ဖြေကြားချက် ၄ ခု
ကျေးဇူးပါ
ရေရရှိမယ်ဆို အခုချိန်လဲအဆင်ပြေလောက်တယ်
ကျေးဇူးတင်ပါတယ် ။ဘယ် လတွေမှာပျိုးသင့် စိုက်သင့်လဲ
ကွမ်းသီးပင် စိုက်ပျိုးနည်း မူရင်းဒေသ မာလာယုကျွန်းဆွယ်မလေးရှား မြန်မာအမည်ကွမ်းပင် အင်္ဂလိပ်အမည်Belelnut ရုက္ခဗေဒအမည် Arcea catachu မျိူ းရင်း Palmeaceae အမြင့်ပေ 60-90ပေ ပင်စည်အချင်း6-8လက်မ(မြေသြဇာထက်သန်ပါကတပေအထိရှည်တတ်ပါသည်) သက်တမ်း60-100နှစ်အထိရှည်တတ်ပါသည်။ အမြစ်ဘေးပတ်လည်3ပေအနက်2ပေ ပင်စည် ပင်စည်ပေါ်တွင်အရွက်များထွက်ပေါ်ခဲ့သောနေရာတွင်အရစ်များပေါ်လာပြီးပင်စည်ပိုင်းတွင်စိပ်ပြီးခါးလည်ပိုင်းကျဲကာအဖျားပိုင်းပြန်စိပ်သွားသည် အရွက် တနှစ်သားတွင်ကွမ်းလက်4-5လက်ထွက်ပါသည်အရွယ်ရောက်အပင်တွင်8-12လက်ထွက်ပါသည်အရွက်ဘဝမှကြွေကျသည်အထိ2နှစ်ကြာတတ်သည်တနှစ်တွင်ကွမ်းလက်6လက်ထွက်ပါသည် ပန်းခိုင် 4-6နှစ်အကြာတွင်ပန်းခိုင်စထွက်ပြီး3-6ခိုင်အထိထွက်တတ်ပါသည်ဦးဆုံးထွက်သောအခိုင်မှအသီးမတင်ပါပင်မပန်းခိုင်အရှည်1-2ပေမှဒုတိယပန်း ခိုင်20-25ဖြာထွက်ပြီးတတိယပန်းခိုင်သည်7-10 လက္မအထိရှိတတ်ပါသည်ဝတ်မှုန်ကူးခြင်းမှာလေအားဖြင့်သာကူးကြပါသည်မနက်9နာရီ12နာရီတွင် အဖိုပွင့်များကြွေကျပြီးမှသာအမပွင့်များပွင့်ကြပါသည် စို၊ တစ်ပင်မှ တစ်နှစ်လျှင် ဝင်ငွေ သောင်းချီ၍ ရနိုင်ပါသည်။ နေရာဒေသအနှံ့ ကွမ်းယာစားသုံးသူ များပြားလာသည်နှင့်အမျှ ကွမ်းသီးအသုံးပြုမှု ရောင်းဝယ်မှုဈေးကွက် ကြီးထွားလာသည်ကိုလည်း မကြာသောနှစ်ကာလမှစ၍ သိသိသာသာ ပြောင်းလဲ လာသည်ကို မြင်တွေ့နေရပါသည်။ ပြည်တွင်းအသုံးပြုမှုများလာသည်နှင့်အမျှ တစ်ခါတစ်ရံ ကွမ်းသီး မလုံလောက်မှုပင် ရှိလာသည်။ ပြည်ပမှ တင်သွင်းရသည့် နှစ်များရှိလာသကဲ့သို့ ပြည်ပသို့ ကွမ်းသီး ပြန်လည် တင်ပို့ရသော ဈေးကွက်ဝင်သီးနှံလည်းဖြစ်နေပါသည်။ ကွမ်းသီးနှင့် အဓိကကုန်သွယ်နေရသော နိုင်ငံများမှာ မလေးရှားနှင့် အိန္ဒိယနိင်ငံတို့ ဖြစ်ကြပါသည်။ တမူးနယ်စပ်မှ အိန္ဒိယသို့ ပို့ကုန် ၁၅၂ မျိုးထဲတွင် ကွမ်းသီးနှင့် ဂျင်းတို့မှာ ဈေးကွက်ကောင်းစွာ ရရှိပါသည်။ ပထမအများဆုံး စိုက်ပျိုးသောသီးနှံမှာ စပါးဖြစ်ပြီး ဒုတိယ အများဆုံး စိုက်ပျိုးသော