အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · အင်းစိန်

၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ

ခြံစီမံခန့်ခွဲမှု ဝက်မွေးမြူနည်း အကြံဉာဏ်
1

ဖြေကြားချက် ၁ ခု

3,180 လွန်ခဲ့သော ၁ နှစ် က

မွေးမြူနည်းစနစ်တိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိပါတယ်။ လှောင်မွေးစနစ်ရဲ့ အားသာချက်ကတော့ (၁) အစာကို စနစ်တကျ တွက်ချက်ကျွေးမွေးနိုင်လို့ ကြီးနှုန်းကောင်းပါတယ်။ (၂) တခြားဝက်တွေ၊ တိရစ္ဆာန်တွေနဲ့ ရောနှော မနေလို့ ရောဂါကူးစက်ခံရနိုင်မှု လျော့ကျပါတယ်။ (၃) လိုအပ်လို့ ဆေးဝါးကုသမှုနဲ့ တခြားစီမံခန့်ခွဲမှုတွေ လုပ်မယ်ဆိုရင် အဆင်ပြေပါတယ်။ (၄) အညစ်‌အကြေးတွေကို တစ်စုတ၏်စည်းတည်း ရလို့ စနစ်တကျစုဆောင်းပြီး သဘာဝမြေဩဇာ လုပ်မယ်ဆို အဆင်ပြေပါတယ်။ (၅) စိုက်ပျိုးသီးနှံတွေ ဖျက်စီးတာမျိုး မရှိတော့လို့ ဆုံးရှုံးမှု သက်သာပါတယ်။ (၆) ကပ်ပါးရောဂါ အထူးသဖြင့် သန်ကောင်ရောဂါ ကူးစက်မှု နည်းသွားပါတယ်။ အားသာချက်နဲ့အပြိုင် အာူနည်းချက်တွေ ရှိပါတယ်။ (၁) အစာဖိုး ကုန်ကျစရိတ် တက်လာပါမယ်။ (၂) ခြံတည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံရပါတယ်။ (၃) အညစ်အကြေးတွေ တစ်နေရာတည်း စုပုံနေလို့ အနံ့အသက်ဆိုး ထွက်တတ်ပြီး သေသေချာချာ စီမံခန့်ခွဲဖို့ လိုပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။