ဖြေကြားချက် ၄ ခု
(၂) အဆက် 30 cm 45 cm အတွင်းရောက်အောင်ပြုပြင်ပေးရမည်။ ရေကြည်နှုန်းအားပုံမှန်အားဖြင့် တစ်ပတ်တစ်ကြိမ် (နေထွက်ချိန်) တိုင်းပေးရမည်။ ရေအရောင်ကိုကြည့်ပြီးလိုအပ်သလိုတိုင်းနိုင်သည်။ ရေအောက်တွင်အနယ်ထိုင်သွားသောရေညှိများသည်စုပေါင်းသွားပြီး ကြာလာပါက(သို့) ကန်ရေလှုပ်ရှားမှုရှိက ရေညှိဖတ်များအဖြစ် ကန်ရေမျက်နှာပြင်ပေါ်သို့တက်လာပြီးလေတိုက်ရာ လမ်းကြောင်းအရအောက်ဖက်ကမ်းစပ်တွင်သွားစုနေတတ်သည်။ ယင်းတို့ကိုပေါ်လာတိုင်းဆယ်ပေး၍ကန်ကိုသန့်ရှင်းအောင်ပြုလုပ်ပေးရန်လိုကြောင်းအကြံပြုပါသည်။
(၂)အဆက် - နည်း(သို့)များပါကမွေးထားသည့်သတ္တဝါများကိုအန္တရာယ်ဖြစ်စေနိုင်သည်။ ပွါးများမှုလွန်ကဲပါကရေအရောင်မှာအစိမ်းပုပ်ရောင်သို့ပြောင်းကာ ကန်အောက်ခြေရေအရည်အသွေးကိုပိုကျဆင်းစေသည်။ ကန်အောက်ခြေနေထိုင်ကျက်စားသည့်ငါး/ပုစွန်များကိုပိုထိခိုက်စေသည်။ Plankton Density ကိုထိန်းရန် ရေကြည်နှုန်းတိုင်း ကိရိယာ “Secchidisc” အသုံးပြုရမည်။ အစိမ်းရောင်ဖျော့ရှိသောကန်ရေ၏ရေကြည် နှုန်းတန်ဘိုးသည် 30 cm (၁၂ လက်မ)မှ 45 cm (၁၈ လက်မ)အတွင်းရှိသည်။ ရေကြည်နှုန်းတန်ဘိုးနည်းသွားပါက ပိုအန္တရာယ်ရှိနိုင်သည်။ အစာကျွေးနှုန်းလျော့ခြင်း၊သဘာဝ/ဓါတ်မြေဩဇာထည့်သွင်းနေမှုရပ်ခြင်း၊ရေကိုနောက်သွားအောင်ပြုလုပ်ခြင်း၊ ထုံး (သို့) ကော့ပါးဆာလဖိတ်(အရည်)ကိုမွေးထားသည့့်သတ္တဝါများမထိခိုက်အောင်သေချာမှန်ကန်သည့်နှုန်းဖြင့် ကန်အနှံ့ထည့်ပေးခြင်းဆောင်ရွက်နိုင်သည်။ ရေကြည်နှုန်းသတ်မှတ်အတိုင်းအတာကျော်သွားပါကသဘာဝရေဩဇာနည်းသွား၍အစာတိုးကျွေးခြင်း၊ သဘာဝ/ဓါတ်မြေဩဇာထည့်သွင်းပေးပြီး ရေကြည်နှုန်း 30 cm - 45 cm
(၂)ကန်ရေတွင်အပင်မျှောလှေး (Phytoplankton)ပွါးများခြင်းမှလွန်ကဲစွာပွါးများခြင်း (Excess Blooming)၊ယင်းအခြေ အနေမှအပင်မျှောလှေးများရုတ်တရက်သေဆုံးပြီးကန်အောက်ခြေတွင်စုပုံအနယ်ထိုင်သွားသဖြင့်ကြာလာပါကကန်အောက်ခြေတွင်ရေညှိများအဖတ်လိုက်ပုံစံဖြင့်ရှိနေကာ၊ ကန်၏အရည်အသွေးကိုကျဆင်းစေသည်။ မွေးထားသည့်ပုစွန်များကိုလည်းသွားလာလှုပ်ရှားမှု၊စားသောက်မှုတို့တွင်ယင်းရေညှိများမှတိုက်ရိုက်သက်ရောက်မှုဖြစ်စေပြီးကြီးထွားမှုကိုထိခိုက်စေသည်။ရေညှိများမှလည်းပုစွန်ကိုယ်တွင်ကပ်တွယ်ရစ်ပတ်နေသဖြင့် (Algae Shrimp)ကြာလာပါကသေဆုံးသည်အထိအန္တရာယ်ပေးနိုင်သည်။ ပြုပြင်ရန်အနေဖြင့်ကန်ရေတွင်ပွါးများနေသည့်အပင်မျှောလှေး၏ထုထယ် (Density)ကို ထိန်းရန်ဖြစ်သည်။ ရေအရည်အသွေးကောင်းသည့်မွေးမြူရေးကန်၏အရောင်မှာအစိမ်းဖျော့ရောင်ရှိသည်။ယင်းမှာသာမန်မျက်စိဖြင့်မမြင်နိုင်သည့်အစိမ်းရောင်ရှိသောအပင်မျှောလှေးပွါးများနေမှုကြောင့်ဖြစ်သည်။ ယင်းပွါးများမှုသည်သတ်မှတ်အတိုင်းအတာထက်နည်
ရေချို/ရေငန်ပုစွန်တွေဟာကန်အောက်ခြေမှာသွားလာလှုပ်ရှားစားသောက်နေထိုင်ကြပါတယ်၊ ကန်အောက်ခြေကြမ်းပြင်သန့်ရှင်းပြီးအမာခံ(နုံးမထူခြင်း)ရှိမှသွားလာလှုပ်ရှားလို့ကောင်းပြီးအစာကိုလဲသူတို့ရဲ့လက်မတွေနဲ့ညှပ်ယူစားနိုင်မှာဖြစ်ပါတယ်၊ဒါမှလဲကြီးထွားမှုရှိနိုင်မှာပါ။အောက်ပါအချက်တွေဟာမွေးထားတဲ့ပုစွန်တွေအပေါ်အန္တရာယ်ဖြစ်စေပါတယ် - (၁)ကန်အောက်ခြေမှာ “ပကန်” လို့ခေါ်တဲ့ရေအောက်ကြမ်းပြင်ပေါက်တဲ့ရေညှိတွေရှိနေရင်အဲ့ဒီရေညှိတွေဟာကန်အောက်ခြေအနှံ့ပွါးနေပြီးရေအရည်အသွေးကိုအလွန်ကျဆင်းစေပါတယ်၊ ပကန်ရှိနေတဲ့ကန်တွေရဲ့ရေဟာကြည်နေတဲ့အတွက်ယေဘူယျအားဖြင့်ကောင်းတယ်လို့ထင်ကြပါတယ်၊အထူးသဖြင့်ကန်ရေရဲ့ပျော်ဝင်အောက်ဆီဂျင်(Dissolved Oxygen)ကိုအလွန်ကျဆင်းစေပါတယ်၊ကြီးထွားနှုန်းကိုထိခိုက်စေရုံသာမကကြာလာရင်မွေးထားတဲ့ပုစွန်တွေကိုသေစေနိုင်ပါတယ်။ ပြုပြင်ရန်အနေနဲ့က ကန်အောက်ခြေက ရေညှိ(ပကန်)တွေအားလုံးကိုဆယ်ယူပြီးကန်နဲ့ဝေးရာစွန့်ပစ်ရန်ဖြစ်ပါတယ်။ ရေကိုလှုပ်ရှားပေးခြင်း(ရေကူးပေးခြင်း၊အပါ်ရေအောက်ရေလှည့်ပေးခြင်း)၊ရေသစ်သွင်းပေးခြင်းဖြင့်ပျော်ဝင်အောက်ဆီဂျင်မြင့်အောင်လုပ်ပေးရမည်။ပြီးမှကန်ရေဩဇာဓါတ်တက်လာစေရန်သဘာဝမြေဩဇာ(တိရစ္ဆာန်မစင်အခြောက်/ပဲဖတ်) သို့မဟုတ် ဓါတ်မြေဩဇာ (ယူရီးယား+တီစူပါ)ကို နဲနဲစီနဲ့အကြိမ်ခွဲပြီးကန်ထဲထည့်သွင်းပေးရမည်။ (၂)ကန်တွင်အပင်မျှောလှေး ၁)ကန်အောက်ခြေမှာ
ဆက်စပ်မေးခွန်းများ
ပုဇွန်စိတ်ဘာအစာကိုပိုကြိုက်လဲပြောပြပါ ငါးရှဉ်ကဘာအစာကိုပိုကြိုက်လဲဗျ
ဖြေကြားချက် 1 ခု
ငါးသလောက် ကျော့ပိုက် အကြောင်းအသေးစိတ်
ဖြေကြားချက် 3 ခု
မွေးမြူဖို့ စစခြင်း အရင်းအနှီး ဘယ်လောက်ဆို လုံလောက်မှာလဲ ဆရာတို့ ကန်တူးဖော်ခြင်းတွေရော ဘယ်လိုမြေတွေမှာ အဆင်ပြေ...
ဖြေကြားချက် 2 ခု
ပုစွန်ကို တာပေါ်လင်ကန်နဲ့မွေးလို့ရလားဖြေပေးပါ
ဖြေကြားချက် 1 ခု
ပုစွန်ကျား သားပေါက်ဝယ်တဲနေရာ နဲ့ မွေးမြူနည်းလေး သိရင် မျှဝေ ပေး ပါ ခင်ဗျား
ဖြေကြားချက် 1 ခု