သီးနှံမှာ ဥယျာဉ်ခြံသီးနှံပင်ဖြစ်သော ကွမ်းသီးဖြစ်နေပါသည်။ ကွမ်းသီးပင် စိုက်သည့်အခါတွင် ရေမြေကောင်းမွန်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ရေနှင့် အေးမြသော နေရာ၊ ရာသီဥတုနှင့် ကိုက်ညီရန်လိုအပ်ပါသည်။ မိုးရေချိန် လက်မ ၈၀ မှ ၂၀၀ အထိ ရွာသွန်းသော တိုင်းဒေသကြီးများတွင် အဓိကစိုက်ပျိုး ဖြစ်ထွန်းပါသည်။ ပင်လယ်နှင့်နီးသော ဒေသများတွင် ပိုမို၍ ဖြစ်ထွန်းပါသည်။ မိုးခေါင်ဒဏ်ကို မခံနိုင်ပါ၊ မိုးခေါင်သော ဒေသတွင် ကွမ်းသီးပင် စိုက်ပျိုးလျှင် အပင် မကြီးထွားနိုင်ပါ၊ ပန်းပွင့်မှုလည်း ညံ့ဖျင်းစေပါသည်။ မိုးရေချိန် လက်မ ၆၀ ခန့်ရရှိသော အခါတွင် ရေသွင်း ပေးရပါသည်။ နေပြင်းဒဏ်ကိုလည်း ကောင်းစွာ မခံနိုင်ပါ၊ လေပူလေပြင်း တိုက်ခတ်လျှင် အသီးအပွင့်ကြွေ၍ အသီးတင်မှု နည်းစေပါသည်။ သို့သော် နေရာဒေသ ပူပြင်းသော်လည်း အေးမြစိုစွတ်သောနေရာတွင် စိုက်ပျိုးပါက ဖြစ်ထွန်းနိုင်ပါသည်။ ကွမ်းသီးပင် စိုက်ပျိုးရာတွင် ရေအဓိကရရှိရန် လိုအပ်ပါသည်။ အပွင့်ပွင့်နေချိန်တွင် ရေကောင်းစွာ မရရှိပါက အသီးမတင်နိုင်ပါ။ အသီးကင်ဖြစ်ချိန်တွင် ရေမရရှိပါက အသီး ကြွေ၍ ကွမ်းသီးလုံးအဆင့်ကို မရောက်ရှိနိုင်ပါ။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကွမ်းသီးပင်ကို မကွေးတိုင်းဒေသတွင် စိုက်ပျိုးမှု အားနည်းပြီး မြန်မာနိုင်ငံ အောက်ပိုင်းတိုင်းဒေသ မိုးများသော ဒေသများတွင် အဓိကထားစိုက်ပျိုးကြသည်။ တစ်နိုင်ငံလုံးတွင် စိုက်ဧက သိန်းဂဏန်းဝန်းကျင်သာရှိ၍ နှစ်စဉ် ကွမ်းသီးအခြောက် ပိသာ သိန်း၂၀၀ ကျော် ထွက်ရှိပါသည်။ တစ်ဧကလျှင် ကွမ်းသီးအစို ( အခွံမပါ ) ပိသာ ၁၈၀၀ မှ ၃၆၀၀ ထွက်ရှိပါသည်။ ကွမ်းသီးအခြာက် ပိသာ ၅၄၀ မှ ၁၁၀၀ ခန့်သာ ထွက်ရှိပါသည် ကွမ်းသီးပင် တစ်ပင်လျှင် အကြီးအသေး အသီး ၅၀၀ ကျော် ထွက်ရှိရာ ကွမ်းသီးအစို အလေးချိန် ပိသာ ၄၀၀ အနည်းဆုံးထွက်နိုင်ပါသည်၊ တစ်ပင်လျှင် ကျပ်နှစ်သောင်းခန့် အနည်းဆုံး ရရှိနိုင်ပါသည်။ ကွမ်းသီးကို တစ်နှစ်လျှင် ၃ ကြိမ် မှ ၄ ကြိမ်အထိ ခူးဆွတ်နိုင်ပါသည်၊ ကွမ်းသီးပင် သီးကာစတွင် တစ်ပင်လျှင် ပန်းခိုင် ၂ ခိုင်မှ ၃ ခိုင်အထိ ထွက်လေ့ရှိပါသည်၊ ပန်းခိုင် ၁ ခိုင်လျှင် ကွမ်းသီးလုံး ၃၀ ခန့် ပါရှိတက်ပါသည်။ နောက်ပိုင်းနှစ်များတွင် တစ်ပင်လျှင် ပန်းခိုင် ၅ ခိုင်အထိ ထွက်ရှိတက်ပြီး ၁ ခိုင် လျှင် ကွမ်းသီးလုံး ၂၅၀ အထိ သီးတက်သဖြင့် ဝင်ငွေကောင်းလာပါသည်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လများတွင် ကွမ်းသီးရင့်မှည့်ပြီး အသီးတင်မှု အားကောင်းစေပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနေဆဲ ကွမ်းသီးမျိုးများမှာ ၁၉၅၃ ခုနှစ်တွင် စိုက်ပျိုးရေးဌာနမှ ကွမ်းသီးပင် စီမံကိန်းချမှတ်၍ ဆောင်ရွက်ခဲ့စဉ်က စိုက်ပျိုးသောခဲ့သော မလေးရှားမှ တင်သွင်းသော ကွမ်းသီးမျိုးများ ဖြစ်ကြသည်။ ထိုစဉ်က ကွမ်းသီးပင် ဧက ၅၀,၀၀၀ ကို ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မော်လမြိုင်၊ တနင်္သာရီ၊ ထားဝယ်၊ မြိတ်၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ငူ၊ မတ္တရာမြို့နယ်တို့တွင် စိုက်ပျိုးခဲ့သည်။ မျိုးများမှာ ကွမ်းသီးလုံးချွန်၊ အဝိုင်း၊ ချည်ဝင်ကွမ်းသီး၊ အိုးပေါက်ကွမ်းသီး၊ မိချောင်းခေါင်း၊ အူဖြူမျိုး၊ အူနီမျိုးတို့ကို စိုက်ခဲ့ကြသည်။ ကွမ်းသီး၏ အလုံးအရွယ်အစား၊ ပုံပန်းသဏ္ဍန်၊ အဖန်ဓါတ်ပါဝင်မှုကို မူတည်၍ မျိုးများကို ခွဲခြားကြသည်။ ကွမ်းသီးကို ကွမ်းယာအဖြစ် စားသုံးရာမှာ ထည့်သွင်း စားသုံးကြသလို ဆေးဖော်စပ်ရာမှာလည်း အသုံးပြုကြပါသည်။ ကွမ်းသီးဟာ ဝမ်းရောင်၊ ဝမ်းကိုက်၊ သံကောင်ကို ကျစေနိုင်သလို သွား၊ ခံတွင်းကျန်းမာရေးအတွက်လည်း ဆေးဆရာတွေ ဆေးဖော်စပ်ကြပါတယ်။ but (ကွမ်းယာစားသုံးခြင်းကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်) credit original uploader
ဆက်စပ်မေးခွန်းများ
ကွမ်သီးပျိုးပင်ဘယ်ဈေးလဲဗျ ဘယ်မှာဝယ်လို့ရလဲဗျ
ဖြေကြားချက် 6 ခု
ကွမ်းသီး မျိုးကောင်းပျိုးပင်ဘယ်မှာ ဝယ်ယူလို့ရမလဲဗျ
ဖြေကြားချက် 2 ခု
မြေစာထည့်ရင်ကောင်းမလဲ
ဖြေကြားချက် 1 ခု
ကွမ်းသီး တစ်ပိသာဘယ်ဈေးရှိလဲ?
ဖြေကြားချက် 0 ခု
1.ယိုးဒယားကွမ်းသီးပုပင်ဘီးလင်းမြို့နဲ့အနီးဆုံးဘယ်မှာစိုက်လဲဗျာလေ့လာချင်လို့ပါ။ 2.ရော်ဘာပင်တွေးကြာမှာစိုက်လို့ရ...
ဖြေကြားချက် 1 ခု