အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၁ နှစ် က · လပွတ္တာ

ကဏန်းပျော့မွေးမြူရေးကန်အတွက် EMဖော်စပ်နည်းပြောပြပေးပါ ဖော်စပ်ရာတွင်လည်းပိုးပေါက်မပေါက်ဘယ်လိုသိနိင်မလဲး အစာနဲ့...

ကဏန်းပျော့မွေးမြူရေးကန်အတွက် EMဖော်စပ်နည်းပြောပြပေးပါ ဖော်စပ်ရာတွင်လည်းပိုးပေါက်မပေါက်ဘယ်လိုသိနိင်မလဲး အစာနဲ့ရော ရောကျွေးလို့ရလား ကန်ရေထဲမာလဲးထည့်ပီးသုံးလို့ရလား အကျိုးပြုပုံကိုလည်းပြောပြပေးပါ

Post image

ဖြေကြားချက် ၄ ခု

232 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ ဆရာ မေးလိုက်ပါမယ်

6,582 လွန်ခဲ့သော ၁ နှစ် က

ကိုမင်းမင်းရေ အောက်က Contact person ဆီဆက်သွယ်လိုက်ပါ၊ သူ့ဆီမှာမရှိရင်တောင်ရှိမဲ့နေရာပြောပြပေးနိုင်ပါတယ်။ ကိုဇော်လင်းအောင် 09 252904454

232 လွန်ခဲ့သော ၁ နှစ် က

ကဏန်းပျော့မွေးမြူရေး ကန်အတွက် EMတေွကို ဘယ်မာဝယ်လို့ရနိင်မလဲးပြောပြပေပါ ဆရာ EM bokashi ကိုလည်းရန်ကုန်မာဝယ်လို့ရလား

6,582 လွန်ခဲ့သော ၁ နှစ် က

(က)EM ဖျော်ရည်ဖော်စပ်နည်း - ပါဝင်ရမည့်အကျိုးပြုဘက်တီးရီးယားများ - Lactic acid bacteria (e.g. Lactobacillus spp.) - Photosynthetic bacteria (e.g. Rhodopseudomonas spp.) - Yeast (e.g. Saccharomyces spp.) နှင့် - Actinomycetes တို့ဖြစ်ပါတယ်၊ - Activation Process: ထည့်ရမည့်အချိုးမှာ - EM-1 (1 part) : Molasses as a microbial food source (1 part) : Water - non chlorinated (20 parts) တို့ကိုရောသမမွှေပြီး Airtight container မှာထည့်ထားရပါမည်၊ အခန်းအပူချိန် ၂၅ - ၃၅ °C မှာထားပြီး Fermentation process က ၇ ရက် ကနေ ၁၄ ရက် အတွင်းပြီးမြောက်မည်ဖြစ်ပါသည်။ (ခ) ဖော်စပ်ရာတွင်ပိုးပေါက်မပေါက်သိနိုင်မည့်အချက်များ - pH တန်ဘိုး 3.5 မှ 4.0 အတွင်းရှိက - EM ဖျော်ရည်အနံသည် Sweet Slighty Sour and Yeasty အနံ့တို့ရပါက EM ဖျော်ရည်ထည့်ထားသည့် Container အတွင်း ဗူပေါင်း (Bubbles) များတွေ့ပါက - EM ဖျော်ရည်သည် အညိုဖျော့ရောင် သို့မဟုတ် အဝါရေင်သမ်းသောအရောင်သို့ပြောင်းပါက EM ပိုးပေါက်သည်ကိုသိနိုင်ပါသည်။ (ဂ) EM ဖျော်ရည် အားကန်ရေတွင်ထည့်သွင်းအသုံးပြုနိုင်သလို ကျွေးမည့်အစာနှင့်လည်းရောစပ်ပြီးကျွေးနိုင်ပါသည်။ Water Treatment: - Activated EM ဖျော်ရည် (1 L)အား ကန်ရေ (1000 L - 5000 L)တွင်ထည့်ဖျော်ပြီး ကန်ရေအနှံ (အပတ်စဥ်) ထည့်သွင်းပေးနိုင်ပါသည်၊ Feed Additive: - Activated EM ဖျော်ရည် (၁)ဆကို အစာ (၁၀၀)ဆနှင့်ရောစပ်ကျွေးနိုင်ပါသည်။ (ဃ) EM ဖျော်ရည်အသုံးပြုခြင်း၏ အကျိုးပြုပုံများ - Water Quality Improvement - Disease Prevention & Crab Health - Improve Feed Conversion & Growth - Odour and Waste Reduction - Environmentally Friendly & Cost-Effective စသည်တို့ အကျိုးပြုမည်ဖြစ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။