ဖြေကြားချက် ၁ ခု
 အင်္ဂလိပ်အမည် - Millet ရုက္ခဗေဒအမည်- မျိုးအလိုက်ရှိသည်။ မျိုးရင်း - Gramineae မူရင်းဒေသ - အာရှအရှေ့ဖျား ➢ ဆပ်ပြောင်းအမျိုးအစား ခွဲခြားခြင်း အဓိကအားဖြင့် လူးနှင့် ဆပ် ဟူ၍ နှစ်မျိုးရှိသည်။ လူးပင်စည်ကို တိရစ္ဆာန်တို့ စားမိလျှင် ပူသောကြောင့် မစားနိုင် ၊ ဆပ်ပင်စည်ကို မူ တိရစ္ဆာန်တို့ စားသုံးနိုင်သည်။ လူးတွင် ရိုးရိုးလူး (panicum miliaceum) နှင့် မြက်လူး (Panicummiliare) တို့ရှိကြသည်။ လက်တွေ့ အသုံးချ ဘက်စုံစိုက်ပျိုးနည်းပညာ ဆပ် တွင် အီတလီဆပ် (Setaria italical) ကုလားဆပ် (Pennsetumty Phoide ) ဂျပန်ဆပ် ၊ ဆပ်နီ၊ ဟန်ဂေရီဆပ်၊ ကိုဒါဆပ် ဟူ၍ အမျိုးမျိုးရှိကြသည်။ အထွက်ကောင်း ဆပ်ပြောင်း တစ်မျိုး၏ အရည်အချင်း အချို့ အမျိုးအမည် - ဘာဂျရာ အမျိုးအစား - ကုလားဆပ် အပင်အမြင့် ၁၀ ပေ အနှံအရှည် ၁၄ လက်မမှ ၂၂ လက်မ အသက်ရက် ရက် ၈၀ မှ ၁၀ တစ်ဧကအစေ့အထွက်နှုန်း တင်း (၂၀) တစ်ဧက အရိုးအထွက်နှုန်း ၈ တန် မှ ၁၀ တန် ➢ ဆပ် စိုက်ပျိုးခြင်း ဆပ်သည် မြေအမျိုးအစား မရွေးသော်လည်း မြေသြဇာထက်သန် ကောင်းမွန်သောမြေတွင် အထွက်ပိုကောင်းသည်။ ဆပ်သည် ပူနွေးသော ရာသီဥတု ကြိုက်နှစ်သက်သော်လည်း အမြင့်ပေ ခြောက်ထောင်အထိ ရှိသော ကုန်းမြင့်များတွင်လည်း စိုက်ပျိုးနိုင်သည်။ သို့သော် နေ့တာတိုသော အခါမှ ပန်းပွင့် သည့်နေ့တာတိုကြိုက်ပင် ဖြစ်သည်။ မိုးစကျသည်နှင့် ထွန် ၅ စပ်၊ ၆ စပ် ဝင်ပြီးနောက် စိုက်ပျိုးရန် အသင့်ဖြစ်သည်။ မြေမာမှ ထယ်ကို သုံးရသည်။ အပူပိုင်းဒေသ သဲဆန်သော မြေတွင် ထယ်သုံးလေ့ သုံးထမရှိ။ ဆပ်ကို မိုးနှင့် မိုးနှောင်းတွင် စိုက်ပျိုးနိုင်သည်။ ဆပ်ကို နွားစာအတွက် ကြဲပက်၍ စိုက်ပျိုးနိုင်ပြီး ကြဲပြီးက ထွန်ဖြင့် ဖုံးရသည်။ အပင်ပေါက် လာလျှင် ထူလွန်းက ထွန်ဖြင့်မှုန်းရသည်။ ဤနည်းသည် တစ်ဧကလျှင် မျိုးစေ့သုံးပြည်မှ လေပြည် လိုအပ်သည်။ အတန်းလိုက် စိုက်ပါက တစ်တန်း နှင့် တစ်တန်း တစ်ပေခွာပြီး တစ်ပင် နှင့် တစ်ပင် အများဆုံး နှစ်လက်မခွာ၍ စိုက်ပျိုးရသည်။ ဤနည်းသည် တစ်ဧကလျှင် မျိုးစေ့ တစ်ပြည် နှစ်ပြည်ခန့် လိုအပ်သည်။ အစေ့များသည် သေးငယ်သော ကြောင့် မြေအနက် လက်မဝက်ခန့်သာထား၍ စိုက်ပျိုးသင့် သည်။ သဲဆန်သောမြေနှင့် အစိုဓာတ် ဆုတ်ယုတ်နေသော မြေမျိုးတို့တွင် တစ်လက်မ ကျော်ကျော် အနက်ထား၍ စိုက်ပျိုးသင့်သည်။ အပင်အသက် သုံးလခွဲ လေးလအကြာတွင် ရိတ်သိမ်းနိုင်သည်။ အနှံထိပ်ဖျားပိုင်း အစေ့များမှ စ၍ အနှံအရင်းပိုင်း အစေ့များအထိ တစ်စ တစ်စ ရင့်မှည့်သည်။ လုံး၀ မရင့်မီ ရက်အနည်း ငယ်စော၍ ရိတ်သိမ်းမှ အလေအလွင့် နည်းစေသည်။ ထိုအချိန်၌ အပင်မှာမူ စိမ်းနေသေးသည်။ ဆပ်တွင် ကျရောက်တတ်သော ဖျက်ပိုး နှင့် မှိုရောဂါ အထင်အရှား မရှိသေးပါ။ စိုက်ပျိုးရေးဦးစီးဌာန
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်သီးပင်ကတအားကျပ်နေလို့ဘယ်လိုအကိုင်းတွေကိုဖယ်ရမလဲဆရာ
ဖြေကြားချက် 1 ခု
မြေပြန်.ဒေသ လယ်ယာခင်း' ငရုတ်ကုလားအော်'ငရုတ်မိုးမျော်သီး အစေ့နဲ့တိုက်ရိုက်စိုက်မယ်ဆိုရင်'နွားချေးနဲ့ဘာမြေသြဇာ...
ဖြေကြားချက် 0 ခု
ဖရဲစိုက်ပျိုးနည်သိချင်လို့ပါ
ဖြေကြားချက် 2 ခု
ရွက်ဖျားခြောက်တွေများနေလို့ပါဆရာဘာဖြစ်တာလဲဆရာ
ဖြေကြားချက် 4 ခု
ငရုပ်ပင်နှင့်သခွါးတွဲစိုက်လို့ရမလားခင်ဗျမစိုက်ဖူးလို့ပါအလင်းပြပေးပါဆရာများခင်ဗျာ
ဖြေကြားချက် 1 ခု