အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
755
လွန်ခဲ့သော ၇ နှစ် က · သုံးခွ

နွားမျိုးစပ်နည်းလေတဆိတ်လောက်ရှင်ပြပေပါ

မျိုးပွားခြင်း နွား
7

ဖြေကြားချက် ၇ ခု

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

မေထုန်မဲ့သားစပ်ခြင်း၏ အကျိုးကျေးဇူးများ - ၁။ မျိုးရိုးဗီဇကောင်းမွန်သော နွားသိုးထံမှ ထုတ်ယူထားသောကြောင့် မျိုးကောင်းမျိုးသန့်များရရှိနိုင်ခြင်း ၂။ နွားသိုးမျိုးကောင်းတကောင်ထံမှ တကြိမ်ထုတ်ယုရရှိသော သုတ်ရည်ကို ဓာတ်ခွဲခန်းတွင် သင့်တော်သည့် ရောရည်များသုံးပြီး ပွားများအောင်ခွဲပြီး သုတ်ပိုးများ နှစ်ရှည်အထားခံနိုင် အသက်ရှင်နိုင်အောင်ပြုလုပ်ထားသည့်အတွက် တကြိမ်ရသောသုတ်ရည်ဖြင့် အကောင် ၁၀၀ ၂၀၀ခန့်ကို မျိုးကောင်းမျိုးသန့်နွားမျိုးဖြင့် သားစပ်ပေးနိုင်ခြင်း ၃။ သဘာဝအတိုင်းနွားသိုးဖြင့် စပ်ခြင်းကြောင့် ရရှိနိုင်သော မျိုးပွားလမ်းကြောင်းဆိုင်ရာ ကူးစပ်ရောဂါများကူးစပ်မှုကို ကာကွယ်နိုင်ခြင်း။ ၄။ မျိုးနွားသိုးများကို အစာကျွေးမွေး ပြုစုထိန်းသိမ်းထားစရာမလိုခြင်း။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

အဲ့ဒီ အထီးသုတ်ပိုးရည်ပါတဲ့ မျိုးချောင်းကို မြိုင်လာနေ/သားတောင်းနေတဲ့နွားမ၏ သားအိမ်ထဲကို ထည့်ပေးခြင်းဖြစ်ပါတယ်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

မေထုန်မဲ့သားစပ်ခြင်းပါ။ မေထုန်မဲ့သားစပ်ခြင်းဆိုတာ နွားသိုးကို တိုက်ရိုက်မသုံးဘဲ သားတင်ခြင်းဖြစ်သည်။ နွားသိုးထံမှ သုတ်ရည်ကို ထုတ်ယူပြီး သုတ်ရည်ထဲကို ပေါင်းစပ်သင့်သည့် ရောရည်ဖြင့်ရောကာ အချောင်းပုံစံပိုက်လေးထဲထည့်ထားတာပါ။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

မွေးမြူသူက ဘာအတွက်ရည်ရွယ်မွေးချင်တာလည်းပေါ်မူတည်ပါတယ်။ အသားတိုးအတွက်ဆို အသားတိုးမျိုးနွားသိုးဆီးကထုတ်ထားတဲ့မျိုးချောင်းတွေရှိပါတယ်။နို့စားဆို နို့ထွက်နှုန်းမြင့်တဲ့ နို့စားနွားမျိုးချောင်းတွေရှိပါတယ်။ ခိုင်းဖို့ရည်ရွယ်ရင် ခိုင်းနိုင်မယ့် မျိုးတွေရှိပါတယ်။ သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းကြည့်ပါ။ ရှိပါတယ်။ ဌာနမျိုးချောင်းက အခမဲ့ဆိုပေမယ့် သားစပ်ပေးမယ့်ဆရာရဲ့ သွားလာ သားစပ်ခကတော့ပေးရပါတယ်။

31,241 လွန်ခဲ့သော ၇ နှစ် က

အဲဒီမျိုးရည်က ဘယ်လိုယူရလဲ။ ဝယ်ရတာလား ဆရာ

986 လွန်ခဲ့သော ၇ နှစ် က

သားတင်သားစပ်လို့ရတဲ့နွားမရဲ့သားအိမ်ထဲကိုမျိုးကောင်းတဲ့နွားသိုးရဲ့မျိုးရည်ထည့်ပေးပြီးသားစပ်တာကို မေထုန်မဲ့သားစပ်နည်း လို့ခေါ်တယ်

1,276 လွန်ခဲ့သော ၇ နှစ် က

နွားချောချောလှလှရှိရင်သားပေါက်ထွန်းရင်ပေါ့သွားပြလိုက်ပေါ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။