ဓာတ်မြေဩဇာအသုံးပြုနည်းသိရှိလိုပါသည်ခင်ဗျ။ေမြအမျိုးအစား အလယ်အလတ် ။နွားချေးကြွေးပါသည်။ကုန်းမြေအမျိုးအစားပါခင်...
ဓာတ်မြေဩဇာအသုံးပြုနည်းသိရှိလိုပါသည်ခင်ဗျ။ေမြအမျိုးအစား အလယ်အလတ် ။နွားချေးကြွေးပါသည်။ကုန်းမြေအမျိုးအစားပါခင်ဗျာ။ကျွန်တော်တို့အသုံးပြုလေ့ရှိတာက ကြက်သွန်နီမှာဆိုရင် (၂)ကြိမ် ကြွေးလေ့ရိပါတယ်။ပထမအကြိမ် မြေခံမှာထည့်ကြွေးပါတယ်။ပထမ မြေခံအဖြစ် (၁၀ တောင်ပတ်လည် )တစ်ကျင်းကို ၁၅-၁၅-၁၅ ပတ်လည် စသည်ကို( ၂)ဗူး ထည့်ပါတယ်။ဒုတိယကြက်သွန်နီ (၄၅)ရက်သားလောက်မှာ ၁၅-၁၅-၁၅ ပတ်လည်ကို (၁)ဗူးကြွေးပါတယ်။ ကြက်သွန်နီ အတွက် စုစုပေါင်း Compound (or) Complex ဓာတ်မြေဩဇာ ဟာဆိုရင် (၁၀ တောင်ပတ်လည်)တစ်ကျင်းစာအတွက် (၃)ဗူးခန့်လောက် ထည့်ကြွေးလေ့ရှိပါတယ်။ပုလဲကတော့ စုစုပေါင်း တစ်ကျင်းစာကို(၃)ဗူးမှ(၄)ဗူးခန့်လောက်ကြွေးလေ့ရှိပါတယ်။အပင်အခြေအနေအရ သူ့ကိုတော့ကြွေးတာပါ။ပြီးခဲ့တဲ့နစ်ကတော့သိပ်အဆင်မပြေပါခင်ဗျာ။ရွက်ဖြန်းအားဆေး၊မှိုသတ်ဆေး၊ပိုးဆေးများလည်းသုံးပါတယ်။၁၅-၁၅-၁၅ Compound (or)Complex မှာ နိုက်ထရိုဖော့စကာ သုံးပါတယ်။ပုလဲက မြင်းပျံသုံးပါတယ်။ကြက်သွန်အပင်ကောင်းပါတယ်။အလက်ကောင်းပါတယ်။ဥ က သိပ်မဖြစ်ထွန်းပါ။ ဓာတ်မြေဩဇာသုံးနည်း မျှဝေပါခင်ဗျာ။တောင်သူ လုပ်စမို့ပါခင်ဗျာ။ဆရာကြီးများ ကျေးဇူးပြု၍ ကူညီကြပါခင်ဗျာ။ (PS ကျွန်တော်တွေးမိတာ ၁။၁၅-၁၅-၁၅ ကိုမြေခံ အနည်းငယ်လျှော့ အပင်သက်တမ်းတစ်လျှေက် နည်းနည်းချင်းဆီကြွေးရမလား? ၂။ပုလဲနဲ့အားဆေးများလို့ ကြက်သွန်ပင် လည်ပင်ရှည် ဥအဆင်းနဲတာလာ? စသည်..)