အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
186
လွန်ခဲ့သော ၂ နှစ် က · ကျောက်ဆည်

ဧရာပဒေသာစပါးမျိုးအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာ N.P.Kကို ပျိုးသက်အလိုက် ကျွေးသင့်တဲ့အချိုးအစား(ကျွေးရမယ့်ဓာမြေဩဇာအ...

ဧရာပဒေသာစပါးမျိုးအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာ N.P.Kကို ပျိုးသက်အလိုက် ကျွေးသင့်တဲ့အချိုးအစား(ကျွေးရမယ့်ဓာမြေဩဇာအမျိုးအစား)ကို ပညာရှင်များနဲ့ အတွေ့အကြုံရင့်တောင်သူကြီးများ အလင်းပြပေးစေချင်ပါတယ်ဗျ။ N.P.K သုံးမျိုးဟာ အပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ပိုပြီးသက်ရောက်စေပါသလဲဗျ။ လက်ရှိမှာ တောင်သူတွေဟာ စနစ်တကျမဟုတ်ပဲ သူများသုံးတာကောင်းတယ်ဆိုတဲ့အသိနဲ့ပဲ သုံးနေကြတာတွေ့ရလို့ပါဗျ။

Post image

ဖြေကြားချက် ၂ ခု

193,301 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်
193,301 လွန်ခဲ့သော ၂ နှစ် က

ဧရာပဒေသာက သက်တမ်း ၁၄၀- ၁၄၅ ရက်မျိုးမို့ ဆရာဦးဘဟိန်းစာအုပ်ထဲက မြေဩဇာကျွေးနည်းကို ဖော်ပြပေးလိုက်ပါတယ်။ စာအုပ်ကိုဖတ်ချင်တယ်ဆိုရင်တော့ စာအုပ်စင်မှာ Free Down လို့ရပါတယ်။ N >> အရွက်တွေစိမ်းပြီး ကြီးထွားနေဖို့ကို ကူညီပေးပါတယ်။ P>> အပင်စွမ်းအင်ပြောင်းလဲမှုမှာ အရေးကြီးတဲ့ဓာတ်ပဲဖြစ်ပါတယ်။ မီးစုန်းဓာတ်လို့လည်း ခေါ်ကြပါသေးတယ်။ ဖော့စပရပ်ဓာတ် မလုံလောက်ဘူးဆိုရင် အရွက်ထဲမှာ ထုတ်လုပ်လိုက်တဲ့ ကာဗိုဟိုက်ဒြိတ်ကို ပန်းပွင့်၊ သီးနေဆဲအသီးတွေဆီ ပို့ဆောင်ပေးနိုင်မှာ မဟုတ်တော့သလို အမြစ်တွေ၊ ဥတွေထဲမှာလည်း သိုလှောင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ K>> ဖိုတိုဆင်းသစ်ဖြစ်စဉ်အတွက် အပင်ဆဲလ်တွေ ကျုံနိုင်စွမ်းအားနဲ့ ရေတွေရွေ့လျားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ဖြစ်ပါတယ်။ စတိုမာအပေါက်လေးတွေ အဖွင့်အပိတ်လုပ်ဖို့အတွက် ထိန်းချုပ်ပေးတဲ့ ဓာတ်လည်းဖြစ်ပါတယ်။ ပိုတက်ဆီယမ်ကို အပင်လေးတွေ လုံလုံလောက်ကျွေးမယ်ဆို ရေငတ်ဒဏ်၊ ရောဂါပိုးမွှားဒဏ်ခံ၊ နှင်းခဲရိုက်ဒဏ်ကို ခံနိုင်ရည်ရှိစေပြီး သီးနှံတွေရဲ့ အရသာကို တိုးစေပါတယ်။ တောင်သူတွေ ဗဟုသုတ ကြွယ်ဝစေဖို့ကတော့ အစိမ်းရောင်လမ်းထဲမှာ ရှိတဲ့ ဆောင်းပါးကဏ္ဍမှာ ဆောင်းပါးပေါင်း တစ်သောင်းနီးပါးရှိပါတယ်။ ကောင်းကောင်းအသုံးချလို့ရတာမို့ နီးစပ်ရာကိုပါမျှဝေပေးပါဦးရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာတို့ ကောက်ပင်၁၅ရက်သားမှာ 7:20:20နဲ့ ပုလဲနဲ့ရောပတ်ချင်ပါတယ် လေးဧကကိုသုံးလုံးပတ်ပါမယ်ဗျ ပုလဲ၂လုံး နဲ့ 7:20:20...

ဖြေကြားချက် 1 ခု

ဆရာ ဒို့ဦးလေးခင်ဗျာ စပါးမကြဲခင်က (P)မြေသြဇာကိုမြေခံမထည့်လိုက်ကဘူး ခုစပါးက ၂လသားရှိ့ပါပြီ (P)မြေသြဇာကြွေးလို့ရ...

ဖြေကြားချက် 2 ခု

ဧရာမင်းတိုက်ရိုက်ကျဲခင်း၁၉ရက်သားပါတစ်လပြည့်ပြီးရင်မြေဩဇာကျွေးချင်လို့ပါခင်ဗျ Nများတာတမျိုးပဲ၀ယ်ပြီးနွားချေးနဲ့...

ဖြေကြားချက် 3 ခု

ဆရာကြီးများခဗျာ ဆင်းသုခစပါးအသက်အစေ့ချတဲ့နေ့ကစ ၇၂ရက်သား ရက်၃၀မှာပုလဲတကြိမ် ၆၀မှာပုလဲနဲ့အာမိုရောကျွေးတာတကြိမ် အ...

ဖြေကြားချက် 1 ခု

NPKသုံးမျိုးလုံးပါဝင်တဲ့ကွန်ပေါင်းမြေဩဇာကိုမြေခံသုံးချင်လို့ပါNဆုံးရှုံးမှုနည်းအောင်ဘယ်လိုအချိုးမျိုးသုံးရမလဲ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။