အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ပုလဲ၊ တီဆူပါ သုံးခြင်းဖြင့် မြေဆီလွှာပျက်ဆီးမှုရှိပါသလား။

မြေဆီလွှာ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၃ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

ဒီမေးခွန်းက ဖြေဖို့ အတော်ကျယ်ပြန့်တယ်လို့ ထင်ပါတယ်။ သိလိုတဲ့ မေးခွန်းပိုင်ရှင်ရဲ့ အတိုင်းအတာနဲ့ နက်နက်နဲနဲ ဖြေဆိုနိုင်တဲ့ ပညာရှင်တွေပေါ်မူတည်ပြီး ကွာပါလိမ့်မယ်။ ကျနော်ကတော့ ပညာရှင်လည်း မဟုတ်သလို ဒီ Soil Science and Plant Nutrition ဘာသာနဲ့ပတ်သတ်လို့ အကြမ်းဖျင်းလောက်ပဲ သိသူတစ်ယောက်ပါ။ ကျနော်သိတဲ့ ဗဟုသုတပေါ် မူတည်ပြီးတော့ လွယ်လွယ်ကူကူပဲ နားလည်သလို ပြောကြည့်ပါမယ်။ ဓာတုဓာတ်မြေသြဇာတွေအားလုံးဟာ အပင်များအတွက် အထွက်နှုန်းကို ရေတိုမှာ ကောင်းစေသော်လည်းပဲ စိုက်ပျိုးမြေများအတွက်တော့ ရေရှည်မှာ ပျက်စီးစေမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာ ယူရီးယားကို အပင်တွေအတွက်လိုအပ်တဲ့ နိုက်ထရိုဂျင်ဓာတ်ရဖို့ ထည့်သွင်းကြတာဖြစ်ပါတယ်။ ယူရီးယားဓာတ်မြေသြဇာအပါအဝင် နိုက်ထရိုဂျင်ဓာတ်ကိုအခြေပြုထားတဲ့ (Synthetic N-based fertilizer) အား ရေရှည်သုံးစွဲလာတာနဲ့အမျှ မြေတွေချဉ်လာစေပါတယ်။ မြေတွေချဉ်လာတာနဲ့အမျှ အပင်အတွက်လိုအပ်တဲ့ ဖော့စပရပ် (P) ဓာတ်ရရှိမှုကို နည်းသွားစေပါတယ်။ ပြီးတော့ မြေထဲ (Soil solution) မှာ Toxic metals တွေ တဖြည်းဖြည်း မြင့်တက်လာပါတယ်။ ဒါကြောင့် မြေတွင်း သက်ရှိ အဏုဇီဝပိုးမွှားများကို သေကြေပျက်စီးစေပြီး မြေရဲ့ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းကျလာတာကို တွေ့ရပါလိမ့်မယ်။ ဒီအကြောင်းတွေဟာ သူတို့ရဲ့ ဓာတုဗေဒဖြစ်စဉ် (Chemical process and reaction) တွေနဲ့ ရှင်းပြမှ ပိုပြီး ပြည့်စုံမှာပါ။ ဥပမာအနေနဲ့ နိုက်ထရိုင်ဂျင်ဓာတ်ပါတဲ့ မြေသြဇာတွေသုံးစွဲလို့ စိုက်ပျိုးမြေတွေပျက်စီးလာတဲ့ပြသနာကို ကျနော်တို့ အိမ်နီးနားခြင်း တရုတ်နိုင်ငံမှာ တွေ့နိုင်ပါတယ်။ နောက်တစ်ခုက နိုက်ထရိုဂျင်ဓာတ်ပါတဲ့ မြေသြဇာတွေထည့်သွင်းမှုများရင် မြေဆွေးဓာတ် (Humus) ကုန်ခမ်းသွားစေပါတယ်။ မြေဆွေးဓာတ်ကြွယ်ဝနေတဲ့ မြေမှသာ ကျွေးလိုက်တဲ့ ဓာတ်မြေသြဇာတွေဟာ အပင်တွေအတွက် အကျိုးရှိရှိ စုပ်ယူရရှိနိုင်ပါတယ်။ မြေဆွေးတွေဟာ ဓာတ်မြေသြဇာမှ အာဟာရဓာတ်တွေကို ခေတ္တအခိုက်အတန့် သိုလှောင်ပေးထားနိုင်စွမ်းရှိလို့ပါပဲ။ နိုက်ထရိုဂျင်ဓာတ်ပါတဲ့ ယူးရီးယားကဲ့သို့ မြေသြဇာတွေ စိုက်ပျိုးမြေအတွက် အသုံးပြုမှုများလေလေ မြေဆွေးဓာတ်တွေ ဆွေးမြေ့မှုမြန်ပြီ အပင်အတွက် အာဟာရဓာတ်တွေ ထိန်းထားမယ့် မြေဆွေးဓာတ်တွေ မြန်မြန်ကုန်ခမ်းလေပါပဲ။ ဒါကြောင့် ထည့်သွင်းလိုက်တဲ့ မြေသြဇာတွေကို ကုန်ခမ်းသွားတဲ့မြေဆွေးဓာတ်မရှိတော့ မြေအတွင်းကို စိမ့်ဝင်ပြီး မြေတွင်းရေနဲ့အတူ ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ နောက်တစ်ချက်ထပ်ကြည့်မယ်ဆိုရင် ယူရီးယားလို နိုက်ထရိုဂျင်ဓာတ်ပါတဲ့ မြေသြဇာတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေသော မှန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gas) တစ်မျိုးဖြစ်တဲ့ Nitrous Oxide တွေ ဖြစ်စေပါတယ်။ အကျဉ်းချုံးပြီး ပြန်ပြောရရင် ဓာတ်မြေသြဇာတွေသုံးစွဲခြင်းဟာ မြေကိုသာမက ရေထု၊ လေထုကိုပါ ညစ်ညမ်းပျက်စီးစေပါလိမ့်မယ်။ Answer by U Han Phyo Aung Horticulture Department YAU

