ဖြေကြားချက် ၃ ခု
ဂျုတ်တိုက်ပြီး မြေညှိ၊ ပေါင်းမြက်ပြောင်အောင် ရှင်းလိုက်ပေါ့။ ပြီးရင် တစ်တန်းနဲ့ တစ်တန်း ရှစ်ပေ။ တစ်ပင်နဲ့တစ်ပင်ကြား ရှစ်ပေ ပန္နက်ရိုက်ပါ။ ပန္နက်ရိုက်ပြီးရင် ၎င်းနေရာတွေမှာ နှစ်ပေအကျယ်၊ နှစ်ပေ အနက် စိုက်ကျင်းတူးပါ။ တူးလို့ရတဲ့ မြေကြီးတွေကို ကျင်းရဲ့ညာဘက်ခြမ်းမှာပုံ၊ တစ်ကျင်းအတွက် နွားချေး၊ မြေဆွေး၊ ကြက်ချေး၊ စက်ဖွဲပြာစုဆောင်းပါ။ နွားချေး၊မြေဆွေး သုည ဒသမ ၄ တင်း၊ ကြက်ချေး သုည ဒသမ ၄ တင်း၊ စက်ဖွဲပြာတစ်ပြည်၊ ဂျစ်ပဆန်ကျောက်မှုန့် နို့ဆီတစ်ဘူး၊ ၁၅:၁၅:၁၅ ပတ်လည် N : P : K ကွန်ပေါင်း မြေဩဇာ နို့ဆီသုံးဘူး၊ ဖျူရာဒန်ဆေးမှုန့် စတီးဇွန်း တစ်ဇွန်းတို့ကို ကျင်း၏ညာဘက်တွင် ပုံထားသော ကျင်းတူးရတဲ့မြေစာ တစ်ဝက်နဲ့ သမအောင်ရောမွှေပါ။ ၎င်းမြေအရောကို နှစ်ပေပတ်လည်ကျင်းထဲသို့ ပြန်ထည့်ပြီး မြေသိပ်သွားအောင်ခြေထောက်ဖြင့် ဖွဖွနင်း သိပ်ပေးပါ။ မြေအရောကို ကျင်းပြည့်အောင် ထည့်ပါ။ ပြီးလျှင် စိုက်ကျင်းအားလုံးကို ရေဝအောင်လောင်း၍ နှစ်ပတ်ခန့်နှပ်ထားပေးပါ။ ရေကို တစ်ရက်ခြားတစ်ခါ လောင်းပေးပါ။ ကျင်းထဲရှိ မြေသား အိကျသွားပါက မြေအရောကို ကျင်းပြည့်သည်အထိ ပြန်ထည့်ပေးပြီး သိပ်အောင် ခြေဖြင့် ဖွဖွနင်းပါ။ ရေလောင်းနှပ်ထားပါ။မြေပြင် ပြီးရင်တော့ စိုက်ဖို့ပြင်ရတော့ မှာပေါ့။ အသန်မာဆုံးသံပုရာပျိုးပင်တွေကို ရွေးပါ။ အပင်မှာ ကိုင်းခြောက်၊ ပိုးကိုက်၊ ရောဂါကျသောကိုင်း၊ အရွက်၊ ပင်စည်များကို ကတ်ကြေးထက်ထက်နဲ့ ညှပ်၍ ဖယ်ရှားပစ်ပါ။ ကျင်းတစ်ကျင်းလျှင် သံပုရာပျိုးတစ်အိတ်စီ ကြိုတင်ချထားပါ။ သံပုရာ ပျိုးပင် စိုက်ရန် ပထမစိုက်ကျင်းထဲမှာ ဖြည့်ထားသော မြေဆွေးအရောမြေကို ကျင်းအလယ်တည့်တည့်နေရာမှာ သံပုရာပျိုးအိတ်အမြင့်ထက် တစ်လက်မခန့်လျှော့၍ ပျိုးပင်ချရန် ကျင်းငယ်တူးပါ။ (သံပုရာပျိုးပင် စိုက်လျှင် ပျိုးအိတ် အတွင်းရှိမြေသည် စိုက်ကျင်းကြီးထဲရှိမြေထက် တစ်လက်မမြင့်နေစေရန်)၊ ပျိုးအိတ်ကိုမြေလုံးမကွဲစေရန် ဓားထက်ထက် (ခဲတံချွန်ဓား) ဖြင့် အပေါ်မှအောက်သို့ခွဲချပါ။ ပျိုးအိတ်အတွင်းရှိမြေကို လက်နှစ်ဖက်ဖြင့်ပိုက်၍ စိုက်ကျင်းငယ်အတွင်းချ စိုက်ပါ။ အိတ်ကို တဖြည်းဖြည်းဆွဲထုတ် ပါ။ အပင်ခြေပတ်ပတ်လည်နှင့် အပင်ခြေမြေသိပ်သွားစေရန် မြေစာဖြည့်၍ လက်ဖြင့်ဦးစွာ ဖိသပ်ပေးပါ။ နောက် အပင်ခြေကိုခြေဖနှောင့်နှစ်ခုကပ်၍ ပတ်ပတ်လည်ခြေဖနောင့်ဖြင့် နင်းသိပ်ပေးပါ။ အပင်အမြစ်စွဲမြန်စေရန်ဖြစ်ပါတယ်။ ပြီးလျှင် ပျိုးပင်နှင့်ခြောက်လက်မခန့်ခွာပြီး အရှည်သုံးပေခန့်ရှိ ဝါးသေးသေးကိုချွန်၍စိုက်ပေးပါ။ ၎င်းဝါးနှင့် ပျိုးပင်ငယ်ကိုမလှုပ်စေရန် ကြိုးဖြင့်ချည်ပေးထားပါ။ ပြီးလျှင် သံပုရာပင်အခြေ၌ ကောက်ရိုး၊ မြက်ခြောက်များဖုံးအုပ်ပေးထားပါ။ စိုက်ပျိုးပြီးလျှင် ရေနေ့စဉ်လောင်းပေးပါ။ နှစ်ပတ်ခန့် ကြာလျှင် အညွန့်သစ်များ ထွက်လာပါလိမ့်မည်။ အပင်ပြုစုစောင့်ရှောက်ဖို့ကတော့ ရေမှန်မှန်လောင်းပါ။ တစ်နှစ်အတွင်း မြေဆွေး၊ ဓာတ်မြေဩဇာထပ်ဖြည့်ရန်မလိုသေးပါ။ တစ်နှစ်ကျော်မှသာ သတ်မှတ် ဓာတ်မြေဩဇာနှုန်းထား၊ မြေဆွေးနှုန်းထား ထပ်ဖြည့်ရန် လိုပါသည်။ အပင်ကြီးလာလျှင် ခြောက်လတစ်ကြိမ်မြေစာကျွေးပါ။ မလိုသောကိုင်းများရှင်းပါ။ အပေါ်ထောင်ထွက်သောကိုင်းများ အရင်းက ဖြတ်ပစ်ပါ။ ဖော့စဖရပ်ဓာတ်များများပါသော ရွက်ဖျန်းမြေဩဇာ တစ်နှစ်လေးကြိမ်ဖျန်းပေးပါ။ အပွင့်ထွက်ခါနီးရင် ယမ်းစိမ်း (ပိုတက်စီယမ်နိုက်ထရိတ်=KNO3) ဟင်းစားဇွန်း တစ်ဇွန်း၊ ရေလေးဂါလံနှင့်ရော၍ အပင်ပေါ်ဖျန်းပေးပါ။ အလုံးကြီး၍ အလုံးလှစေပါလိမ့်မယ်။ သီးလာရင် လုံးပိန်၊ လုံးညှပ်ချွေပစ်ပါ။ ပိုးမွှားရောဂါ အထူးဂရုပြုရမှာကတော့ ပျနဲ့ မိလီဘတ်ပိုးတို့ဘဲဖြစ်ပါတယ်။ အပင်ကို အမြဲလေ့လာပြီး လက်ဦးမှုရအောင်ကြိုတင် ကာကွယ်နှိမ်နင်းပါ။ ရောဂါကတော့ ကိုင်းဖျားခြောက်ရောဂါဆိုးရွားစေပါတယ်။ မှိုကြောင့်ဖြစ်တာပါ။ မှိုရောဂါသတ်ဆေးနဲ့ ကြိုတင်ကာကွယ်နှိမ်နင်းပါလို့ မှာ လိုက်ပါရစေဗျာ။ တောင်သူ လယ်သမားကြီးများ အားလုံး သီးနှံတွေအထွက်တိုးလို့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလျက်...။ - အောင်ဆန်း (စိုက်ပျိုးရေး) တောင်သူကြီးများဂျာနယ်မှာတွေ့လို့ပါ။
ကြည့်ပြီးသွားပြီ။မြန်မာသံပုရာမရှိဘူးနော်
စာအုပ်စင်မှာရှောက်သံပုရာနဲ့ပတ်သတ်တဲ့နည်းပညာစာအုပ်ရှိပါတယ်
ဆက်စပ်မေးခွန်းများ
EM5ဖျန်းထားပါတယ်။တစ်ပတ်တစ်ကြိမ်ပါ။လိုအပ်ပါသေးလားခင်ဗျာ။၁၆လီတာဆေးဖျန်းပုန်းကိုယ်em5ဘယ်လောက်ထဲ့သင့်ပါလဲ။
ဖြေကြားချက် 7 ခု
em5တစ်ပတ်တစ်ကြိမ်ဖျန်းတယ်။လိုအပ်လေးလားခင်ဗျာ။၁၆လီတာဆေးဖျန်းပုန်းကိုယ်em5ဘယ်လောက်ထည့်ရမလဲ
ဖြေကြားချက် 3 ခု
သံပုရာ
ဖြေကြားချက် 0 ခု
သင့်သီးနှံဆိုတဲ့အထဲသံပုရာထည့်လိုက်တာလတ်တလောမရှိသေးပါတဲ့။ဟုတ်လားဆရာတို့။သိရင်ဖြေပေးခဲ့ပါနော်
ဖြေကြားချက် 3 ခု
ပျကိုဘယ်လိုနိမ်နှင်းမလဲ
ဖြေကြားချက် 3 ခု