ဖြေကြားချက် ၁ ခု
ဒုတ္ထာ၂၈ ကျပ်သား ကိုရေ၅ဂါလံနှင့် ပုံးတစ်ပုံး တွင်ဖျော်ပါ ။နောက်ထပ် ပုံးတစ်ပုံးတွင် ထုံး ၂၈ ကျပ်သား ကိုရေ၅ဂါလံ တွင်ဖျော်ပါ။ ထိုသို့ဖျော်ပြီးနောက် ဖျော်ရည်နှစ်မျိုး ကိုပေါင်းစပ် လိုက်လျှင်ဘော်ဒိုဆေးရည် ရရှိ မည်ဖြစ်ပါ တယ် ။ဆေးရည်ကို ၂၄ နာရီ အတွင်း အသုံးပြုရမည်။ အချို့ စာအုပ်များတွင် တိုက်ရိုက်ရောစပ်ဖျော် ရန်ရေးထားတာ ကိုတွေ့ရပါတယ်။ သီးခြား ခွဲဖျော်ထားပါက လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် စပ်ပြီး အသုံးပြုနိုင်သည့် အတွက်ဆေးရည် ဆုံးရှုံးလေလွင့်မှု သက်သာနိုင်တယ်။ သတိပြုရန်မှာ သံ/သွပ်ပုံးများတွင် မဖျော်ရပါ။ သံ/သွပ်တို့နှင့် ဓာတ်ပြုသွားပြီး အာနိသင်သက်ရောက်မှု နည်းသွားမည် ။ဆေးရည် ကိုမွှေတဲ့နေရာမှာ လည်း သစ်သားဒုတ်၊ ပလပ်စတစ်ချောင်း တို့ဖြင့် သာမွှေပေးပါ။ ဘယ်လိုသုံးမလဲ အပင်ကိုနှံစပ်အောင် ဖျန်းပေးပါ ။နေသာပြီးခြောက်သွေ့တဲ့ မနက်စောစောမှာဖြန်းနိုင်ရင်တော့ အကောင်းဆုံးပါ။ ဖျန်းနေစဉ် အတောတွင်း မှာ ဆေးပုံးထဲ ရှိဆေးရည်များ အနယ် ထိုင်မသွားအောင် တတ်နိုင်သလောက်လှုပ်ပေးပါ။ ရောစပ်ပြီး ၂၄ နာရီအတွင်း အသုံးပြုပါ။
ဆက်စပ်မေးခွန်းများ
ဘော်ဒိုဆေးရည်လုပ်နည်းသိချင်လို့ပါ တင်းေပးပါ
ဖြေကြားချက် 2 ခု
ဘော်ဒိုမစ်ချာကဘယ်လောက်နှုန်းထည့်ဖျန်းရမလဲဆရာ
ဖြေကြားချက် 1 ခု
ဆရာတို့ဘော်ဒိုမစ်ချာပြုလုပ်နည်းလေးပြောပေးပါဆရာ
ဖြေကြားချက် 2 ခု
ဆရာတို့မြေပဲကိုဘောဒိုဆေးကဘယ်လောက်ထည့်ရမလဲဆရာ
ဖြေကြားချက် 2 ခု
ဘော်ဒိုးမစ်ချာက စပါးမှိုသက်ဆေးသုံးလိုရလား စပါးအတွက်သုံးနည်းလေးသိချင်ပါတယ်ဖြေကြားပေးပါ
ဖြေကြားချက် 3 ခု