အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3
လွန်ခဲ့သော ၁ နှစ် က · ဒဂုံ

ဥစားကြက်စပြီးမွှေးချင်လို့ပါ ဈေးကွက်အခြေအနေနဲ့ တွက်ခြေကိုက်လား စစမွှေးမှာဆိုတော့ ဘယ်လောက်ကစရမှာလည်း အရင်းအနှီး...

ဥစားကြက်စပြီးမွှေးချင်လို့ပါ ဈေးကွက်အခြေအနေနဲ့ တွက်ခြေကိုက်လား စစမွှေးမှာဆိုတော့ ဘယ်လောက်ကစရမှာလည်း အရင်းအနှီးကောဘယ်လောက်ကုန်မှာတုန်းခဗျား

ဖြေကြားချက် ၁ ခု

30,902 လွန်ခဲ့သော ၁ နှစ် က

ဥစားကြက်မွေးမြူတဲ့အခါ“ဥ”ထွက်နှုန်းကောင်းမွန်စေရန် အလွန်အရေးကြီးလှပါသည်။ ဥထွက်နှုန်းတိုးစေရန်အတွက် Ready made အစာအပြင်  အစာစိမ်းများ ကျွေးခြင်းအားဖြင့်လည်း “ဥ”ထွက်နှုန်းကို တိုးစေပါသည်။ ဥစားကြက်များကို စတင်မွေးမြူသည့်ရက်မှစ၍ (၅)လခန့်ကျော်ကျော်အတွင်း စတင် “ဥ” ဥကြောင်းသိရှိရပါသည်။ ဥစားကြက်တစ်ကောင်  “ဥ”ဥပြီးသည့်မှစ၍ (၆)လကျော်သက်တမ်း ထိသာ“ဥ”ကောင်းမွန်စွာ ဥနိုင်ကြောင်းသိရပါသည်။ ဥစားကြက်မတစ်ကောင်လျှင် သက်တမ်း(၁)နှစ်ထိသာ ထားရှိ ပါသည်။ ကြက်စာဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်ခန့် ရှိကြောင်းသိရှိရပြီး ပြောင်းဖူး၊ ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်အစရှိသည်များဖြင့်လည်း ရောစပ်၍ ကျွေးနိုင်ပါသည်။ ဥစားကြက်မများကို တစ်နေ့တာ၏  ပူပြင်းသောအချိန်ထက် အေးမြသောအချိန်တွင် အစာကျွေးပါက ပိုမိုအစာဝင်လွယ်၍ ပိုမိုစားသောက်ကြပါသည်။ ဥစားကြက်များသည် အသားစားကြက်များကဲ့သို့ လျှင်မြန်စွာကြီးထွားရန် မလိုအပ်သောကြောင့် အသားစားကြက်များကဲ့သို့ အစာခဲများကျွေးခြင်းထက် အစာမှုန့်များကျွေးခြင်းက ပို၍သင့်တော်ပါသည်။ အစာခဲများကိုကျွေးပါက လျှင်မြန်စွာစားပြီးသောအခါ အချင်းချင်းထိုးဆိတ်တတ်သော အကျင့်ဖြစ်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်တတ်သော ကြောင့်ဖြစ်ပါသည်။ ကြက်ဥဈေးနှုန်းအနေဖြင့် ကြက်ဥတစ်လုံးလျှင် (၄၀၀)ခန့်မှ(၅၀၀)ခန့်  နီးပါးအထိ အရွယ်အစား အလုံးအကြီးအသေးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။ ကြက်ခြံလက်ကားဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်( ၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။