ဖြေကြားချက် ၂ ခု
ဒီလိုလဲဝင်ကြည့်လို့ရတယ်ဗျ
မြေသြဇာ ထက်သန်ပြီးရေစီးစိမ့်မှုကောင်းသော သဲဆန်သောမြေ၊ နုန်းမြေ၊ ဂဝံမြေနီများသည် နာနတ် စိုက်ပျိုးရေးအတွက် အသင့်တော်ဆုံးမြေများပါ။ အသင့်တော်ဆုံးမြေ အချဉ်အငံဓာတ် pHမှာ (၅.၅-၆) ဖြစ်ပါတယ်။ စိုက်ပျိုးစနစ်မှာ မြေမျက်နှာပြင် အနေအထားနှင့် မိုးရေချိန်ပေါ် မူတည်၍ ကွဲပြားပါသည်။ (က) စိုက်ကျင်းပြုလုပ်စိုက်ပျိုးခြင်း မြေဆီလွှာ တိုက်စားမှု မရှိသောနေရာများတွင် ဤနည်းဖြင့် စိုက်ပျိုးပါသည်။ (၁၅-၂၀) စင်တီမီတာ(၆ပေ-၈ပေ) အနက်ရှိ စိုက်ကျင်းများတူး၍ စိုက်ပါ။ မိုးများသောဒေသများတွင် ရေနုတ်မြောင်း ပြုလုပ်ပေးပါ။ (ခ) ထယ်ရေးမြောင်း ပြုလုပ် စိုက်ပျိုးခြင်း ကမ်းရိုးတမ်းဒေသ မိုးရေချိန် အသင့်အတင့်ရှိသော နေရာများတွင် စိုက်ပျိုးသော နည်းစနစ် ဖြစ်ပါသည်။ ဤစိုက်ပျိုးစနစ်တွင် ရေသွင်းပေးခြင်းမရှိပါ။ စိုက်ပျိုးရာတွင် (၃၀-၄၀) စင်တီမီတာ(၁၂ပေ-၁၆ပေ)အနက်ရှိ ထယ်ရေးမြောင်းအတွင်း အပင်များ စိုက်ပျိုးခြင်းနှင့် (၁.၂-၁.၅) မီတာ (၄၇ပေ-၅၉ပေ) အကျယ်ရှိဘောင်ပေါ် စိုက်ပျိုးခြင်းကို တစ်လှည့်စီ စိုက်ပျိုးသွားခြင်း ဖြစ်ပါသည်။ (ဂ) တူးမြောင်းရှည်များပြုလုပ်စိုက်ပျိုးခြင်း စိုက်တန်း (၂) တန်းဝင် စိုက်မြောင်းနှင့်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ စိုက်ကွင်းတွင် စိုက်မြောင်းနှင့် စိုက်ဘောင်တို့ တစ်လှည့်စီ ဖြစ်နေပါမည်။ ဆင်ခြေလျှောကုန်းစောင်းတွင် ကုန်းစောင်းကို ကန့်လန့်ဖြတ်၍ စိုက်မြောင်းများ တူးရပါမည်။ စိုက်မြောင်း အနက်သည် (၂၂.၅- ၃၀) စင်တီမီတာ(၉ပေ-၁၂ပေ)ရှိရပါမည်။ စိုက်မြောင်းတိုင်းတွင် (၁၀-၁၅) စင်တီမီတာ(၄ပေ-၆ပေ) အနက်ရှိ ထယ်ရေးမြောင်း ခပ်တိမ်တိမ်နှစ်ကြောင်းပြုလုပ်ပြီး စိုက်မြောင်းနှုတ်ခမ်းမှ (၁၅) စင်တီမီတာ(၆ပေ) ချန်ထားကာ Sucker နှင့်Slip များကို ထယ်ရေးမြောင်းများတွင် စိုက်ပျိုးပါသည်။ စိုက်မြောင်းတစ်ခုတွင်း စိုက်ကြောင်း (၂) ကြောင်း ပြုလုပ်ပြီး စိုက်ပျိုးရာတွင် စိုက်ပျိုးသည့် အပင်များ တစ်ပင်နှင့်တစ်ပင် မျက်နှာချင်းဆိုင် မဖြစ်စေရပါ။ အပင်လွှဲ၍ စိုက်ပျိုးရမည်။ စိုက်စနစ်အားလုံးအတွက် ပင်ကြား (၂၅) စင်တီမီတာ(၁၀ပေ)၊ တန်းကြား (၆၀) စင်တီမီတာ(၂၄ပေ)၊ စိုက်မြောင်းအကွာအဝေး (၉၀) စင်တီမီတာ(၃၅ပေ)ဖြင့် စိုက်လျှင် တစ်ဧကအပင်ဦးရေ (၃၄၀၅၀) ဝင်ဆန့်ပါသည်။
ဆက်စပ်မေးခွန်းများ
ရာသီချိန်မဟုတ် နာနတ်သီး သီးအောင် ဘာဆေးသုံးရမလဲဆရာ ဘာမြေသြဇာထည့်ရမလဲ
ဖြေကြားချက် 0 ခု
နာနတ်သီး အသီးကြီးအောင် ဘယ်လိုမြေသြဇာထည့်ရမလဲ
ဖြေကြားချက် 0 ခု
ကျွန်တော် နာနတ်စိုက်ထားတာ အပင်တွေက အများအားဖြင့် အဝါရောင် အနီရောင်သန်းနေပါတယ် အပင်က သန်ပေမယ့် အရောင်က မစိမ်းဘဲ...
ဖြေကြားချက် 2 ခု
လိမ္မော်ပင်ကြားမှာ နာနာပင်စိုက်ရင်အဆင်ပြေနိုင်ပါသလားခင်ဗျာ သိတဲ့သူများ အလင်းပြကြပါ
ဖြေကြားချက် 1 ခု
နာနတ်သီး မျိုးရချင်လို့ပါ ပင်းတယ မြို့နယ်ကပါ
ဖြေကြားချက် 0 ခု