ဖြေကြားချက် ၁ ခု
ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် မီးဒုန်းအုပ်စုဝင်ဖြစ်ပြီး သက်ကြီး၊ သက်လတ်၊ သက်လျင်ဟူ၍ (၃)မျိုးရှိသည့်အထဲမှ သက်လတ်ရာသီ စပါးရွှေဘိုပေါ်ဆန်းက ဈေးကွက်ဝင်ပြီး လူကြိုက် အများဆုံးဖြစ်ပါသည်။ ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏ ထူးခြားကောင်းမွန်သည့် လက္ခဏာများသည် ဒေသ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍ သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း ဆန်ထွက်ကောင်းပြီး ဆန် အရည်အသွေးနှင့်ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှု နည်း၍ လေလွင့်မှုသက်သာခြင်း၊ အိုးတက်ခြင်း၊ အနံမွှေးပြီးနူးညံ့သဖြင့် စားကောင်းသည့် ဆန်ဖြစ်သည့်အပြင် ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်းဆုံးဆန်(World Best Rice)” အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ရွှေဘိုပေါ်ဆန်းကို ပြည်တွင်းဈေးကွက်တွင် အများဆုံးရောင်းချရပြီး ပြည်ပဈေးကွက်တွင်လည်း “မြန်မာ့ပုလဲ” အမည်ဖြင့် ရောင်းချလျက်ရှိသည်ကို မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးမှုများအရ သိရှိရပါသည်။ ရွှေဘိုပေါ်ဆန်းအဖြစ် လူသိများလာသော ၎င်းစပါးသည် ဒေသမျိုးများတွင် အရည်အသွေး အကောင်းဆုံးစပါးမျိုးဖြစ်လာခဲ့ပါသည်။ အခုချိန်များတွင် ရွှေဘိုပေါ်ဆန်း ဆန်ဈေးကွက်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးများအပါအဝင် မြန်မာပြည် အနှံ့တင်ပို့ရသည်အထိ ဈေးကွက်ကျယ်ပြန့်လာခဲ့ပါသည်။ Crd# စားသုံးသူရေးရာဦးစီးဌာန
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ.... ဆင်းဧကရီ ၁နဲ့ဧရာမင်းစပါးတို့ကို ယှဥ်ကြည့်လျှင် ဘယ်ဟာကစပါးစေ့ပိုသွယ်မလဲဗျ၊နောက်ပြီးဆန်ကြတော့...
ဖြေကြားချက် 4 ခု
A သို့မဟုတ် ထိပ်ဆုံးဆင့်မှာရပ်တည်နေတဲ့ဆန်နဲ့စပါးမျိုးတို့၏ သွင်ပြင်လဏ္ခာရပ်တွေသိချင်မိပါတယ် ဆရာတို့....
ဖြေကြားချက် 1 ခု
ရေနက်ကွင်းမှာစိုက်ချင်လို့ အသက်ရက်ကြီးတဲ့စပါးမျိုးဘာတွေရှိမလဲ၊အပေါ်လယ်တွေက ဧရာမင်းတွေစိုက်ကြတော့ သူ့ထက်အသက်ရက်...
ဖြေကြားချက် 2 ခု
သီပေါမှာများေသာအားဖြင့် စိုက်နေကြတည့် စပါးက မှော်ဘီမျိုးပါ။ ဒီမျိုးက ဘယ်အုပ်စုမျိုးဖြစ်ဒါလဲဆရာ ၊ မျိုးအ...
ဖြေကြားချက် 1 ခု
ဆန်အမျိုးအစားထဲမှာ ပေါ်ဆန်းဆန်နဲ့စျေးပြိုင်လိုက်နေတဲ့ ကြားပျံရှယ်ဆိုတာကဘယ်လိုအမျိုးအစားလဲဗျ။နောက်ပြီးဘယ်စပါး...
ဖြေကြားချက် 3 ခု