အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၇ နှစ် က · ကျိုက်လတ်

ဘယ်လိုမျိုးစိုက်သင့်လည်း

စိုက်ပျိုးနည်း ကွမ်း
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၇ နှစ် က

မြေပြုပြင်ခြင်း ကွမ်းခြံအကျယ် စိုက်သူများအနေဖြင့် ကွမ်းခြံတည်မည့်နေရာကို နွားထယ်ထိုး၍ ထွန်တစ်စပ် ဝင်ကာမြေပြင်ကြသည်။ ထို့နောက် အမြင့် (၄) လက်မ ဗျက်အကျယ် (၂) ပေ ရှိ ဘောင်ရှည်များ ပြုလုပ်ကြသည်။ ဘောင်တစ်ဘောင်နှင့် တစ်ဘောင် (၃) ပေခြားသည်။ ဒေသအလိုက် အနည်းငယ် ကွာခြားသည်။ ကွမ်းခြံ အကျဉ်း စိုက်သူများ ကွမ်းတိုင် (၅၀၀) စိုက်မည့် သူများအနေဖြင့် (၃၀ x ၄၀) ပေ အရွယ် မြေကွက်သာ လိုရာနွားဖြင့် မြေမပြင်နိုင်ဘဲ ပေါက်ပြားဖြင့်ပင် ကွမ်းစိုက်ဘောင်များ ပြုလုပ်ကြသည်။ အမြင့် (၄) လက်မ ဘောင် ဗျက်အကျယ် (၃) ပေ နှင့် တစ်ဘောင်နှင့် တစ်ဘောင်ခြား တစ်ပေခွဲခြား ပြုလုပ်ထားသည်။ အချို့ ကွမ်းစိုက်သူများသည် နွားချေးဆွေးပင် မထည့်ချေ။ ဓါတ်မြေသြဇာ အနေဖြင့် တီစူပါမြေသြဇာကိုသာ ထည့်ပေးသည်။ အချို့ စိုက်ပျိုးသူများမှာ နွားချေးလည်း ထည့်သည်။ ယခင်က ယူရီးယား ထည့်သည်။ နောက်ပိုင်း သုံးမျိုးစပ် ကွန်ပေါင်းမြေသြဇာများကို သုံးသည်။ ထုံးမှုန့်၊ ဖိုပြာများကိုလည်း ထည့်လေ့ရှိသည်။ ထည့်ပြီးပါက ပေါက်ပြားဖြင့် ရောမွှေသမပြီး ရေဖျန်းကာ (၄-၅) ရက်ကြာ နှပ်ထားသည်။ ကွမ်းပင်ဆောက်ခြင်း ကွမ်းစင်ကို (၇) ပေ အမြင့် ဆောက်လေ့ရှိသည်။ ဝါးလုံးများကိုသာ တိုင်အဖြစ် သုံးလေ့ရှိသည်။ အမိုးအကာကို အုန်းလက်၊ မြက်ခြောက်များ အသုံးပြုသည်။ ပေါ့ပေါ့ပါးပါးပုံစံများ ဖြစ်သည်။ အခိုင်အခံ့ဆောက်ခြင်း မရှိချေ။ ကွမ်းစိုက်တိုင်များကိုလည်း ဝါးလုံးကို ခွဲစိတ်၍ ဝါးခြမ်းပြားများကိုသာ သုံးသည်။ အချို့ မျှင်ဝါးလုံးကို မဖြတ်ဘဲ သုံးသည်။ အမိုးကိုမူ ဝါးလုံးများ ထိပ်တွင် ပြုလုပ်ခြင်း မဟုတ်ဘဲ (၇-၈) ပေ အမြင့်တွင်သာ ပြုလုပ်သည်။ သို့ဖြစ်၍ အချို့ခြံများတွင် ကွမ်းခြံပေါ်၌ ဝါးများ ထိုးထိုးထောင်ထောင် မြင်တွေ့ရခြင်း ဖြစ်သည်။ စိုက်ပျိုးခြင်း အောက်မြန်မာပြည် ကွမ်းစိုက်ခင်းများတွင် မျိုးအဖြစ် ကွမ်းညွန့်များကို အသုံးပြုကြသော်လည်း အညွန့်ဖြတ်ပိုင်းများသာ ဖြစ်သည်။ မြေထုပ်စီး မျိုးညွန့်များ အသုံးပြုမှု နည်းသည်။ မိမိတို့ စိတ်ကြိုက်ခြံမှ ကွမ်းညွန့်များကို တစ်ပေခွဲ ဖြတ်ယူ၍ စိုက်ပျိုးလေ့ရှိသည်။ ကွမ်းစိုက်နည်း နှစ်မျိုး အသုံးပြုသည်ကိုတွေ့ရသည်။ ပထမနည်းမှာ ဘောင်အလျားလိုက် မြောင်း (၂) မြောင်းဖော်သည်။ တစ်မြောင်းနှင့် တစ်မြောင်း တစ်ပေကွာသည်။ မြောင်းအနက် (၃-၄) လက်မ ရှိသည်။ ထို့နောက် မြောင်းတစ်လျှောက် (၁၀-၁၂) လက်မကွာ အမှတ်အသားပြုပြီး ဝါးခြမ်းပြားတိုင်အချို့ ဝါးလုံးများ စိုက်ထူပေးသည်။ ကွမ်းစိုက်ရန် တိုင်များ ဖြစ်သည်။ အချို့ ဝါးခြမ်းပြားတိုင်များ စိုက်ရာတွင် အခြေတွင် တစ်ပေကွာသော်လည်း အပေါ်တွင် တစ်ပေခွဲ ခွာထားသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် လမ်းဖက်သို့ အနည်းငယ် ယိုင်နေသည့် ပုံစံမျိုး ဖြစ်သည်။ အပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-lower-myanmar-betel

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။