါ။ (မြေဆွေးပုံကို ငှက်ပျောရွက်၊ အုန်းလက်တို့ဖြင့်ဖုံးထားပေးလျှင် အပူချိန်မြင့်လာပါမည်။) ၆။ ခြောက်သွေ့ခြင်းကို ကာကွယ်ရန် မြေဆွေးပုံကို တစ်နေ့လျှင် ရေတစ်ကြိမ်/နှစ်ကြိမ် လောင်းပေးရပါမည်။ ၇။ မြေဆွေးပုံအမြင့်၃၀ % ခန့်သာကျန်ပြီးမြေဆွေးအေးလာသောအခါ အသုံးပြုနိုင်ပါသည်။ ဤနည်းဖြင့် ပြုလုပ်ရရှိလာသည့် မြေဆွေးကို အပင်စိုက်ချိန် တွင်မြေကြီးထဲသို့ရောမွှေခြင်း၊ စိုက်ကြောင်းဘေးတွင် လိုက်ထည့်ခြင်း စသည်ဖြင့် အသုံးပြုကြ သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းစိုက်တာ ၃လကျော်ပါပြီရှင့်အခုအရွက်တွေမှာဆီစွန်းတွေကျနေလို့ဘာဆေးများသုံးရမလဲညွန်ကြားပေးပါအုံးရှင့်
ဖြေကြားချက် 2 ခု
ကွမ်းစိုက်ပျိုးသူ စပါး ငရုတ် EM ဖေါ်ဆပ်နည်းများစုံလင်စွာသိရှိလိုပါသည် သုံးဆွဲမှုနှင်တကွ ဆုံလင်စွာ ညွှန်ပြပေးစေ...
ဖြေကြားချက် 7 ခု
ကျနော်ခြံမှာဒါမျီုးတွေ့နေတယ်ဘာလုပ်မလဲဆရာကျနော်ပြောပြပေပါအုံး
ဖြေကြားချက် 2 ခု
အပင်တက်လာရင် အပင်ရင်းက အရွက် ခြောက်သွားတာ ဘယ်လိုဆေးသုံးပြီးကာကွယ်လို့ရမလဲခင်ဗျ
ဖြေကြားချက် 3 ခု
မှိုနဲ့ဘတ်တီးရီးယားဆေး အတွဲလေးတွေပြောပါအုံးဗျ တွဲဖျန်းလို့ရတဲ့ဆေးတွဲလေးတွေညွန်းပါအုံး
ဖြေကြားချက် 1 ခု