အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၁ နှစ် က · ဖျာပုံ

ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်...

ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်

ရောဂါဗေဒ ငါးအသေပြဿနာ
Post image
1

ဖြေကြားချက် ၁ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

ကန်က ပေ ၅၀ ပတ်လည် (0.25 ဧက) ဖြစ်ပါတယ်၊ ရေအနက်သိဘို့လိုပါတယ်၊ အနည်းဆုံး ရေအနက် ၄ - ၅ ပေရှိဘို့လိုပါတယ်၊ ရေစိမ်းတာကောင်းပေမဲ့ သိပ်စိမ်းလွန်းရင် (ဥပမာ အစိမ်းပုတ်ရောင်) မကောင်းပါဘူး၊ ရေတိမ်လွန်းတဲ့အခါ ငါးထည့်သွင်းနှုန်းမြင့်မားသလိုဖြစ်ခဲရင် ကန်ထဲမှာ ရှိတဲ့ပျော်ဝင်အောက်ဆီဂျင်က ငါးတွေအတွက်မလုံလောက်တဲ့အခါလဲကြာလာရင်သေနိုင်ပါတယ်၊ မနက်စောစောအချိန်တွေမှာ ကန်ထဲကြည့်ပါ၊ ငါးလေးတွေ ကမ်းစပ်တက်လာ/မလာ၊ တက်လာပြီး ပါးစပ်ဟအသက်ရှုတာတွေ့ရင် အောက်ဆီဂျင်ပြတ်လို့ပါ၊ ရေသိပ်တိမ်လွန်း (၃ ပေအေါက်) ဆိုရင်လဲ နေ့ခင်းနေပူတဲ့အခါ ကန်အပေါ်ရေ နဲ့ အောက်ရေရဲ့အပူချိန် တူနိုင်ပြီး အပူချိန် 35 ဒီဂရီစင်တီဂရိတ်ကျော်ရင်သေနိုင်ပါတယ်၊ အကြံပြုခြင်တာက - ၁။ ကန်ရေအနက်သိအောင်တိုင်းပါ (ကမ်းစပ်မှ အလယ်အထိ) ၂။ ကန်ရေအပူချိန်တိုင်းပါ (နေ့ခင်း ၁ နာရီနှင့် ၂ နာရီကြားနေပူနေချိန်) ၃။ ရေကြည်နှုန်းတိုင်းပါ (နေသာနေသောနေ့) မှတ်ချက်။ ရေနက်ပြီး ကန်စိမ်းလွန်းခြင်း (စိမ်းပုတ်ရောင်)ဖြစ်ပါကလည်း မနက်အစောဆုံးအချိန် အောက်ဆီဂျင်ပြတ်ပြီး ငါးများသေနိုင်သည်။ ရေတိုင်းတာသည့်ကိရိယာများ 1. Secchi Disk (ရေကြည်နှုန်းတိုင်းကိရိယာ) မိမိကိုယ်တိုင်ပြုလုပ်နိုင်သည်၊ အစိမ်းရောင်လမ်းတွင် သီးခြားဖော်ပြပေးမည်) 2. Thermometer (အပူချိန်တိုင်းကိရိယာ) 3. pH Test Kit/pH Meter (pH တိုင်းသည့် ကိရိယာ) 4. Dissolved Oxygen - D.O Test Kit/D.O Meter (ပျော်ဝင်အောက်ဆီဂျင်တိုင်းသည့်ကိရိယာ) No. 2 - 3 & 4 တို့အတွက် ရန်ကုန်မြို့ထဲ ရွှေဘုံသာလမ်းနှင့်ကပ်လျှက် ၂၇ လမ်း၊ ၂၈ လမ်း (အလယ်ဘလောက်) ရှိ ဓါတုဗေဒ (Chemical) အရောင်းဆိုင်များတွင်ရနိုင်ပါသည်။ (သက်သာသောစျေးဖြင့်) Company ကြီးများတွင်မှာယူနိုင်သော်လည်း စျေးကြီးသည်။ လိုအပ်ပါက အစိမ်းရောင်လမ်းနှင့်ဆက်သွယ်ပါ ခင်ဗျား။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။