အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4
လွန်ခဲ့သော ၁ နှစ် က · ရွှေဘို

ငါးကိုခုမှစမွေးမဲ့သူပါ။ငါးကန်ဆယ်ဧကပါ။တစ်ကန်ငါးဧကကျယ်ပါတယ်။ငါးမွေးမဲ့သူအတွက်ဘယ်လိုဆောင်ရွက်ရမလဲဆိုတာရယ်အစာဖိုး...

ငါးကိုခုမှစမွေးမဲ့သူပါ။ငါးကန်ဆယ်ဧကပါ။တစ်ကန်ငါးဧကကျယ်ပါတယ်။ငါးမွေးမဲ့သူအတွက်ဘယ်လိုဆောင်ရွက်ရမလဲဆိုတာရယ်အစာဖိုးသက်သာအောင်ဘယ်လိုအစာမျိုးကျွေးလို့ရမလဲဆိုတာသိချင်ပါတယ်

မွေးမြူနည်း ငါးအစာကျွေးခြင်း

ဖြေကြားချက် ၄ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

၂။ အစာဘိုးသက်သာအောင်ဘယ်လိုအစာမျိုးကျွေးရမလဲ? - ကန်ရေအရည်အသွေးကောင်းနေအောင်(အစိမ်းဖျော့ရောင်) ထိန်းသိမ်းပေးခြင်း၊ - ရေကြည်နှုန်း ၁၈ လက်မကျော် သွားပါကသဘာဝမြေသြဇာ(ဥပမာ ပဲဖတ်)ထည့်ပေးခြင်းသည် အစာအဖြစ်စားနိုင်သလိုပိုလျှံသည်များကကန်ရေအားသြဇာဓာတ်ဖြည့်ပေးသဖြင့်ကန်အရည်အသွေးတက်လာစေသည်။ - ကျိုထားသောဆန်ကွဲကိုဖွဲနုနှင့်နယ်၍ကျွေးခြင်း၊အရည်အသွေးကောင်းသောကဇော်ဖတ် (အခြောက်)ကျွေးခြင်းတို့သည်လည်းကုန်ကျစရိတ်သက်သာစေသည်။ - ဖွဲနု ပဲဖတ် (၈၀:၂၀) ကိုရေဖြင့်သမ၍အလုံးလုပ်ပြီးလည်းကျွေးနိုင်သည်။ - အဓိက ကန်ရေအရည်အသွေးကိုကောင်းအောင်ထိန်းသိမ်းထားနိုင်ပါကအစာကုန်ကျစရိတ်သိသာစွာသက်သာစေပါသည်။

6,582 လွန်ခဲ့သော ၁ နှစ် က

၁။(ခ) မွေးမည့်ငါးအမျိုးအစားရွေးချယ်ခြင်း: - ရေချိုမွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ရွှေဝါငါးကြင်း၊ ငါးတန်၊ ရေချိုငါးမုတ်၊ တီလားပီးယား စသည့်ငါးများအနက်မိမိမွေးမြူလိုသည့်ငါးမျိုးစိတ်ကို သေချာရွေးချယ်ရန်။ - ငါးမျိုးစိတ်တစ်မျိုးထဲ (သို့) ရောနှောမွေးမြူခြင်းမှာ ​စျေးကွက်၏ Demand ပေါ်ကြည့်၍ရွေးချယ်မွေးမြူခြင်း။ - ငါးသားပေါက်၊ ငါးဖျန်း၊ သက်ကြီးငါးစသည့် မိမိအလိုရှိသလို ခရမ်း၊ တွံတေးရှိသားပေါက်ထုတ်လုပ်ရေးစခန်းများနှင့်ချိတ်ဆက်ဝယ်မြူခြင်း။ တို့ဆောင်ရွက်ရမည်။

