ဖြေကြားချက် ၁ ခု
၁။ အစေ့ သေးတဲ့ ပဲမျိုးကို ရွေးပါ ပဲအမျိုးအစား အားလုံးနီးပါးက အပင်ဖောက်လို့ရပါတယ်။ ဒါပေမယ့် အစေ့သေးတဲ့ ပဲအမျိုးအစားကတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ အစေ့ကြီးတဲ့ မျိုးတွေမှာ ဆိုရင်တော့ စိုစွတ်မှု အချိန်ကြာလာတာနဲ့ အမျှ မှိုတက်ဖို့ အလားအလာများပါတယ်။ - ပဲတီစိမ်းက အညှောင့်ဖောက်ဖို့အတွက် အသုံးအများဆုံး ပဲမျိုးဖြစ်ပါတယ်။ - အခြား အစေ့သေးတဲ့ ပဲမျိုးတွေလည်း အသုံးပြုနိုင်ပါတယ်။ ၂။ ခြောက်သွေ့သော ပဲစေ့နဲ့ စပါ။ လတ်လတ်ဆက်ဆက် ရိတ်သိမ်းပြီးစ မျိုးစေ့တွေက မြန်မြန်ပျက်စီးနိုင်ပါတယ်။ အခြောက်ခံထားတဲံ မျိုးစေ့တွေက မြန်မြန်အပင်ပေါက်ပြီး ရက်လွန်နေတဲ့ အစေ့တွေ မဖြစ်ဖို့တော့ လိုပါတယ်။ ၃။ အသုံးပြုမယ့် အစေ့တွေက ရောဂါပိုးကင်းမကင်း သေချာအောင် လုပ်ရပါမယ်။ ရောဂါပိုးတွေကပ်ပါလာရင် လိုချင်တဲ့ ပဲပင်ပေါက်မရဘဲ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပဲစေ့က အကောင်းဆုံးပါပဲ။ ပုလင်းထဲမှာ ဖောက်ခြင်း ၁။ ဖန်ပုလင်းကို ဆေးကြော သန့်ရှင်းပါ။ ဖန်ပုလင်းကတော့ အိမ်မှာလည်း ရှိနိုင်သလို ဆိုင်ကနေလည်း အလွယ်တကူ ဝယ်လို့ရပါတယ်။ ပုလင်းကို ရေနွေး၊ ဆပ်ပြာတို့နဲ့ သေသေချာချာ ဆေးကြောပါ။ ၂။ ပဲစေ့တွေကိုလည်း ရေဆေးပေးပါ။ ပဲစေ့တွေကို ဇကာထဲထည့်ပြီး ရေအေးအေးနဲ့ လောင်းချပေးပါ။ ၃။ ပုလင်းရဲ့ ၅ ပုံ ၁ ပုံ ထိ ပဲစေ့ထည့်ပေးပါ။ အကောင်းဆုံးကတော့ အစေ့နည်းနည်းထည့်ပေးတာပါပဲ။ ပဲစေ့တွေ အများကြီးထည့်လိုက်မယ်ဆိုရင်တော့ အပင်ပေါက်တွေက အရမ်းကြပ်လာပြီး မှိုနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားပေးသလိုဖြစ်လာပါလိမ့်မယ်။ ၄။ ရိုးရိုးရေကို ပုလင်းထဲ လောင်းထည့်ပေးပါ။ ပုလင်းထဲ ရေပြည့်သွားတဲ့အထိ လောင်းထည့်ပါ။ ပြီးနောက် ပုလင်းကို ပုံမှာ ပြထားတဲ့အတိုင်း ပိုက်ကွက်စနဲ့ အုပ်ပေးပါ။ ၅။ အခြား တစ်နည်းအားဖြင့် ပုလင်းကို ချည်သား အဝတ်စနဲ့ ပိတ်ထားပါ။ သေချာ မြဲမြန်စေရန်အတွက် အဝတ်စအုပ်ပြီး သရေကွင်းဖြင့် စည်းထားပါ။ ချည်သားစက လေလုံအောင် ပိတ်မထားပေမယ့် မှိုတွေ ဝင်ရောက်မှုကို တားနိုင်ပါတယ်။ လေလုံစေမယ့် ပုလင်းအဖုံးတွေနဲ့ မပိတ်လိုက်ပါနဲ့။ ၆။ ပုလင်းကို နေရောင် တိုက်ရိုက်မကျသော နေရာတွင်ထားပါ။ နေရောင်တိုက်ရိုက်မကျသော နေရာတွင် ပဲစေ့များကို ၈ နာရီမှ ၁၀ နာရီကြာအောင် ရေစိမ်ထားပါ။ ၇။ ဇကာစ သို့မဟုတ် အဝတ်စကို မဖယ်ပဲ ရေသွင်ထုတ်ပါ။ ရေသွင်ထုတ်ပြီးနောက် အဖုံကို ဖွင့်ပြီး ရေလောင်းထည့်ပေးပါ။ ထို့နောက် ပုလင်းကို လှုပ်မွှေပါ။ အဝတ်စ ပြန်ပိတ်ပြီး ရေကို ပြန်သွန်ထုတ်ပါ။ ၈။ အဖုံးအုပ်ထားသော ပုလင်းကို နွေးပြီး နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ။ မှောင်နေသော ကြောင်အိမ် စသည့်နေရာတို့တွင် အကောင်းဆုံးဖြစ်ပါတယ်။ ပဲစေ့များကို အထက်ပါ အဆင့်အတိုင်း ရေ တစ်ရက် နှစ်ကြိမ် ဆေးပေးပါ။ ရေဆေးပေးခြင်းအားဖြင့် ပဲစေ့များကို သန့်ရှင်းပြီး စိုစွတ်နေစေမှာ ဖြစ်ပါတယ်။ ၉။ ရက်အနည်းငယ်ကြာအောင် ပဲပင်ပေါက်လာမှုကို စောင့်ကြည့်ပါ။ ပဲစေ့တွေက ၂ ရက်မှ ၃ရက်အတွင်း အပင်ပေါက်လာပြီး ၄ ရက် မှ ၅ ရက်အတွင်း စားသုံးနိုင်မယ့် အကောင်းဆုံးအနေအထားသို့ ရောက်ရှိပါတယ် ၁၀။ ပဲပင်ပေါက်များ အရှည် ၁ လက်မ မှ ၃ လက်မအတွင်း ရောက်ရှိလာပါက ပုလင်းထဲမှ ထုတ်နိုင်ပါပြီ။ ပဲပင်ပေါက်များကို ပုလင်းထဲမှ ထုတ်ပြီး ရေဆေးပါ။ ပြီးနောက် ရေများကို ဇာကာဖြင့် ၈ နာရီခန့် စစ်ထားပါ။ အခုဆို ပဲပင်ပေါက်ကို အိမ်မှာပဲ ကိုယ်တိုင် ဖောက်စားလို့ရပါပြီ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲလွမ်းခင်း အစိုကိုက်ပြီး ပိုး ကျနေတယ် ဘာဆေးဖျန်းရမလဲရှင့်
ဖြေကြားချက် 2 ခု
တိုင်ထောင်ပဲအရွက်တွေဝါနေလို့ဘာဆေးသုံးရမလဲ ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 3 ခု
ပဲကြီးဈေးက တက်ဖို့အခြေအနေရှိပါသလား
ဖြေကြားချက် 0 ခု
အရွက်မှာမိူသံချေးကျပီးအသီးမှာပိုးဖောက်လို့ပါဆေးညွန်ပါအူံးဆရာ
ဖြေကြားချက် 5 ခု
အပင်တွေသေနေတာအရွက်တွေနွမ်းပြီးဘာဆေးသုံးရမှာလည်းဗျာ
ဖြေကြားချက် 0 ခု