အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

116 လွန်ခဲ့သော ၃ နှစ် က

သဘာဝနည်နဲ့ ထင်းပြာဖြူးပေးလိုက်ပါရွက်လိပ်ထဲကို

193,301 လွန်ခဲ့သော ၃ နှစ် က

ဖောငမြှောင်တောင်ကျနေတာပါ ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများဖြစ်တဲ့ - စိုက်ချိန်စောနိုင်သမျှ စောပါ။ - ဘဝစက်ဝန်း ဆက်လက်မရှင်နိုင်ရန် ပိုးကျထားသော ပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။ - စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းပင်များကို ရှင်းလင်းပါ။ - သက်တမ်းတူသော မျိုးများကို စိုက်ချိန်တစ်ပြိုင်နက်တည်း စိုက်ပျိုးပါ။ - လောက်ကောင် ရုပ်ဖုံးများ မြေကြီးပေါ်ရောက်လာပြီး သေစေရန် ထယ်ထိုးထွန်မွှေ နက်နက်ထွန်ပါ။ - လောက်ကောင်ငယ်စဉ် မြင်နိုင်ရန် ခက်ခဲသော်လည်း နှိမ်နင်းရန် အကောင်းဆုံးအချိန် ဖြစ်၍ အပင်ငယ်စဉ် ပထမဆုံးအရွက်အဝိုက်စထွက်လျှင်ထွက်ခြင်းကင်းထောက်စစ်ဆေးပါ။ - ဥမြုံများနှင့် လောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပါ။ - လောက်ကောင်များသေစေရန် အရွက်အဝိုက်များအတွင်းသို့ မြေကြီး ဆပ်ပြာမှုန့်၊ ဆေးရွက်ကြီး၊ ပြာ၊ လွှစာမှုန့်များကိုထည့်ပေးပါ။ - မီးထောင်ချောက်များထွန်း၍ ဖလံများကိုဖမ်းယူဖျက်ဆီးပါ။ - သီးလှည့်စိုက်ပျိုးပါ။ အပင်ငယ်စဥ်အချိန်၌ အပင်၅၀တွင် ၁၀ပင်နှင့်အထက် အဖူးဝင်ပြီး အပင်မျိုးပွားချိန်၌အပင်၅၀ တွင် အပင် ၂၀ပင်နှင့်အထက် ကျရောက်ပါက မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး တရားဝင်ခွင့်ပြုထားသော ထိသေ၊ စားသေပိုးသတ်ဆေးများဖြစ်သည့် ဖလူလန်ဒိုင်ရာမိုက် ၂၄ ရာခိုင်နှုန်း၊ ဒဗလျူဒီဂျီကလိုရန်ထရန်နီလီပရိုး ၅၁.၅ရာခိုင်နှုန်း၊အက်စီ၊ အင်ဒိုဇာကပ်၁၅ရာခိုင်နှုန်း၊ အက်စီ၊ အင်ဒိုဇာကပ် ၁၇ ရာခိုင်နှုန်း+လန်ဘရာဆိုင်ဟေလိုသရင် ၃ ရာခိုင်နှုန်း၊ အက်စီ၊အီမာမက်တင်ဘမ်ဇိုအိတ် ၁၀ ရာခိုင်နှုန်း၊ လန်ဘဒါဆိုင်စေလိုသရင် ၁၅ ရာခိုင်နှုန်း၊ ဒဗလျူပီဆိုင်ပါမီသရင် ၃ ရာခိုင်နှုန်း၊ အီမာမက်တင်ဘမ်ဖိုအိတ် ၀.၂ ရာခိုင်နှုန်း၊ ကလိုဖန်နပါ ၁၀ ရာခိုင်နှုန်းအက်စီအစရှိသည့်ပိုးသတ်ဆေးများကို အရွက်အဝိုက်ထဲဝင်ရန် ထိထိမိမိဖျန်းပါ။ ပိုးသတ်ဆေးများကို မနက်စောစောနှင့်ညနေပိုင်းများတွင်သာ ပက်ဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။