6,582 လွန်ခဲ့သော ၁ နှစ် က

၁။ ငါးမွေးမြူခြင်းကိုခုမှစတင်လုပ်ဆောင်တော့မယ်ဆိုရင် - (က)ကန်ပြင်ဆင်ခြင်း : - ကန်အောက်ခြေနဲ့ကန်ဘောင်ပတ်လည်ပေါက်နေတဲ့အပင်များအပြောင်ရှင်းခြင်း(ရှိနေပါက)၊ - ရှင်းထားတဲ့အပင်တွေခြောက်သွားပါကမီးရှို့ပေးခြင်း(ပြာသည် Potassiumဓါတ်ကိုပေးသဖြင့်ကန်ကိုအကျိုးပြုသည်)၊ - ကန်အတွင်းသို့ရေစပ်စပ်(၄ - ၅ လက်မ)ခန့်ထည့်ပေးပြီးမဖောက်ထုံးခပ်ပြင်းပြင်း(ပုံမှန်ထက်ပို)ထည့်ပေးခြင်း(ရေ pH 11 ထိမြင့်တက်ခြင်းဖြင့် ကန်ထဲရှိငါးရိုင်းများ၊ ပိုးမွှားမျာကိုသေစေခြင်း၊ Soil pH ပါမြှင့်ပေးခြင်း)၊ - ၅ ရက်ခန့်ထားပြီးပါကမွေးမည့်ကန်ရေအနက် ၅ - ၆ ပေခန့်ရောက်အောင်ရေရကိုစစ်၍သွင်းပေးခြင်း (ကန်ရေ၏​ရေကြည်နှုန်း ၁၀ - ၁၂ လက်မ၊ pH ၇.၂ - ၈.၅ အတွင်းရှိမရှိစစ်ဆေးပေးရန်)၊ - ရေကြည်နေပါကဓာတ်မြေသြဇာ (သို့) သဘာဝမြေသြဇာနဲနဲစီအကြိမ်ခွဲ၍ထည့်ပေးခြင်း၊ - သြဇာဓာတ်ထည့်ပြီး ၅ ရက်ခန့်အကြာကန်ရေအရည်အသွေး (DO = >5 ppm၊ pH = 7.2 - 8.5၊ ရေကြည် နှုန်း ၁၀ - ၁၂ လက်မအတွင်းရှိကငါးထည့်သွင်းမွေးမြူရန်အသင့်ရှိပြီဖြစ်သည်။

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၁ နှစ် က

Search function. ကနေ ငါးလို့ရိုက်ရှာပြီး ရှာဖွေဖတ်ရှုကြည့်ပါလားရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ငါးရံကို ဘယ်လိုမွေးမြူးရမှာလဲ ကန်ကတူးထားပြီးပြီး မိုးရွားထားတော့ ထုံးပါတ်မလို့ကအဆင်ရောပြေရဲ့လား

ဖြေကြားချက် 1 ခု

ငါးမွေးမြူရေးအတွက် Biofloc နဲ့ Microorganisms ဘယ်မှာ ဝယ်လို့ရနိုင်လဲခဗျ ။ ဘယ်မှာ စုံစမ်းလို့ရနိုင်လဲခဗျ ။ ကူညီ...

ဖြေကြားချက် 1 ခု

ပေါက်ခါစ ကြက်ကလေးတွေအသေများလို့ စပါးခွံထည့်တာနဲ့သက်ဆိုင်ပါသလား ခင်ဗျာ။0 ရက်သားမှ 10 ရက်ကျော်ထိသေနှုန်းများပါ...

ဖြေကြားချက် 1 ခု

ဝက်ကလေးကလေးဖက်ထောက်ထရက်ရင်တအားအော်နေတယ်သူခြေလေးချောင်းနားလို့ထင်တယ် ဘာလုပ်ပေးရမလဲ

ဖြေကြားချက် 1 ခု

ငါးရှဥ့်မွေးချင်လို့ပါအစာပုံစမ်နဲ့ဖော်စပ်ပုံလေးပြပေးပါ အသားဓာတ်များတဲ့ရေပေါ်ငါးစားနဲ့​ကျွေးပြီးမွေးလို့ရနိုင်မ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။