အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၇ နှစ် က · ပေါက်

ကြက်သွန်နီ အပင်ပေါက်ကောင်းအောင် ဘယ်လိုပျိုးထောင်သင့်ပါသလဲ ဆရာတို့

စိုက်ပျိုးနည်း ကြက်သွန်နီ ကြက်သွန်နီစိုက်ပျိုးနည်း
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၇ နှစ် က

ကြက်သွန် တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းက (ဝ.၀၅) ဧက အရွယ် ရှိရပါမယ်။ သေချာပြင်ဆင်ထားတဲ ပျိုးခင်းမှာ မျိုးစေ့ကို ညီညာစွာကြဲ၍လည်းကောင်း၊ အတန်းလိုက်သော် လည်းကောင်း စိုက်သင့်ပါတယ်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက်စိုက်သင့်ပါမယ်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးပါ။ အညှောင့်မြေပေါ် ထွက်လွယ်စေဖို့ဖြစ်ပါတယ်။ နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ မြေပြန့်တွင် ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလ အထိ ပျိုးထောင်ကြပါမယ်။ တောင်ပေါ်ဒေသ၌ မတ်လမှ ဇွန်လ အထိ ပျိုးထောင်ကြပါတယ်။ တစ်ဧကလျှင် မျိုးစေ့၄ပြည် ခန့် လိုပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။