အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · ကန်ကြီးထောင့်

ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ

သားပေါက်ပြုစုခြင်း ငါးသားဖောက်နည်း

ဖြေကြားချက် ၁ ခု

30,902 လွန်ခဲ့သော ၁ နှစ် က

ငါးမြစ်ချင်းငါးမျိုးစိတ် သားဖောက်လုပ်ငန်းတွင် ဆေးထိုးသားဖောက်မည့် စခန်းနှင့် ပုဂ္ဂလိကလုပ် ငန်းရှင်များသည် သက်တမ်း(၂)နှစ်ပြည့်သော မျိုးငါးများကို စိတ်ကြိုက်ရွေးချယ်ပြီး သားဖောက်ခြင်းလုပ် ငန်းကို ဆောင်ရွက်ကြသည့်အပြင် အချို့သော စခန်းနှင့်ပုဂ္ဂလိကများသည် မျိုးကောင်း၊ မျိုးသန့်ငါးမြစ်ချင်း များကို ရွေးချယ်သားဖောက်ကြပါသည်။ မြန်မာနိုင်ငံတွင် ငါးမြစ်ချင်း မျိုးစိတ်သားဖောက်သော ရာသီမှာ ဧပြီ လမှ စက်တင်ဘာလအထိ ဖြစ်ပါသည်။ ငါးမြစ်ချင်း သားဖောက်ရန်အကောင်းဆုံး အပူချိန်မှာ 22 °C မှ 31 °C ဖြစ်ပါသည်။ လက်ရှိဆေးထိုးသားဖောက်လုပ်ငန်းတွင် မျိုးအောင်သော ငါးမများသည် ဥချစဉ်တွင် ၂၀၀၀၀၀ မှ၃၀၀၀၀၀ အထိ ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ငါးမှုန်မှ ငါးသန်အဆင့်အထိ ငါးသားပေါက်ရရှိနှုန်းမှာ ၃၀မှ ၅၀ရာခိုင်နှုန်းအဆင့်သာ အကောင်းဆုံး‌တွေ့ရှိရပါသည်။ ဆေးထိုးသားဖောက်လုပ်ငန်းမှ ဥချပြီး အကောင်းပေါက်စ (ငါးမှုန်)ဘဝတွင် (၃)ရက်ကြာချိန်တွင် မြေကန်သို့ပြောင်းရွှေ့ပြီး ငါးမှုန်ပြုစုကြပါသည်။ အဆိုပါငါးမှုန်ပြုစုကန်တွင် ၁၅ရက်မှ ၂၀ရက်အထိကြာ ချိန်တွင် ငါးသားပေါက် (ငါးသန်)အရွယ် ရောက်ရှိလာပါသည်။ အဆိုပါအရွယ်တွင် အစာကိုကောင်းစွာ စားနိုင်သောအရွယ်ဖြစ်သောကြောင့် အဟာရပြည့်ဝသော အစာများကို ကျွေးရန် လိုအပ်ပါသည်။ အဆိုပါ အရွယ်တွင် အစာကောင်းမွန်ပါက ရက် ၆၀ မှ ရက် ၉၀ အတွင်း ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်သော ငါးဖျန်းများ ရရှိလာပါသည်။ အဆိုပါ ငါးဖျန်းများကို အသားတိုးကန်အတွင်း ပြောင်းရွှေ့မွေးမြူကြပါသည်။ အသားတိုး ကန်အတွင်းတွင် (၁၀)လမှ (၁၂)လအကြာမွေးမြူပြီး စျေးကွက်သို့ တင်ပို့‌ရောင်းချနေကြသည်ကို တွေ့ရှိရပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။