12,778 လွန်ခဲ့သော ၈ နှစ် က

ဓာတ်မြေဩဇာမှာပါ တဲ့ ဓာတုပစ္စည်းတွေက အကျိုးပြု အဏုဇီဝပိုးတွေကို သေစေတယ်ဆိုရင် ပုလဲမြေဩဇာကို အချဉ်ဖောက်တဲ့လုပ်ငန်းကြီးတွေမှာ ဘာဖြစ်လို့သုံးနေကြတာလည်း

12,778 လွန်ခဲ့သော ၈ နှစ် က

ရှိပါတယ်။ ဓာတ်မြေသြဇာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေက မြေကြီးထဲမှာရှိတဲ့ သစ်ရွက်သစ်ခက်တွေကို ဆွေးမြေ့အောင် လုပ်ပေးနေတဲ့ အကျိုးပြု အဏုဇီဝ သက်ရှိတွေကို သေစေပါတယ်။ အဲဒီ အကျိုးပြုအဏုဇီဝ သက်ရှိတွေက မြေကြီးကို ရှင်သန်နေအောင်၊ ကောင်းမွန်နေအောင် ထိန်းသိမ်းပေးနေပါတယ်။ ဒီသက်ရှိတွေ မရှိတော့တဲ့ အခါ မြေကြီးဟာ တဖြည်းဖြည်းညောင်းလာပြီး ပျက်စီးလာပါတယ်။ ဓာတ်မြေသြဇာလည်း သုံးတာ မလျော့ချင်ဘူးဆိုရင်တော့ တစ်မျိုးတည်း မသုံးဘဲ သဘာဝမြေသြဇာနဲ့ တွဲဖက်သုံးစွဲတာက အကောင်းဆုံးပါပဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။