အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
640
လွန်ခဲ့သော ၇ နှစ် က · အောင်လံ

နို့စားနွားမွေးချင်လို့ပါ ပေ ၁၅၀ ၆၀အကွက်တကွက်ရှိပါတယ်ဘယ်နှကောင်လောက်မွေးလို့ရနိုင်မလဲဗျာ လူနေရပ်ကွက်မှာတော့...

နို့စားနွားမွေးချင်လို့ပါ ပေ ၁၅၀ ၆၀အကွက်တကွက်ရှိပါတယ်ဘယ်နှကောင်လောက်မွေးလို့ရနိုင်မလဲဗျာ လူနေရပ်ကွက်မှာတော့ဖြစ်နေပါတယ် နို့စာနွားမွေးရင်ကောဈေးကွက်အခြေနေနဲ့မြတ်နိုင်မမြတ်နိုင်လေးပါ ဆရာတို့ပြောခဲ့ကျပါဗျ

ခြံစီမံခန့်ခွဲမှု နွား
6

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

နွားမွေးမြူရေးစတော့မယ်ဆို အရင်ဆုံး နွားစာလုံလောက်မှုရနိုင်အောင်ဦးစွာစီစဉ်ပါ။ ကောင်းမွန်တဲ့ နွားစာအစာစိမ်းအစို(မြက,်ပြောင်း စသည်) လုံလောက်မှသာ အစာဖိုးကုန်ကျစရိတ်လျှော့ချနိုင်မှာပါ။

20,386 လွန်ခဲ့သော ၇ နှစ် က

ကိုသိန်းထွန်း သီးသန့်ခွဲမေးပေးပါလားဗျ ဓာတ်ပုံကိုလည်း သေချာရှင်းအောင် တင်ပေးပါဗျ

2,729 လွန်ခဲ့သော ၇ နှစ် က

နို့ စား နွား ဆို ၅တွဲ လောက်ပေါ့

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

ဈေးကွက်နဲ့အမြတ်ကတော့ ဒေသအလိုက်နို့ဈေးနဲ့ အစာကုန်ကျစရိတ်ပေါ်မူတည်ပါတယ်။ အရည်အသွေးကောင်းတဲ့အစာစိမ်းကို ကိုယ်တိုင်စိုက်ကာ အဓိကထားကျွေးပြီး အစာနုလျှော့နိုင်ရင် အစာကုန်ကျစရိတ်သက်သာနိုင်ပါတယါ

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

နွားစာအတွက် စားကျက်မစိုက်ဘူးဆိုရင် အဲ့ဒီအကျယ်အဝန်းအရ အကောင် ၂၀လောက်မွေးနိုင်ပါတယ်။ အဲ့ဒီ ပေ ၁၅၀ ၆၀ အကွက်မှာ နွားရော စားကျက်ရောဆို နွား ၂ကောင်ပဲမွေးနိုင်ပါတယ်။ စားကျက်မှ အစာစိမ်းရမှုက ၂ကောင်လောက်ပဲလုံလောက်မှာမို့ပါ

697 လွန်ခဲ့သော ၇ နှစ် က

စပါးရွက်တိပ်ဖြူပိုးကျနေတာကိုဘရာ၄၀ECကို၅ဂါလံ၁ပုံးကိုဆေးအဖုံး၃ဖုံးသုံးတာကိုမပျောက်ဘူးအခုပုံအပါဓါတ်ပုံကကင်မရာမကောင်းလို့သဲသဲကွဲးကွဲးမမြင်ရတာပါဘယ်လိုအသုံးပြုရရင်ကောင်းမလဲသိရင်ကျေးဇူးပြု၍ဖြေပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။