ဂန္ဓမာ မော်ဒယ်စိမ်း စိုက်ပျိုးနည်းလေးသိချင်လို့ပါ
ရာသီဥတု ဂန္ဓမာပန်းသည် နေ့တာတိုအပင် ( Short Day Plant) ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပင်ပိုင်းကြီးထွားရန် အတွက် နေ့တာရှည်ရန် လိုအပ်ပြီး ပန်းပွင့်ရန်အတွက် နေ့တာတိုရန် လိုအပ်သည်။ အပင်ကြီးထွားမှုနှင့် ပန်းပွင့်မှုအပေါ် အပူချိန်နှင့် အလင်းရောင်သည် လွှမ်းမိုးသည်။ ပင်ပိုင်းကြီးထွားရန်အတွက် နေရောင်ခြည် အပြည့်အဝနှင့်နေ့တာရှည်ပြီး မြင့်မားသောအပူချိန် ၂၀-၂၈ ဒီဂရီ ဆဲလ်ဆီးယပ် လိုအပ်ပါသည်။ ပန်းပွင့်ရန်အတွက် နေ့တာတိုပြီး နိမ့်ကျသော အပူချိန် ၁၀-၂၈ ဒီဂရီ ဆဲလ်ဆီးယပ် လိုအပ်ပါသည်။ စိုက်ပျိုးဖြစ်ထွန်းမှု အကောင်းဆုံး အခြေအနေမှာ နေ့အပူချိန် ၂၀-၂၈ ဒီဂရီ ဆဲလ်ဆီးယပ် နှင့် ည အပူချိန် ၁၅-၂၀ ဒီဂရီ ဆဲလ်ဆီးယပ်တွင် ဖြစ်ပါသည်။ ဂန္ဓမာအပင်သည် မနက်ခင်း နေရောင်ခြည် ၅-၆ နာရီကြား နေ့စဉ် ရရှိရန် လိုအပ်သည်။ ၄။ မြေ ဂန္ဓမာပန်းပင် စိုက်ပျိုးရန်အတွက် မြေချဉ်ငန်ဓာတ် ၆.၅-၇.၅ သဲနှုန်းမြေအမျိုးအစား ရေစီးဆင်းမှု ကောင်းမွန်သော ရေမဝပ်သော မြေဖြစ်ရန် လိုအပ်ပါသည်။ ၅။ စိုက်ပျိုးနည်း စိုက်ပျိုးရန်အတွက် မိမိကြိုက်နှစ်သက်ရာ မျိုးများကို မစိုက်ပျိုးခင် မျိုးပျိုးပင်ရောင်းချသူများမှ ကြိုတင်မှာယူ စိုက်ပျိုးကြပါသည်။ ဂန္ဓမာပန်းများကို စိုက်ခင်းများ၊ မှန်လုံအိမ်များ နှင့် အိုးများထဲတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် စိုက်ခင်းများဖြင့် အများဆုံး စိုက်ပျိုးကြသည်။ မိမိလိုချင်သော ပန်းပွင့်အနေအထားပေါ် မူတည်ပြီး ပင်ကြားအကွာအဝေး ၈ လက်မ မှ ၁၈-၂၄ လက်မ ထား၍ စိုက်ပျိုးကြပါသည်။ မိမိ စိုက်ပျိုးထုတ်လုပ်ရန် ရည်ရွယ်သော ပန်းပွင့်အမျိုးအစား တစ်ပွင့်တည်းကြီး၍ အရည်အသွေး ရှိသောပန်း၊ ပဒေသာ အခိုင်လိုက် အပွင့်များသော ပန်းခိုင်များ စသဖြင့် ရရှိလိုသော ပန်းအနေအထား မူတည်ခြင်းဖြစ်သည်။ အောက်ကလင့်ခ်မှာ ဂန္ဓမာ စိုက်ပျိုးနည်းကို ပြည့်ပြည့်စုံစုံ လေ့လာပေးပါခင်ဗျ https://greenwaymyanmar.com/posts/Cultivation_of_Chrysanthemun
ဆက်စပ်မေးခွန်းများ
ယမ်းစိမ်းကိုဂန္ဓာမာကိုရွက်ဖျန်းပေးလျင်ရပါသလား
ဖြေကြားချက် 1 ခု
ဆားခါးကဘာအတွက်ကောင်တာလဲ
ဖြေကြားချက် 3 ခု
သဲပါဝင်မူ များတဲ့တဲ့မြေးသစ်မှာ ပန်စိုက်ချင်ပါတယ် အစဉ်ပြေနိုင်လာဗျ
ဖြေကြားချက် 6 ခု
ပုလဲ ဲ ကိုရေဖျော် ဖျန်းရင် ဘယ်လိုဆပ်ရလဲဗျာ
ဖြေကြားချက် 3 ခု
အက်ဆစ်ကိုပြင်းအားလျှော့ အနံ့ထည့်၍ တံဆိပ်အမျိုးမျိုးတပ်ကာ ရှာလကာရည်အဖြစ်ရောင်းနေကြသည်ကိုကြားသိရသ ဖြင့်် မည်သည့်...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။