ဖြေကြားချက် ၁ ခု
စိုက်နည်းစနစ်ကိုပြောင်းလဲနှိမ်းနှင်းပါ ဥပမာ-ဆစ်ပိုးကျနေတဲ့အခင်းကို မြေကြီးနဲ့ကပ်ပြီးရိတ်ပါ ဒါမှသာအဆစ်ထဲမှာရှိတဲ့ပိုးတွေပါသွားမှာပါ ရိတ်ပြီးသားတွေကိုမီးရှို့ပါ ရိုးပြတ်တွေရှိနေတဲ့စပါးခင်းကိုရေလွှမ်းပါ၂ရက်၃ရက် ပြီးတော့ ထယ်မှောက်ပါ ပြီးရင် ရေပြန်လွှမ်း ပြီးရင် နေပူပြပေးပါ စပါးအစားပဲသီးနှံတခုခုကို အစားထိုးစိုက်ပျိုးပါ ဒါမှသာဆစ်ပိုးဦးရေလျှော့ချနိုင်မှာဖြစ်ပါတယ် စပါးခင်းပတ်ဝန်းကျင်မှာရှိတဲ့ ပေါင်းမြက်တွေကိုရှင်းလင်းပါ နောင်တစ်နှစ်စပါးပြန်စိုက်ချိန်မှာ ကန်သင်းတွေမှာပန်းပွင့်တဲ့ဒေသပင်တွေစိုက်ပျိုးထာပါဥပမာ-ဒန်းပင်လိုပေါများတဲ့အပင်တွေ သို့မှပါ ဖျက်ပိုးကို စားသောက်သော မိတ်ဆွေပိုးများပေါများလာပြီး ဆစ်ပိုးသာမကအခြားပိုးများကိုလည်းကာကွယ်ပေးမှာပါ ကျေးဇူးတင်ပါသည်....
ဆက်စပ်မေးခွန်းများ
စပါးရွက်မှာ ဒီလိုဖြစ်နေတာ ဘာဆေးဖျန်းရမလဲ ကျေးဇူးပြုပြီး ပညာရှင်များ ဖြေကြားပေးပါ ခင်္ဗျာ
ဖြေကြားချက် 1 ခု
စပါးအဖျင်းများနေတာ ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 1 ခု
ကျွန်တော်စပါးစိုက်ရာမှာ အဖျင်းများလွန်းပြီး စပါးအထွက်နည်းနေပါ၍ ဘယ်လိုမြေသြဇာကျွေးရမလဲ သိချင်ပါတယ် ခဗျင်္ာ
ဖြေကြားချက် 1 ခု
မှတ်ပုံတင်ထားခြင်းရှိ။မရှိ။ရှိပါကမြေဆီအခြေအနေလေးသိချင်ပါတယ်ခင်ဗျား။
ဖြေကြားချက် 2 ခု
ပြောင်း ဘယ်စျေး ရှိလဲ မသိဘူးခင်ဗျာ
ဖြေကြားချက် 0 ခု