ဖြေကြားချက် ၁ ခု
မြန်မာနိုင်ငံမှာ စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့နယ်များတွင် အများအပြားစိုက်ပျိုးလျက်ရှိပါတယ်။ မြန်မာပြည်အလယ်ပိုင်း ဒေသများတွင် ရေကို လိုအပ်သလို ပေးသွင်းနိုင်ပါက အကျိုးဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ပါတယ်။ ရာသီဥတုအခြေအနေကတော့ အပူအအေးကို များစွာဂရုမပြုချေ။ တစ်နှစ်တွင် မိုးရေချိန်လက်မ ၄၀ ထက်မပိုပဲ ရွာသွန်းသည့် ဒေသများတွင် အကျိုးဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်တယ်။ အထူးသဖြင့် သီးပွင့်ချိန်တွင် မိုးရွာခြင်း၊ ဆီးနှင်းကျခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်းတို့ရှိလျှင် ပိုးမွှားရောဂါ ကျရောက်မှုများစေပြီး အပင်၊ အပွင့်၊ အသီးများကို ပျက်စီးစေပါတယ်။ စိုထိုင်းဆ (၇၀) ရာခိုင်နှုန်းထက်များပါက မစိုက်ပျိုးသင့်ပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၄၅၀၀) အမြင့်ထိ စိုက်ပျိုးနိုင်တယ်။ မြေအမျိုးအစားကတော့ စိမ့်စွဲနေသောမြေ၊ ဆားငန်မြေမှအပ မြေမရွေးစိုက်ပျိုးနိုင်။ အောက်မြေလွှာက သဲ၊ ကျောက်စရစ်၊ ထုံးကျောက် တစ်ခုခုရှိပြီး အပေါ်ယံမြေသားထူးသော သဲနုန်းမြေမျိုးက စပျစ်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး အပင်ကြီးထွားမှုမြန်ခြင်း၊ အသီးမြန်ခြင်း၊ အသီးတွင် အချိုဓာတ်များခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ မြေချဉ်ငန်ဓာတ်အနေဖြင့် PH ၅ - ၈ အထိ စပျစ်အတွက် အသင့်တော်ဆုံးပါ။
ဆက်စပ်မေးခွန်းများ
စပျစ်ပင်ပေါက်ဝယ်ချင်ပါတယ်ဘယ်မှာရနိုင်တယ်ဆိုတာပြောပြပါ
ဖြေကြားချက် 3 ခု
စပျစ်သီးအစေ့မှအပင်ဖေါက်နည်းလေးတင်ပေးပါလား
ဖြေကြားချက် 2 ခု
စပျစ်ပင်တွေ မှိုကျနေလို့ရှင့် ဘာဆေးသုံးရမလဲ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဦးရှင့်
ဖြေကြားချက် 7 ခု
စပျစ်ပင်ပေါက်ဝယ်ယူချင်ပါသည်
ဖြေကြားချက် 2 ခု
မေဇင်ထွေး ခုလထဲမှှာစပျစ်ပင်ဝယ်ယူလို့ရနိုင်မလားရှင့် ကူညီပါ
ဖြေကြားချက် 3 ခု