အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
466
လွန်ခဲ့သော ၇ နှစ် က · ကျောက်ဆည်

တမာကို ပိုးသတ်ဆေး အဖြစ်သို့ ပြောင်း၍သုံးသော ဆေးနည်းလေး ပြောပြပေးပါအုံးရှင့်

ပိုးမွှားရောဂါ ခရမ်းသီး
2

ဖြေကြားချက် ၂ ခု

22,042 လွန်ခဲ့သော ၇ နှစ် က

တမာပေါပေါများများ ရနိုင်ရင်သိပ်ကောင်းတဲ့ organic pesticide ပါ ပိုးလဲပြေးပါတယ် အဓိက တော့ တမာဖန်းလိုက်ရင် ပိုးလေးတေက အစာမစားချင်တော့ တာမို့လေ သူတို့ရဲ့ fertilization စွမ်းရည်လဲရော့သွားတယ် တမာစေ့ တွေကို ပြုတ်ပြီး စစ်ယူပါ အရည်ကို အအေးခံပြီး တမာပိုးသတ်ဆေး ရည် EC အဖြစ် သုံးပြုနိုင်ပါတယ် ရရှိလာသောတမာ စစ်ဖတ်တေ ကိ အပင်ခြေမာ ပုံထားပေးရင် သိပ်ကောင်းတဲ့ ပိုးနှင်ဆေး ပါ

လွန်ခဲ့သော ၇ နှစ် က

တမာပိုးသတ်ဆေး -------------------- • ပိုးသတ်ဆေးရည်အပြင်းစားနဲ့ (၃၅)%တမာဆေးရည်ဆိုပြီးတော့ (၂)မျိုးထွက်လာပါတယ်။ ရေ (၁)ဂါလံမှာ တမာပိုးသတ်ဆေးရည် ၂.၅ အောင်စဖြစ်စေ ၄၅(သို့)၆၀စီစီဖြစ်စေ ရောစပ်ပြီး သုံးနိုင်ပါ တယ်။ ကုလားပဲသီးလုံးဖောက်ပိုး၊မြေပဲရွက်လိပ်၊ရွက်ကပ်ပိုး၊နေကြာရွက်စားပိုးနဲ့ ခူမွှေးရှည်၊ ဟင်းသီးဟင်းရွက်စိုက်ခင်းက စိန်ကွက်ဖလံ၊ရွက်စားပိုး၊ဆက်သွားကျိုင်း၊ပျ၊ဖြုတ်နဲ့ ပန်းစိုက်ခင်းက ရွက်စားပိုး၊ပင့်ကူနီတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါတယ်။ တမာရွက်ကို မီးနဲ့ပြုတ်ပြီး တမာပြုတ်ရည်ကို ရေလောင်းချိုးရင် အရေပြားယားယံတဲ့အနာတွေကို သက်သာစေပါတယ်။ • တမာပင်ဟာ သက်တမ်းရှည်နှစ်ပေါင်းရာချီတဲ့ အပင်ကြီးတွေဖြစ်ပါတယ်။ ဖေဖော်ဝါရီကနေ ဧပြီလ အထိပွင့်ပြီး ဧပြီကနေ ဇွန်လထိ အသီးသီးပါတယ်။ မေ-ဇူလိုင်လတွေမှာ အသီးရင့်ပြီး သြဂုတ်လမှာ အသီးတွေကောက်ယူနိုင်မှာဖြစ်ပါတယ်။ တမာစေ့အစိုတစ်တင်းမှာ အလေးချိန်(၁၂)ပိဿာခွဲရှိပါတယ်။ နို့ဆီဗူး(၁)ဗူးမှာတမာစေ့ (၆၀၀)၊တစ်ပြည်မှာတမာစေ့ (၄၈၀၀)၊ တစ်တင်းမှာ တမာစေ့ (၇၆၈၀၀) ပါရှိပါတယ်။ တမာစေ့အခြောက်တစ်တင်းမှာ (၁၀)ပိဿာရှိပါတယ်။ တမာဆီ၊ တမာကြိတ်ဖတ်၊ တမာ ပိုးသတ်ဆေးတွေကို ဘက်စုံပိုးမွှားနှိမ်နင်းရေးအတွက် သုံးသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။