အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
397
လွန်ခဲ့သော ၁ နှစ် က · သင်္ဃန်းကျွန်း

ငါးကိုရော ဖိုက်ဘာတိုင်ကီနဲ့မွေးလို့ရလားဗျ ငါးပြေမ မွေးချင်လို့ပါဖိုက်ဘာတိုင်ကီက ရှိထားလို့ပါ အရင်က ရေကန်လုပ်...

ငါးကိုရော ဖိုက်ဘာတိုင်ကီနဲ့မွေးလို့ရလားဗျ ငါးပြေမ မွေးချင်လို့ပါဖိုက်ဘာတိုင်ကီက ရှိထားလို့ပါ အရင်က ရေကန်လုပ်တဲ့ဟာ လေးထောင့်ကန်ပေါ့ အခုကျ မသုံးတော့ ပိုနေလို့ မိုးကာနဲ့ကန်မလုပ်ပဲ အဲ့ထဲထည့်မွေးချင်လို့ပါ အလျား ၃ ပေခွဲ အနံ ၃ ပေခွဲ အမြင့် ၂ ပေခွဲ ကန် ၃လုံးရှိပါတယ် ငါးအကောင်ရေ ဘယ်လောက်ထည့်သင့်သလည်းဗျ

မွေးမြူနည်း ငါးမွေးမြူနည်း

ဖြေကြားချက် ၁ ခု

30,900 လွန်ခဲ့သော ၁ နှစ် က

ငါးပြေမကို အိမ်မှာရှိတဲ့ တိုင်ကီ၊ ကန်၊ အိုင်မှာ မွေးထားလို့ရပါတယ်။ အခြားငါးတွေနဲ့ မတူတာက ငါးပြေမဟာ ရေချဉ်ဖန်နှုန်းနဲ့ အရေအပူချိန် အပြောင်းအလဲဒဏ်ကို ခံနိုင်ပါတယ်။ မြစ်ချောင်း၊ အင်းအိုင်တွေနဲ့ နီးစရာမလိုဘဲ အိမ်မှာရှိတဲ့ ရေနဲ့ မွေးလို့ရပါတယ်။ ငါးပြေမမွေးမယ်ဆိုရင်တော့ အလယ်အလတ် ကန်အရွယ်အစားကတော့ အလျား ပေ ၃၀ နဲ့ အနံ ၁၅ ပေရှိပြီး အနက် ၅ ပေ သို့မဟုတ် ၆ ပေလောက်ရှိရင်ရပါပြီ။ ဒါပေမယ့် ငါးပြေမမွေးမယ်ဆိုရင်တော့ သတိထားရမယ့် အချက်တွေရှိပါတယ်။ အဲဒါကတော့ ဥမှပေါက်ခါစ ငါးမှုန် ငါးသန် အဆင့်တွင် အချင်းချင်း ပြန်စားတတ်တဲ့ အလေ့ရှိတဲ့အတွက်ကြောင့် ဒါကို ဂရုစိုက်ဖို့လိုပါတယ်။ ကောင်းတာကတော့ အသက် အရွယ်အစားတူညီတဲ့ မျိုးငါးကို ရွေးချယ်၍ ပြိုင်တူထည့်ခြင်းဖြင့် ဒါကို ရှောင်နိုင်ပါတယ်။ ငါးပြေမမွေးဖို့အတွက် အကောင်းဆုံး ရေချဉ်ဖန်နှုန်းဟာ ၇ ဝန်းကျင်ရှိတာ ကောင်းပါတယ်။ အဲ့ထက် မြင့်နေရင်တော့ ရှောက် သံပုရာရည်ထည့်ပေးခြင်းဖြင့် နိမ့်ပေးနိုင်ပါတယ်။ တကယ်လို့ ရေချဉ်ဖန်နှုန်း အရမ်းနိမ့်နေရင်တော့ မုန့်ဖုတ်ဆိုဒါထည့်ပေးနိုင်ပါတယ်။ ငါးပြေမ မွေးလို့ရတဲ့ အရေအတွက်ကတော့ အကောင်းဆုံးက ရေ ၁၀၀၀ ဂါလံမှာ ငါးမှုန် ငါးသန် အကောင်ရေ ၂၅၀၀ ထက် မပိုဖို့ လိုပါတယ်။ အစာကျွေးရာမှာလည်း အရွယ်ရောက်တဲ့ ငါးပြေမ ငါးတွေကို ပရိုတင်း ၅၀ ရာခိုင်နှုန်းနဲ့ အဆီဓါတ် ၂၀ ရာခိုင်နှုန်းပါတဲ့ အစာတောင့်တွေကို ကျွေးပေးနိုင်ရင် ပိုကောင်း ပါတယ်။ သက်တမ်းအနေနဲ့ ကြည့်မယ်ဆိုရင် ငါးပြေမတစ်ကောင်ဟာ သက်တမ်း ၁၀ နှစ်မှ ၁၁ နှစ်အထိ ရှိပါ တယ်။ ဒါပေမယ့် ဥ သို့မဟုတ် ငါးမှုန် ငါးသန်အဆင့်ကနေ ၁၂ လမှ ၁၅ လအတွင်း မွေးမြူနိုင်ပါတယ်။ ငါး ပြေမတစ်ကောင်ဟာ ၃ နှစ်အရွယ်အထိ ဥ ဥ နိုင်တဲ့အနေအထား မဖြစ်သေးပါဘူး။ ဒါကြောင့် ငါးပြေမမွေးမယ်ဆိုရင် သဘာဝမှာရှိတဲ့ ဥတွေကို ယူပြီး အိမ်မှာ အကောက်ဖောက်လို့ရပါတယ်။ ဥကနေ အကောင်ဖောက်မယ့် အကောင်းဆုံး ရေအပူချိန်ဟာ ၄၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိ...

ဖြေကြားချက် 0 ခု

ငါးပြေမ နွေပိုင်းမွေးရင် မွေးလိုအဆင်ပြေကြလာ ရောဂါကျပီး အသေပျောက်များလာ သိချင်လိုပါ သိတဲ့ ဆရာများကူညီပီးဖြေပေး...

ဖြေကြားချက် 2 ခု

တာလပတ်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ငါးပြေမ ငါးခူမွေးပုံမွေးနည်းအဆင့်ဆင့်ကို သိချင်လို့ပါဗျ

ဖြေကြားချက် 1 ခု

ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ

ဖြေကြားချက် 1 ခု

ငါးကန် ၄_၅ ဧက ငှားပြီး အလုပ်လုပ်ကြည့်ချင်ပါတယ် ။ ဘယ်ငါးတွေ မွေးရင် အခုစျေးကွက်၀င်ပြီး အရှုံးနည်းပါသလဲ ခင်ဗျ ။...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။