ဖြေကြားချက် ၆ ခု
နောက် တံဆာ ပြ ပါတယ်
နွားတွေကို ကြိုးနဲ့အမြဲချည်ထားပြီးမွေးလျှင် သူတို့ရဲ့ သဘာဝအရဖြစ်သည့် မြိုင်လက္ခဏာတွေအကုန်မြင်ဖို့ မလွယ်ပါဘူး။ ကြိုးမချည်ဘဲ လွှတ်မွေးထားရင် မြိုင်လက္ခဏာတွေအကုန်မြင်လွယ်ပါတယ်။ ဒါက လွှတ်မွေးခြင်းရဲ့အားသာချက်ပါ။
နွားတွေအများကြီးလွှတ်မွေးထားတဲ့ခြံတွေမှာဆိုရင် #အခြားနွားတွေကို လိုက်ကျော်ခွနေ/ အခြားနွားတွေအနားလိုက်ကပ်နေတဲ့ နွားကမြိုင်လာနိုင်သည့် အလားအလာရှိပါတယ်။ တက်ခွတာကိုလက်ခံသည့် အဆင့်မရောက်ခင် သူက အငြိမ်မနေဘဲ တခြားနွားတွေကိုလိုက်ကပ်နေတဲ့ အဆင့်ဖြစ်နိုင်သည့်အတွက် စောင့်ကြည့်သင့်ပါတယ်။ # ဒါပေမယ့် တက်ခွနေတဲ့နွားနဲ့ တက်ခွတာကို ငြိမ်ခံနေတဲ့နွား ဆိုတဲ့ ၂ကောင်ကိုမြင်ရင်တော့ ငြိမ်ခံနေတဲ့နွားကသာ မြိုင်လာနေတာဖြစ်ပါတယ်။ မြိုင်မလာတဲ့နွားက တခြားနွားက တက်ခွနေတာကို လက်မခံပါဘူး။ ရှောင်ထွက်သွားပါတယ်။
ဒုတိယမြိုင်လက္ခာများသည် တခါတရံ မြိုင်မလာသေးခင် ပြနိုင်သလို မြိုင်ပြီးသွားသည့်နောက်လည်းပြနိုင်ပါသည်။ အော်တာ အငြိမ်မနေတာစသည်တို့ကို မိမိမြင်လိုက်သည့်အချိန်သည် မြိုင်ပြီးနောက်ပြတာမျိုးဖြစ်နေလျှင် မြင်သည့်ထိုအချိန်နောက်မှ သားစပ်လျှင် မျိုးမအောင်နိုင်တာမျိုးလည်းဖြစ်နိုင်သည်။ ဒါကြောင့် အဓိကထားကြည့်ရမည့် လက္ခာကို ပထမမြိုင်လက္ခာဏာလို့ခေါ်တာပါ။ #အော်နေတဲ့နွားမ ဂဏာမငြိမ်တဲ့နွားမကိုမြင်လျှင် မြိုင်လာနေပြီပဲဆိုပြီး မထားဘဲ ကျော်ခွတာကိုငြိမ်ခံနေတဲ့အချိန်ကိုပါ သတိထားစောင့်ကြည့်ပေးပါ။
မြိုင်လက္ခဏာနဲ့ပတ်သက်ပြီး (၁) ပထမမြိုင်လက္ခဏာ နဲ့ (၂) ဒုတိယမြိုင်လက္ခဏာဆိုပြီး ၂ မျိုးခွဲပါတယ်။ (၁) ပထမမြိုင်လက္ခဏာ - #တခြားနွားများကို ကျော်ခွရန် အခြားနွားအနီးတွင် ရပ်ဆိုင်းနေခြင်း #မြိုင်လာမှုပြင်းထန်လျှင် အမြီးဝန်းကျင်တွင် အချွဲများပေကျန်နေခြင်း ##ပထမမြိုင်လက္ခဏာများအနက် အဓိကထားကြည့်ရမယ့်လက္ခဏာ မှာ- မြိုင်လာနေသည့် နွားမသည် အခြားနွားများက ကျော်ခွလာခြင်း ကျော်ခွနေခြင်းကို လက်ခံသည့်အချိန်ပင်ဖြစ်သည်။ ကျော်ခွတာကိုငြိမ်ပြီးလက်ခံနေတာကိုမြင်လျှင် ထိုနွားမသည်မြိုင်လာနေတာသေချာပါသည်။ ထိုအချိန်ကိုသိလျှင် သားစပ်ရမည့်အချိန်ကို အနီးစပ်ဆုံး မှန်ကန်စွာတွက်ချက်နိုင်မည်။ (၂)ဒုတိယမြိုင်လက္ခဏာ- #အခြားနွားများကို ကျော်ခွခြင်း #ဂဏာမငြိမ်ဖြစ်ခြင်း/အော်ခြင်း #အကြည်ရောင်အချွဲကျခြင်း #တန်ဆာနီခြင်း/ကြီးခြင်း #အမြီးဝန်းကျင်တွင် အချွဲများခြောက်နေခြင်း #နို့ထွက်နှုန်းနည်းခြင်း #အခြားနွားများကျော်ခွထားပြီးသည့်အမှတ်အသားများတွေ့ခြင်း
အော်တာတမျိုး ဟို တက်ခွ ဒီတက်ခွပြုတတ်တာတမျိုး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘရာမန်အသားတိုးနွားမွေးချင်လို့ဘယ်မှာဝယ်လို့ရပါသလည်း
ဖြေကြားချက် 4 ခု
ဒေသနွားမ တွေက သားကျပြီးဘယ်နှ စ်လအကြာမှာ ပြန်ပြီးသားတောင်းတတ်လဲခင်ဗျ ဘယ်နှစ်ခါခြားပြီး ဘယ်နှစ်ကြိမ်လောက် တောင်း...
ဖြေကြားချက် 5 ခု
နို့စားနွားခြံတွင်နွားမကြီး၆၅%ခန့်သည်နို့ပေးနွားမဖြစ်ပြီးပျမ်းမျှ၁၆လီတာခန့်ထွက်ပါသည်concentrate,pellet form ,s...
ဖြေကြားချက် 1 ခု
နွားစားနွားများ ခွေးလျားပင်နွယ်စားပါက ဘယ်လိုအကျိုးကျေးဇူးရသလဲဆိုတာ သိလိုပါတယ်ခင်ဗျ
ဖြေကြားချက် 0 ခု
နွားအစာတွတ် ဘီယာဖက် တစ်တန်လောက် ဝယ်ယူနိုင်မည့်နေရာဖော်ပြပေးပါခင်ဗျာ
ဖြေကြားချက် 2 ခု