အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
293
လွန်ခဲ့သော ၇ နှစ် က · မကွေး

ငှက်ပျောစိုက်ပျိုးနည်းပညာမှာ ဖီးကြမ်းနှင့်သီးမွှေးငှက်ပျောစိုက်နည်းများ၏အောက်ပါအချက်များကိုမေးချင်ပါတယ် ဆရာ...

ငှက်ပျောစိုက်ပျိုးနည်းပညာမှာ ဖီးကြမ်းနှင့်သီးမွှေးငှက်ပျောစိုက်နည်းများ၏အောက်ပါအချက်များကိုမေးချင်ပါတယ် ဆရာတို့ခင်များ- မြန်မာအမည်၊အင်္ဂလိပ်အမည်၊စိုက်ပျိုးမည့်နေရာဒေသ၏ရာသီဥတု၊အပင်ကြိုက်နှစ်သက်သည့်မြေမျက်နှာသွင်ပြင်၊အပူချိန်၊မြေအမျိုးအစား Examတစ်ခုဖြေဖို့ရှိလို့ပါခင်ဗျာ။အင်္ဂါနေ့ဖြေတော့မှာမို့လို့ပါ။ဆရာပေးထားတဲ့PPကအခြေခံအချက်ပဲပါလို့ပါခင်ဗျာ။၁၅-မှတ်ဖိုးမေးထားတာမို့လို့ ဆရာတို့ကူညီပေးပါအုန်း။fbမှာ ဘယ်လိုမှရှာမရလို့ပါ။ဒီSWမှာလည်းရှာတာမတွေ့လို့ပါခင်ဗျာ။

စိုက်ပျိုးနည်း ငှက်ပျော
2

ဖြေကြားချက် ၂ ခု

လွန်ခဲ့သော ၇ နှစ် က

သိသလောက်လေး ငှက်ပျောသည် သင့်တော်သော အပူချိန်ဖြစ်သည့် နေ့အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်နှင့် အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ်အောက် မနိမ့်သော ပူအိုက်စွတ်စိုသည့် ပတ်ဝန်းကျင်တွင် ကောင်းစွာ ပေါက်ရောက်နိုင်ပါတယ်။ သွင်းရေပြတ်သည့် အချိန်အတွင်း တစ်နှစ်လျှင် သုံးလထက် မနည်း မိုးရေ လုံလောက်စွာ ရရှိဖို့လိုပါတယ်။ ငှက်ပျောသည် မြေမျိုး အတော်များများတွင် စိုက်ပျိုးလို့ရပေမယ့် မြေသား ထူခြင်း၊ ရေသွင်းရေထုတ်ကောင်းခြင်းနှင့် အသင့်အတင့် မြေအချဉ်ဓာတ်ရှိခြင်း များ မရှိလျှင် စီးပွားရေး တွက်ချေကိုက်သော သီးနှံဖြစ်လိမ့်မည် မဟုတ်ပါ။ မြေသားသည်လည်း မြေဆွေးဓာတ် ပါဝင်မှု မြင့်မားရင်အကောင်းဆုံးပါ။

လွန်ခဲ့သော ၇ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။