ဖြေကြားချက် ၃ ခု
ကျေးဇူးပါ
ဘိုစားပဲစိုက်ပျိုးနည်းကိုဖော်ပြလိုက်ပါတယ်
သဲဆန်သော မြေမှ မြေစေး အထိ မြေ အမျိုးမျိုး တွင် ပေါက်နိုင်သည်။ ရေမဝပ်သော သဲနုန်းမြေ၊ နုန်းမြေစေး၊ နုန်းမြေတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် (၄ ဒသမ ၂ - ၈ ဒသမ ၇)အတွင်း ဖြစ်ထွန်းနိုင်သည်။ ထွန်ရေးကောင်းအောင် မြေ ကိုပြုပြင်ရန် မလိုချေ။ #မျိုးစေ့နှုန်း ပင်ထောင် မျိုးများကို တစ်ဧက အတွက် မျိုးစေ့(၁၀-၁၂)ပြီ လိုအပ်ပြီး တိုင်ထောင်မျိုးများအတွက် (၆-၈)ပြီ လိုအပ်သည်။ #စိုက်ပျိုးခြင်း မျိုးစေ့ချ ရာ၌ အစိုဓာတ် များလွန်းက အစေ့ပုပ်တတ်သည်။ တိုင်ထောင်ပြီး စိုက်ပျိုးလျှင် တစ်ကျင်းတွင် (၂-၃)စေ့ထည့်၍ စိုက်ရသည်။ တစ်ဧကလျှင် နွားချေး ၁၀ တန်၊ ယူရီးယား ၁၈ ကီလို၊ တီစူပါ တစ်အိတ်၊ ပိုတက်အိတ်ဝက်ထည့်ပေးရန် လို သည်။ ကြားထွန် နှစ်ကြိမ် လိုက်ပေးလျှင် လုံလောက်သည်။ ပင်ထောင်မျိုးကို တစ်တန်းနှင့်တစ်တန်း နှစ်ပေခြား၍ တစ်ပင် နှင့်တစ်ပင် ၁၀ လက်မ ခွာစိုက်သည်။ ရာသီဥတုသင့်တင့်သောဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ #အပင်ပြုစုခြင်း ပေါင်း နှစ်ကြိမ် လိုက်ပေးလျှင် လုံလောက်သည်။ ခြောက်သွေ့သောရာသီဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက် သွေ့က ရေသွင်းပေးရန်လိုအပ်သည်။ ပဲသံချေး၊ ပဲမှဲ့ပျောက်စွန်းရောဂါ၊ ဘက်တီးရီးယားရွက် ခြောက်၊ အရွက်နူရောဂါများ ကျရောက်သည်။ ခူမွှေးစုပ်၊ ပိုးကျိုင်းငယ်၊ ပဲစားကြမ်းပိုးနှင့် ပျပိုးများကျရောက် သည်။ ထိသေ၊ စားသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများသုံး၍ ကာကွယ်နိုင်သည်။ #ခူးယူခြင်း အပင်ပေါက်ပြီး ၇၅ ရက်မှစ၍ အသီးများဆွတ်ခူးနိုင်သည်။ ပဲသီးများကိုအရွယ်မရောက်မီ အစေ့နုသေး သောအချိန်တွင် ဆွတ်ခူးသည်။ ပန်းပွင့်ပြီး (၂-၃)ပတ်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပင်ထောင်မျိုး တစ်ဧကလျှင် (၈၀၀-၉၀၀)ပိဿာ၊ တိုင်ထောင်မျိုးတစ်ဧကလျှင် ၂,၀၀၀ ပိဿာကျော်အထိ ထွက်ရှိနိုင်သည်။ #မျိုးစေ့ထုတ်ယူခြင်း မျိုးစေ့ ထုတ်လုပ်ရန် အသီးများကို အပင်ပေါ်တွင် ခြောက်အောင်ထား၍ ဆွတ်ခူးရမည်။ အချို့က အပင် လိုက်နုတ်၍ နေ လှမ်းပြီး အတောင့်များကို မူလအတိုင်းသိမ်းဆည်းကြသည်။ ထို့နောက် စိုက်ချိန်ရောက်လျှင် အစေ့များချွေပြီး စိုက်ပျိုးကြ သည်။ အများအားဖြင့် အစေ့ကို ကြိုတင်ချွေ၍ ဆက်လက်နေလှမ်းပြီးမှ သိမ်းဆည်းသည်။ ပဲစေ့သည် သိုလှောင်ရာ၌ ပိုးထိုးတတ်သောကြောင့် မျိုးအဖြစ် အသုံးပြုမည့်အစေ့များကို ထုံးနှင့်ရောမွှေ၍ သိမ်းဆည်းသင့်သည်။ - ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
ဆက်စပ်မေးခွန်းများ
သီးလုံးဖောက်ပိုးအရမ်းကျနေလို့ဘာဆေးသုံးရမလဲဆရာတို့
ဖြေကြားချက် 2 ခု
ကျနော့ပဲပင်တွေဒီလိုရောဂါကျနေတယ်ခင်ဗျကျေးဇူးပြု၍ဘာဆေးသုံးရမလဲလမ်းညွှန်ပေးပါဦးဆရာ
ဖြေကြားချက် 3 ခု
အသီးကလဲဖြူနေတယ်အရွက်ကလဲဝါနေတာအသီးကလဲသိပ်မလိုက်ဘူးဗျတစ်ခင်းနဲ့တခင်းမတူဘူး
ဖြေကြားချက် 6 ခု
ပဲတောင့်ရှည ် ဖလံဖြူကျ ပြီးအပွင့်အသီး ပိုးဝင်ခြင်း ဖြေရှင်းဖို့နည်းလမ်းများသိချငပါတယ်
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည် အပွင့်များ ပိုးကျနေတာ ပိုးသတ်ဆေးတွေမနိုင်ဖြစ်နေလို့ပါ
ဖြေကြားချက် 3 ခု