အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၂ နှစ် က · ကျိုက်ထို

ပုဇွန်ချီးဖြူ ဖြစ်ရင် ဘယ်လိုဆေးမျိုးသုံးသင်သလဲဗျာ။

ရောဂါဗေဒ
Post image

ဖြေကြားချက် ၁ ခု

6,582 လွန်ခဲ့သော ၂ နှစ် က

ပုစွန်များတွင် အဖြူရောင်ရှိသောမစင်များစွန့်ထုတ်ခြင်း (ပုစွန်ချီးဖြူခြင်း) သည်ရောဂါတစ်မျိုးဖြစ် သည်။ ယင်းကို " White Feces Syndrome- WFS " Disease ဟုခေါ်သည်။ WFS ​ရောဂါသည် လူသားများတွင်ဝမ်းလျှောခြင်းနှင့်ဆင်တူသည်။ WFS သည် EHP Disease နှင့်ဆက်စပ်နေသော ပုစွန်ဝမ်းလျှော ရောဂါဖြစ်သည်။ အဆိုပါ EHP Disease သည် အာရှနှင့်အရှေ့တောင်အာရှနိုင်ငံအများအပြားတွင် မွေးမြူထားသောပုစွန် Penaeus vannamei spp. မျိုးစိတ်များကိုထိခိုက်စေသည့်ရောဂါဖြစ်သည်။ EHP ကူးစက်မှုမှတစ် ဆင့် Vibrio spp: (လူသားများတွင်ကာလဝမ်းရောဂါဖြစ်စေသည့်ဘက်တီးရီးယားပိုး) ကူးစက်မှုဖြစ်စေနိုင်သည်။ ကုသမှု (Treatment) (၁) အကြွင်းအကျန်အညစ်အကြေးများပြိုကွဲပျက်ဆီးမှုမြန်ဆန်စေရန်လေပေးစက် (Aerators)အားလုံးကိုပါဝါအပြည့်ဖွင့်ထားပေးရန်၊(အဆိုပါ Facility ရှိပါက) (၂) အစာကျွေးခြင်းကို တစ်ရက်ရပ်ထားပေးရန်၊ (၃) အစာကိုဖြေးဖြေးခြင်းပြန်ကျွေးပေးရန် (အလေအလွင့်မရှိစေရပါ) (၄) အသုံးပြုသင့်သည့်ဆေးအနေဖြင့် အကျိုးပြုဘက်တီးရီးယားပိုး (Bacillus spp:) ပါသော Probiotic ကိုသင့်တော်သည့်နှုန်းဖြင့် ပုစွန်ကန်အတွင်းထည့်သွင်းပေးရန်၊ ဖော်ပြပါအချက်များသည် လူကြီးမင်းအတွက်အထောက်အကူဖြစ်မည်ဟု ယူဆပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။