အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၇ နှစ် က · ဖာပွန်

နို့စားနွားမွေးထားပါတယ်။ နွားတွေကို အစာကျွေးပေမယ့် ပိန်နေပါတယ်။ နွားအစာကျွေးစနစ်၊ လတစ်လခြင်း ကာကွယ်ဆေးထိုး စ...

နို့စားနွားမွေးထားပါတယ်။ နွားတွေကို အစာကျွေးပေမယ့် ပိန်နေပါတယ်။ နွားအစာကျွေးစနစ်၊ လတစ်လခြင်း ကာကွယ်ဆေးထိုး စနစ်များကို ပြောပြပေးစေလိုပါသည်။ ကျေးဇူးတင်ပါတယ်ခဗျာ

အာဟာရဗေဒ နွား
9

ဖြေကြားချက် ၉ ခု

522 လွန်ခဲ့သော ၇ နှစ် က

နွားလေးကောင်အတွက် ဝါစိနဖက် ၄ပိသာ ပဲတီစိမ်းမူန့် ၂ ပိသာ ပွိုင့် ၁ ပိသာ ပဲတီစမ်းမူန့်ကရေစိမ်ကျွေးပါတယ်

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

ကျွေးတဲ့အစာရဲ့ စွမ်းအင်ဓာတ်နဲ့ အသားဓာတ်ပါဝင်မှုကိုတွက်ချက်ပေးဖို့အတွက် ဘယ်အစာကို ပိဿာဘယ်လောက်ကျွေးတယ်ဆိုတာ ပြောပြပေးပါ။ ဖွဲနုနဲ့ဆန်ကွဲနု အရောက ဘယ်လောက်အချိုးပါလဲ။ ပဲတီစိမ်းမှုန့် ကရေစိမ်ကျွေးသေးလား။

290 လွန်ခဲ့သော ၇ နှစ် က

နို့စားနွားများကို နေဗီယာမြက်၊ကောက်ရိုး၊ ဝါစိနဖက်၊ ပဲတီစိမ်းမှုန့်နှင့် ပွိုင့်(ဖွဲ၊ဆန်ကွဲနု) ရောပြီးကျွေးပါတယ်။ အသားဓာတ်အနေနဲ့ ဘယ်လို အစာမျိုးကျွေးဖို့ လိုအပ်ပါသလဲ ခဗျာ။

31,241 လွန်ခဲ့သော ၇ နှစ် က
အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

နွားမွေးမြူနည်းပညာထဲက ကျန်းမာရေးထဲမှာပါပါတယ်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

နွားမွေးမြူနည်းပညာထဲက အခြေခံအာဟာရမှာဖတ်ကြည့်ပါ။ မရှင်းသည်ကိုပြန်မေးနိုင်ပါတယ်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

နောက်တခုက ရေ ပါ။ နွားနို့ထဲမှာ ရေက ၈၇% ခန့် ပါဝင်ဖွဲ့စည်းထားတာပါ။ ၁ ပိဿာမှာ ၈၇ ကျပ်သားခန့်နှုန်းပေါ့။ ဒါကြောင့် ရေကို ကြိုက်တဲ့အချိန်သောက်နိုင်စေရန်ထားပေးခြင်းဖြင့် နို့ထွက်နှုန်းတိုးလာမယ်။ အစာစားနှုန်းတိုးလာမယ်။ အချင်းကျန်တာမျိုးနည်းလာမယ်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

(၂) အသားဓာတ် သည် ကိုယ်တွင်းအင်္ဂါတွေဖွံ့ဖြိုးဖို့ ကျန်းမာပြီး ခန္ဓာကိုယ်ကြီးထွားဖို့ ပိန်နေရင် ဝစေဖို့ နို့သားတက်စေဖို့ စသည်တို့အတွက်လိုအပ်သည်။ အသားဓာတ်လိုတာထက်များရင်တော့ ခန္ဓာကိုယ်က လိုသလောက်ပဲယူပြီး ကျန်တာ ဆီးထဲပါသွားမှာပါ။ အသားဓာတ်ကျွေးတာများလွန်းရင် ဆီးမှာ ပုံမှန်မဟုတ်တဲ့ အနံရနေပါလိမ့်မယ်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

အစာကျွေးပေမယ့် ပိန်နေတယ်ဆိုတာက ကျွေးတဲ့အစာသည် နွားအတွက် လိုအပ်သည့် အာဟာရ (စွမ်းအင်ဓာတ်။ အသားဓာတ်) လုံလောက်မှုမရှိလို့ပါ။ (၁) စွမ်းအင်ဓာတ်သည် ခန္ဓာကိုယ်သက်ရှင်လှုပ်ရှားရန် နို့ထွက်စေရန် သားအောင်စေရန် ကျန်းမာစေရန် စသည်တို့အတွက်လိုအပ်ပါတယ်။ ### စွမ်းအင်ဓာတ်ချို့တဲ့ရင် နည်းရင် အစားအသောက်ပျက်မယ်။ နို့ထွက်နှုန်းကျမယ်။ သားအောင်နှုန်းကျမယ်။ မလုံလောက်တော့ လိုအပ်တဲ့ စွမ်းအင်ကို အဆီကနေဖြိုခွဲယူတဲ့အတွက် ကိုယ်တွင်းအဆီတွေခမ်းလာမယ်။ ပိန်မယ်။ လဲမယ်။ ### စွမ်းအင်ဓာတ်လိုတာထက်များရင် နွားက အဆီတက်လာမယ် ဝလာမယ်။ ပိန်ရင်လည်းသားမအောင်နိုင်သလို ဝလွန်းရင်လည်းသားမအောင်နိုင်ပါဘူး။ နို့ထွက်ကျပါမယ်။ ##နွားတွေ လဲကျတဲ့နေရာမှာ ဝတဲ့နွားတွေလည်း လဲတာရှိပါတယ်။ ကယ်စီယမ်ဓာတ်ချို့တဲ့ရင် ဝ ပြီး လဲပါတယ်။ ဒါက ကယ်စီယမ်ပေးရင်ရပါတယ်။ စွမ်းအင်ဓာတ်ချို့တဲ့တာကျတော့ ပိန်ပြီး လဲပါတယ်။ ဥပမာပြောရရင် အာဟာရလုံလုံလောက်လောက်မရလို့ ပင်ပန်းနေတဲ့သူကို အလုပ်ကြမ်းခိုင်းနေသလိုပဲ။ အားမရှိပါဘူးဆိုသလိုပေါ့။ နွားကလည်း သဘာဝအရကို သူပိန်နေလည်း နို့ထုတ်ပေးနေမှာပဲ။ နည်းတာပဲရှိမယ်။ ခန္ဓာကိုယ်က ဖြစ်သလိုလုပ်ပြီး ထုတ်ပေးနေရတာပဲ။### ဒါကြောင့် လိုအပ်တဲ့ အသားဓာတ်ပြည့်မီအောင် အစာမှာပါဝင်တဲ့ အာဟာရတန်ဖိုးကို သိဖ်ု့ တွက်ချက်ကျွေးဖို့လိုပါတယ်။ အထူးသဖြင့် နွားကလေးမွေးပြီး နို့ပေးကာလ ၃ ၄လအတွင်းသည် နွားမအတွက် စွမ်းအင်ဓာတ်ပြည့်ဝဖို့လိုပါတယ်။ နို့အမြင့်ဆုံးပေးနေရချိန် မွေးပြီးစမို့ အစားကောင်းကောင်မစားနိုင်သေးချိန် ကိုယ်ဝန်ဆောင်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နေရချိန်တွေဖြစ်လို့ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။