အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
491
လွန်ခဲ့သော ၁ နှစ် က · အုတ်တွင်း

ငါးခူအကောင်ရေ1000မွေးမြူရန်ကန်အကျယ်အဝန်းဘယ်လောက်လိုပါသလဲခင်ဗျတာလပတ်ကန်ပြုလုပ်မွေးမြူရန်အတွက်ပါသိတဲ့ပညာရှင်များ...

ငါးခူအကောင်ရေ1000မွေးမြူရန်ကန်အကျယ်အဝန်းဘယ်လောက်လိုပါသလဲခင်ဗျတာလပတ်ကန်ပြုလုပ်မွေးမြူရန်အတွက်ပါသိတဲ့ပညာရှင်များပြောကြားပေးကြပါခင်ဗျ

မွေးမြူကန်ပြင်ဆင်ခြင်း မွေးမြူရေး ဗဟုသုတ

ဖြေကြားချက် ၁ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

(က) ငါးခူအကောင်ရေ ၁၀၀၀ ကိုထည့်သွင်းမွေးမြူရန် ပုံမှန်အားဖြင့် တစ်စတုရန်းမီတာ (၃.၃ ပေပတ်လည်) မှာငါး ၁၀ ကောင်နှုန်းထည့်သွင်းနိုင်သည်။ ငါးခူမျိုးစိတ်များနှင့်ကြီးထွားမှုအဆင့်ပေါ်မူတည်၍ ရေဧရိယာ ၁၀၀ စတုရန်းမီတာလိုအပ်သည်။ တနည်းအားဖြင့် ငါးမွေးကန်အကျယ် ၃၅ ပေပတ်လည်ရှိသောကန်လိုအပ်ပါသည်။ ရေအနက် ၄ - ၅ပေ ရှိဘို့လိုပါမည်။ (ခ) ငါးမွေးမြူရေးလုပ်ငန်းတွင် ငါးကန် ပုစွန်ကန် နှင့်အခြား ငါးသားပေါက်ကန်များအတွက်အရပ်အခေါ် တာလပတ်စ တနည်းအား ဖြင့် မျက်နှာပြင်ချောမွေ့ပြီးရေလုံသည့် ရေထုထည်အနည်း/အများအလိုက်ခံနိုင်သော ပလပ်စတစ်စ (High Density Poly Ethylene - HDPE / Low Density Poly Ethylene - LDPE) ကိုကောင်းစွာအသုံးပြုနိုင်သည်။ တရုတ် ထိုင်းစသည့်နိုင်ငံများမှတင်သွင်းလာသည်များရှိသည်။ တနသ်ာရီတိုင်း ကျွန်းစုမြို့နယ်တွင် ယင်းစနစ်ဖြင့် ရေငံပုစွန်ဖြူစီးပွားဖြစ်အမြောက်အများမွေးမြူလျှက်ရှိသည်။ HDPE/LDPE သည်အရောင်အားဖြင့် အနက် အဖြူ အပြာ အစိမ်း စသည့်လိုရာမှာယူနိုင်သည်။ တရုတ်နိုင်ငံထုတ်တွင် အထူ (0.2 mm - 3 mm) အလျား(50 m - 200 m) အနံ (2 m - 8 m) စသည်ဖြင့်အမျိုးမျိုးရှိပါသည်။ ထိုင်းနိုင်ငံရှိမွေးမြူရေးကန်များတွင် LDPE Black Pond Liner (အထူ 0.75 mm) ကိုအသုံးပြုကြပါသည်။ အဆိုပါ HDPE/LDPE Lastic Liner များသည်ဓာတုခုခံမှုအလွန်ကောင်းခြင်း ကွဲအက်မှုဒါဏ်ခံနိုင်ခြင်း ခရမ်းလွန်ရောင်ခြည်ဒါဏ်ခံနိုင်ခြင်း အပူချိန်တည်ငြိမ်အောင်ထိန်းပေးနိုင်ခြင်း ကုန်ကျစရိတ်အပေါ်အကျိုးသက်ရောက်မှုရှိခြင်း သယ်ယူရာတွင်လွယ်ကူခြင်း လုပ်ငန်းကိုမြန်ဆန်စွာဆောင်ရွက်နိုင်ခြင်းတိုအတွက်အသုံးဝင်ပါသည်။ ယင်းတို့ကိုတစ်ခါအသုံးပြုပါက ၄ နှစ်ခန့်အသုံးပြုနိုင်ပါသည်။ အဟောင်းများကိုပြန်လည်သန့်စင်ပြီးအသုံးပြုနိုင်သဖြင့်ကုန်ကျစရိတ်ကိုလျှော့ချစေနိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။